ဗဟုသုတ

ရေသ့ႀကီးဦးခႏၲီ႐ြတ္ဆို၍ပုတီးစိပ္ေသာဂါထာ ႏွင့္ အံ့ဖြယ္ထူးျခားခ်က္မ်ား

ရေသ့ႀကီးဦးခႏၲီ႐ြတ္ဆို၍ပုတီးစိပ္ေသာဂါထာ ႏွင့္ အံ့ဖြယ္ထူးျခားခ်က္မ်ား

အဂၤလိပ္အေရးပိုင္မင္းဟာ ရေသ့ႀကီးဦးခႏၲီကို စစ္ေဆးဖို႔အတြက္ သူ႔ရဲ႕ပုလိပ္အဖြဲ႕နဲ႔အတူေက်ာင္းကိုေရာက္လာခဲ့တယ္။ ၿပီးေတာ့ ရေသ့ႀကီးကို ေမးေလွ်ာက္တယ္။

” တပည့္ေတာ္တို႔က တာဝန္အရ လာရတာပါဘုရား။ အရွင္ဘုရားဟာ ဝင္ေငြ မရွိပဲနဲ႔ ဘုရားတည္ ေက်ာင္းေဆာက္ လုပ္ေနတာေတြဟာ အမ်ားႀကီးပါပဲ။ ဘယ္က ပိုက္ဆံေတြနဲ႔ ေဆာက္ေနတာပါလဲဘုရား ” လို႔ဆိုၿပီး ေလွ်ာက္သတဲ့။

ၿပီးေတာ့ ” အခုလည္း တန္ေဆာင္းေဆာက္ဖို႔ ဂ်ာမဏီကိုမွာၿပီး သံမဏိေဒါက္တိုင္ႀကီးေတြ ဝယ္ေနတယ္လို႔လည္း ၾကားသိရပါတယ္။ အဲ့ဒီေလာက္မ်ားတဲ့ ေငြေတြကို ဘယ္ကေနမ်ားရပါသလဲဘုရား ” တဲ့။

အဲဒီအခါ ရေသ့ႀကီးက သိခ်င္ရင္ ခဏေစာင့္ဆိုၿပီး ဘုရားခန္းထဲဝင္ကာ ( ၄၅ ) မိနစ္ေလာက္ ပုတီးစိပ္ၿပီး ျပန္ထြက္လာခဲ့တယ္။

သိပ္မၾကာခင္မွာပဲ အေရးပိုင္မင္းေရွ႕မွာတင္ လူေတြဟာ တဖြဲဖြဲေရာက္လာၾကၿပီး ေ႐ႊနားကပ္ေတြ ေ႐ႊဆြဲႀကိဳးေတြေ႐ႊလက္ေကာက္ေတြ ဝတၳဳေငြေတြလႉၾကနဲ႔ လႉလိုက္ၾကတာဟာ ေ႐ႊေတြ ေငြေတြ အပုံလိုက္ႀကီးျဖစ္သြားသတဲ့။

အဲဒီေတာ့မွ အေရးပိုင္မင္းက ” တပည့္ေတာ္သေဘာေပါက္ပါၿပီဘုရား ” ဆိုၿပီး ျပန္သြားပါသတဲ့။

ဂ်ာမဏီေတြကလည္း သူတို႔ဆီကိုတန္ေဆာင္းေဆာက္ဖို႔မွာတဲ့ ရေသ့ႀကီးဟာ အင္ဂ်င္နီယာမဟုတ္ပါပဲ သံယက္မႀကီးေတြကို အပိုအလိုမရွိတြက္ခ်က္ မွာႏိုင္တာကို လြန္စြာအံ့ၾသရပါသတဲ့။

