တစ်လအတွင်းမှာ တင်ပါးလေးကို လုံးဝန်းကျစ်လစ်သွားစေမယ့် လေ့ကျင့်ခန်း (၅) မျိုး
ပျိုမေတို့ တင်ပါးလေးတွေ လှဖို့ ထိုင်ထလေ့ကျင့်ခန်းတစ်မျိုးပဲ လုပ်လို့ရတယ်လို့ မထင်ပါနဲ့နော်။ ထိုင်ထလုပ်ရတာ မကြိုက်တဲ့သူလေး
တွေအတွက် တင်ပါးလေးတွေ လုံးဝန်းကျစ်လစ်လှပဖို့ လေ့ကျင့်ခန်းလွယ်လွယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် ….
လေ့ကျင့်ခန်း (၁)
ပုံထဲကလို လက်ဝါး၊ ဒူးနဲ့ ခြေဖမိုးတွေ ကြမ်းပြင်မှာ ထိထားတဲ့ပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို ဘေးဘက်ကို ဆန့်တန်းလိုက်ပြီး နဂို
ပုံစံအတိုင်းနေပါ။ အဲ့ဒါကို ခြေထောက်တစ်ဖက်ကို (၁၀)ခေါက်စီ လုပ်ပေးရုံနဲ့ တင်ပါးဘေးဘက်မှာ ချိုင့်နေတဲ့နေရာတွေမှာ အသားပြည့်လာမှာပဲ ဖြစ်ပါတယ် ။
လေ့ကျင့်ခန်း (၂)
ကြမ်းပြင်ပေါ်မှာ လက်ဝါးနှစ်ဖက်နဲ့ ခြေဖျားနှစ်ဖက်ကို ထောက်ထားပြီး ခန္ဓာကိုယ်က လေးကိုင်းပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို အနောက်ဘက် မြှှောက်နိုင်သလောက်မြှောက်ပေးပြီး နဂိုပုံစံအတိုင်းပြန်နေပေးပါဘယ်ညာ တလှည့်စီ (၁၀) ခေါက်စီ လုပ်ပေးမယ်
ဆိုရင် တင်သားလေးတွေ အနောက်ဘက်ကို လုံးဝန်းလာပါလိမ့်မယ် ။
လေ့ကျင့်ခန်း (၃)
လက်တစ်ဖက်ကို ကွေးပြီး တံတောင်ဆစ်တွေနဲ့ကြမ်းပြင်မှာ ထောက်ထားပြီး နောက်လက်တစ်ဖက်ကိုတော့ ကြမ်းပေါ်မှာလက်ဝါးနဲ့ ထောက်ထားပေးပါ။ ဒူးတစ်ဖက်က ကြမ်းပေါ်ထောက်ထားပြီး နောက်ခြေထောက်တစ်ဖက်ကို အနောက်ကိုဆန့်တန်းထားပါ။ ဆန့်ထားတဲ့ခြေထောက်ကို အရှေ့ဘက်ပြန်ကွေးပေးပြီး အနောက်ကိုပြန်ဆန့်ပေးရမှာပါဖ အဲ့ဒါကို ခြေထောက်တစ်ဖက် (၁၀) ခေါက်စီ ပြုလုပ်ပေးပါ ။
လေ့ကျင့်ခန်း (၄)
လက်နှစ်ဖက်မှာ အလေးတုံးနှစ်တုံးကို ကိုင်ပြီး မတ်မတ်ရပ်ပါ။ (အလေးတုံးအစား ရေသန့်ဗူးအသေးလေးတွေကို ကိုင်လို့လည်း ရပါတယ်။) ခြေထောက်တစ်ဖက်ကို အနောက်ဘက် လှမ်းလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ဝက်ထိုင်ချလိုက်ပါ။ ပြီးရင် နဂိုအတိုင်း မတ်မတ်ပြန်ရပ်ပါ။ ဒါကိုလည်း ခြေထောက်တစ်ဖက် (၁၀) ခေါက်စီ လုပ်ပေးပါ ။
လေ့ကျင့်ခန်း (၅)
ခုံပုလေးတစ်လုံးမှာ လက်နဲ့နောက်ပြန်ထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း နေပါ။ တင်ပါးဆုံပိုင်းနေရာကို အပေါ်ဘက်မြှင့်နိုင်သလောက်မြှင့်တင်ပေးပြီး နဂိုအတိုင်းပြန်နေပါ။ အဲ့ဒါကို (၁၅) ခေါက် ပြုလုပ်ပေးပါ ။
MAY THAZINHTOO
#Credit
Unicode
တစ်လအတွင်းမှာ တင်ပါးလေးကို လုံးဝန်းကျစ်လစ်သွားစေမယ့် လေ့ကျင့်ခန်း (၅) မျိုး
ပျိုမေတို့ တင်ပါးလေးတွေ လှဖို့ ထိုင်ထလေ့ကျင့်ခန်းတစ်မျိုးပဲ လုပ်လို့ရတယ်လို့ မထင်ပါနဲ့နော်။ ထိုင်ထလုပ်ရတာ မကြိုက်တဲ့သူလေးတွေအတွက် တင်ပါးလေးတွေ လုံးဝန်းကျစ်လစ်လှပဖို့ လေ့ကျင့်ခန်းလွယ်လွယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် ….
