ၾကားသိရသမွ်

သူမရဲ့ မိဘႏွစ္ပါးသည္ ဘယ္ေသာအခါမွ ျပည္သူေတြလႉဒါန္းထားတဲ့ေငြကို အလြဲသုံးစားလုပ္မယ့္သူေတြမဟုတ္ေၾကာင္း အသက္နဲ႔ရင္းၿပီးသစၥာဆိုလိုက္တဲ့ ဦးေက်ာ္သူရဲ့ သမီး

သ႐ုပ္ေဆာင္ ေက်ာ္သူနဲ႔ သူ႔ရဲ့ ဇနီးျဖစ္သူအား နာေရးကူညီမႈအသင္းတြင္ လႉဒါန္းထားေသာ အလႉေငြမ်ားအား အလြဲသုံးစားမႈျဖင့္ စြပ္စြဲခံေနရတာပဲ ျဖစ္ပါတယ္။

အႏုပညာရွင္မ်ားနဲ႔ သူတို႔ႏွစ္ဦးရဲ့ စိတ္ရင္းကို သိၾကေသာသူမ်ားကလည္း ဦးေက်ာ္သူတို႔ဘက္မွ ယုံၾကည္ၾကေၾကာင္း ရပ္တည္ေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။

ဦးေက်ာ္သူရဲ့ သမီးကလည္း သူမရဲ့မိဘႏွစ္ပါးစလုံး ျပည္သူေတြလႉဒါန္းထားေသာအလႉေငြမ်ားအား အလြဲသုံးစားလုပ္မည့္သူမ်ားမဟုတ္ေၾကာင္း

အသက္နဲ႔ရင္းၿပီးသစၥာဆိုထားတာကို လူမႈကြန္ယက္စာမ်က္ႏွာတြင္ အခုလိုေရးသားထားတာပဲ ျဖစ္ပါတယ္။

” ကၽြန္မ၏ မိဘမ်ားျဖစ္သည့္ ဦးေက်ာ္သူ ႏွင့္ ေဒၚျမင့္ျမင့္ခင္ေဖ (ေခၚ) ေဒၚေရႊဇီးကြက္သည္ျပည္သူလူထုမွယုံၾကည္စြာလႉဒါန္းထားေသာေငြႏွင့္ ဝတၳဳပစၥည္းတို႔ကို
ဘယ္တုန္းကမွကိုယ္ေရးကိုယ္တာ ကိုယ္က်ိဳးအတြက္ ေငြတစ္ျပားတစ္က်ပ္ကိုမွ အလြဲသုံးစား မလုပ္ဖူးပါ။

နာေရးကူညီမႈအသင္း (ရန္ကုန္) ကို ဘဘဦးသုခတို႔ႏွင့္အတူ၂၀၀၁ခုႏွစ္တြင္ စတင္တည္ေထာင္တုန္းကလည္း စတင္မတည္ေငြအျဖစ္ မိမိ မိဘမ်ားမွ ေငြဒါနျပဳခဲ့သည္။
နာ/ကူအသင္း သက္တမ္းတစ္ေလၽွာက္လုံးတြင္လည္း မိမိ မိဘမ်ားမွ လူအား၊အခ်ိန္အား၊ေငြအားစိုက္ကာ ေငြတစ္ျပားတစ္က်ပ္မွမယူဘဲ စစ္မွန္‌ေသာပရဟိတ စိတ္ျဖင့္သာျပည္သူမ်ားအေပၚတြင္ အလုပ္အေကၽြးျပဳေနျခင္းသာ ျဖစ္ပါသည္။

မိမိရဲ့ မိဘမ်ားသည္ သူတပါး၏ ပစၥည္းဥစၥာကို အဘယ္ေသာ္အခါကမွ အဓမၼျဖင့္ လိမ္ညာအျမတ္ထုတ္ခ်င္း မလုပ္ခဲ့ဖူးပါ။ အထက္ပါအခ်က္မ်ားကို မိမိအသက္ျဖင့္ သစၥာဆိုရဲသည္။

မအလ အေပါင္းအပါႏွင့္ ၿပိတၱာမ်ား၊မိသားစုဝင္မ်ား၊ ယခု ကၽြန္မ၏ေဖေဖနဲ႔ေမေမကို ဖမ္းဖို႔ ပုဒ္မေတြထုတ္ထားတဲ့ မိစၧာေကာင္မ်ား ကၽြန္မကဲ့သို႔ အမွန္အကန္သစၥာဆိုရဲပါသလား။”
ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

crd

Unicode

သရုပ်ဆောင် ကျော်သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူအား နာရေးကူညီမှုအသင်းတွင် လှူဒါန်းထားသော အလှူငွေများအား အလွဲသုံးစားမှုဖြင့် စွပ်စွဲခံနေရတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်များနဲ့ သူတို့နှစ်ဦးရဲ့ စိတ်ရင်းကို သိကြသောသူများကလည်း ဦးကျော်သူတို့ဘက်မှ ယုံကြည်ကြကြောင်း ရပ်တည်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

ဦးကျော်သူရဲ့ သမီးကလည်း သူမရဲ့မိဘနှစ်ပါးစလုံး ပြည်သူတွေလှူဒါန်းထားသောအလှူငွေများအား အလွဲသုံးစားလုပ်မည့်သူများမဟုတ်ကြောင်း

အသက်နဲ့ရင်းပြီးသစ္စာဆိုထားတာကို လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုရေးသားထားတာပဲ ဖြစ်ပါတယ်။

” ကျွန်မ၏ မိဘများဖြစ်သည့် ဦးကျော်သူ နှင့် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်သည်ပြည်သူလူထုမှယုံကြည်စွာလှူဒါန်းထားသောငွေနှင့် ဝတ္ထုပစ္စည်းတို့ကို
ဘယ်တုန်းကမှကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတစ်ပြားတစ်ကျပ်ကိုမှ အလွဲသုံးစား မလုပ်ဖူးပါ။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဘဘဦးသုခတို့နှင့်အတူ၂၀၀၁ခုနှစ်တွင် စတင်တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။
နာ/ကူအသင်း သက်တမ်းတစ်လျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှမယူဘဲ စစ်မှန်‌သောပရဟိတ စိတ်ဖြင့်သာပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။

မိမိရဲ့ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော်အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်။

မအလ အပေါင်းအပါနှင့် ပြိတ္တာများ၊မိသားစုဝင်များ၊ ယခု ကျွန်မ၏ဖေဖေနဲ့မေမေကို ဖမ်းဖို့ ပုဒ်မတွေထုတ်ထားတဲ့ မိစ္ဆာကောင်များ ကျွန်မကဲ့သို့ အမှန်အကန်သစ္စာဆိုရဲပါသလား။”
ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

crd