ၾကားသိရသမွ်

ဆရာ၊ဆရာမများက နိုင်ငံ့ဝန်ထမ်းတွေဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိကြပါလို့ ဆိုပြန်

ဆရာ၊ဆရာမများက နိုင်ငံ့ဝန်ထမ်းတွေဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိကြပါလို့ ပညာရေးဝန်ကြီးပြော

ဆရာ၊ဆရာမတွေဟာ နိုင်ငံဝန်ထမ်းတွေဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိကြပါလို့ ပညာရေးဝန်ကြီး ဒေါက်တာညွှန့်ဖေက အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တတိယနေ့မှာ ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဆရာ ဆရာမတွေဟာနိုင်ငံ့ဝန်ထမ်းများဖြစ်တာကြောင့် နိုင်ငံအပေါ်သစ္စာရှိဖို့လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်းပါမောက္ခချုပ်၊ဒုတိယ ပါမောက္ခချုပ်၊

ပါမောက္ခများ စသဖြင့် အပြန်အလှန် လေးစားတန်ဖိုးထားပြီး ဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြစေလိုပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဆရာ၊ဆရာမများရဲ့ စားရေးနဲ့နေရေး အဆင်ပြေစေဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပါမောက္ခချုပ်များ ညှိနှိုင်းကာ ပံ့ပိုးဖြည့်ဆည်းပေးမှာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

“ဆရာမဆောင်တွေမှာ ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊ မီးမပျက်ရေး၊ ခြံစည်းရိုး ပြည့်စုံရေးနဲ့ အခန်းတိုင်းမှာထိုက်တန်တဲ့အိပ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ မီးဖိုချောင်တွေ ထည့်သွင်းဖွဲ့စည်းပေးမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် စစ်ကောင်စီဥက္ကဌရဲ့ လမ်းညွှန်ချက်နဲ့အညီ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များကို Class A, Class B နဲ့ Class C အုပ်စုခွဲ သတ်မှတ်ကာ တိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခုလျှင်အနည်းဆုံး တက္ကသိုလ်တစ်ခုမှာ PHD သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဆိုပါ အစည်းအဝေးက သိရပါတယ်။

Zawgyi Font

ဆရာ၊ဆရာမများက နိုင်ငံ့ဝန်ထမ်းတွေဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိကြပါလို့ ပညာရေးဝန်ကြီးပြော

ဆရာ၊ဆရာမတွေဟာ နိုင်ငံဝန်ထမ်းတွေဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိကြပါလို့ ပညာရေးဝန်ကြီး ဒေါက်တာညွှန့်ဖေက အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တတိယနေ့မှာ

ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။“ဆရာ ဆရာမတွေဟာ နိုင်ငံ့ဝန်ထမ်းများဖြစ်တာကြောင့် နိုင်ငံအပေါ် သစ္စာရှိဖို့လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်း

ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခများ စသဖြင့် အပြန်အလှန် လေးစားတန်ဖိုးထားပြီး ဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြစေလိုပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဆရာ၊ဆရာမများရဲ့ စားရေးနဲ့နေရေး အဆင်ပြေစေဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပါမောက္ခချုပ်များ ညှိနှိုင်းကာ ပံ့ပိုးဖြည့်ဆည်းပေးမှာ ဖြစ်တယ်လို့၎င်းကပြောပါတယ်။

“ဆရာမဆောင်တွေမှာ ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊ မီးမပျက်ရေး၊ ခြံစည်းရိုး ပြည့်စုံရေးနဲ့ အခန်းတိုင်းမှာ ထိုက်တန်တဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ မီးဖိုချောင်တွေ ထည့်သွင်းဖွဲ့စည်းပေးမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် စစ်ကောင်စီဥက္ကဌရဲ့ လမ်းညွှန်ချက်နဲ့အညီ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များကို Class A, Class B နဲ့ Class C အုပ်စုခွဲ သတ်မှတ်ကာ တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခုမှာ PHD သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဆိုပါ အစည်းအဝေးက သိရပါတယ်။

crd DM K