လေ့ကျင့်ခန််း (၁)
ပုံထဲကလို လက်ဝါး၊ ဒူးနဲ့ ခြေဖမိုးတွေ ကြမ်းပြင်မှာ ထိထားတဲ့ပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို ဘေးဘက်ကို ဆန့်တန်းလိုက်ပြီး နဂိုပုံစံအတိုင်းနေပါ။ အဲ့ဒါကို ခြေထောက်တစ်ဖက်ကို (၁၀)ခေါက်စီ လုပ်ပေးရုံနဲ့ တင်ပါးဘေးဘက်မှာ ချိုင့်နေတဲ့နေရာတွေမှာ အသားပြည့်လာမှာပဲ ဖြစ်ပါတယ် ။
လေ့ကျင့်ခန်း (၂)
ကြမ်းပြင်ပေါ်မှာ လက်ဝါးနှစ်ဖက်နဲ့ ခြေဖျားနှစ်ဖက်ကို ထောက်ထားပြီး ခန္ဓာကိုယ်က လေးကိုင်းပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို အနောက်ဘက် မြှှောက်နိုင်သလောက်မြှောက်ပေးပြီး နဂိုပုံစံအတိုင်းပြန်နေပေးပါဘယ်ညာ တလှည့်စီ (၁၀) ခေါက်စီ လုပ်ပေးမယ်ဆိုရင် တင်သားလေးတွေ အနောက်ဘက််ကို လုံးဝန်းလာပါလိမ့်မယ် ။
လေ့ကျင့်ခန်း (၃)
လက်တစ်ဖက်ကို ကွေးပြီး တံတောင်ဆစ်တွေနဲ့ကြမ်းပြင်မှာ ထောက်ထားပြီး နောက်လက်တစ်ဖက်ကိုတော့ ကြမ်းပေါ်မှာလက်ဝါးနဲ့ ထောက်ထားပေးပါ။ ဒူးတစ်ဖက်က ကြမ်းပေါ်ထောက်ထားပြီး နောက်ခြေထောက်တစ်ဖက်ကို အနောက်ကိုဆန့်တန်းထားပါ။ ဆန့်ထားတဲ့ခြေထောက်ကို အရှေ့ဘက်ပြန်ကွေးပေးပြီး အနောက်ကိုပြန်ဆန့်ပေးရမှာပါဖ အဲ့ဒါကို ခြေထောက်တစ်ဖက် (၁၀) ခေါက်စီ ပြုလုပ်ပေးပါ ။
လေ့ကျင့်ခန်း (၄)
လက်နှစ်ဖက်မှာ အလေးတုံးနှစ်တုံးကို ကိုင်ပြီး မတ်မတ်ရပ်ပါ။ (အလေးတုံးအစား ရေသန့်ဗူးအသေးလေးတွေကို ကိုင်လို့လည်း ရပါတယ်။) ခြေထောက်တစ်ဖက်ကို အနောက်ဘက် လှမ်းလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ဝက်ထိုင်ချလိုက်ပါ။ ပြီးရင် နဂိုအတိုင်း မတ်မတ်ပြန်ရပ်ပါ။ ဒါကိုလည်း ခြေထောက်တစ်ဖက် (၁၀) ခေါက်စီ လုပ်ပေးပါ ။
လေ့ကျင့်ခန်း (5)
ခုံပုလေးတစ်လုံးမှာ လက်နဲ့နောက်ပြန်ထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း နေပါ။ တင်ပါးဆုံပိုင်းနေရာကို အပေါ်ဘက်မြှင့်နိုင်သလောက်မြှင့်တင်ပေးပြီး နဂိုအတိုင်းပြန်နေပါ။ အဲ့ဒါကို (၁၅) ခေါက် ပြုလုပ်ပေးပါ ။
အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်ပတ်မှာ သုံးရက် ပုံမှန်လုပ်ပေးသွားမယ်ဆို တစ်လအတွင်း တင်ပါးလေးတွေ လုံးဝန်း ကျစ်လစ် လာပါလိမ့်မယ်နော် …။ ။
MAY THAZINHTOO