အလြန္ေလးစားရတဲ့အတြက္ ရေသ့ႀကီးရဲ႕ ဦးေခါင္းမွာ ေဆာင္းထားတဲ့ ေဒါက္ခ်ာႀကီးကို ဂ်ာမဏီႏိုင္ငံျမဴးနစ္ၿမိဳ႕ရဲ႕ ျပတိုက္ထဲမွာ ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ ယခုထက္ထိတိုင္ အျမတ္တႏိုး သိမ္းဆည္းျပသထားတာ ေတြ႕ရႏိုင္ပါတယ္။

ဒီေနရာမွာေတာ့ ဂ်ာမနီဟာ အဂၤလိပ္ေတြထက္ အမ်ားႀကီး သာတာကို ေတြ႕ရပါတယ္။ မိတ္ေဆြတို႔အေနနဲ႔လည္း မႏၲေလးေတာင္ေပၚေရာက္ခဲ့ရင္ ရေသ့ႀကီးဦးခႏၲီ ရဲ႕ တန္ေဆာင္းကို ေလ့လာၾကည့္ပါဦး။

အဲဒီေလာက္ႀကီးမားတဲ့ သံယက္မႀကီးေတြသံတိုင္ႀကီးေတြကို အပိုအလိုမရွိ မွာႏိုင္တာရယ္၊ အဲ့ဒီ သံယက္မႀကီးေတြကို ေတာင္ေပၚကို ဘယ္လိုဆြဲတင္ခဲ့တယ္ဆိုတာကိုေတာ့ ယေန႔အထိ ဘယ္သူမွ မသိရွိႏိုင္ခဲ့ပါဘူး။ ဦးခႏၲီ မွ လြဲ၍ေပါ့။

ရေသ့ႀကီးဦးခႏၲီ႐ြတ္ဆို၍ပုတီးစိပ္ေသာဂါထာ။ ရေသ့ႀကီး ဦးခႏၲီ႐ြတ္ဆိုေသာ …

အရဟံ၊ ဗဟိ – အႏၲ – ဇယံ၊ သုဂတံ၊ အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊ စရဏံ၊ တိ – ဘဝူပ – သမံ၊ ယမကံ၊ သုခဒံ ၊ သရဏံ ၊ ပဏမာမိ ဇိနံ။ ( အနက္ကို ႐ြတ္ဆိုရန္ မလိုပါ )

အဓိပၸါယ္ သိရန္ေရးေပးတာပါ။ အထက္ပါ ဂါထာကိုသာ ႐ြတ္ဆိုပူေဇာ္ပါ။

၁။ အရဟံ= ပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၂။ ဗဟိ – အန္တ – ဇယ= အတြင္း အပ ရန္ကို ေအာင္ေတာ္မူေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၃။သုဂတံ= ေကာင္းေသာစကားကို ေဟာေျပာတတ္ေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၄။အမိတံ= မႏႈိင္းယွဥ္ႏိုင္သည့္ တန္ခိုးျပာဋိဟာoရွိေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၅။ ဝိရဇံ= ကိေလသာျမဴ ကင္းေတာ္မူေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၆။ လလိတံ= တင့္တယ္ သပၸါယ္ေတာ္မူေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၇။ အတုလံ= အတုမရွိေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၈။ စရဏံ= အက်င့္စရဏႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၉။ တိ – ဘဝူပ – သမံ= ဘုံသုံးပါး၌ ကိေလသာၿငိမ္းေအးေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၁ဝ။ ယမကံ= ေရမီး အစုံအစုံ တန္ခိုးျပာဋိဟာႏွင့္ ျပည့္စုံေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၁၁။ သုခဒံ= ခ်မ္းသာကို ေပးစြမ္းႏိုင္ေသာျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၁၂။ သရဏံ= ကိုးကြယ္အားထားရာျဖစ္ေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

၁၃။ ဇိနံ= မာရ္ငါးပါးကိုေအာင္ျမင္ေသာ ျမတ္စြာဘုရားကို ပဏမာမိ= ရွိခိုးပါ၏။

ဤဂါထာကို… မနက္ ( ၉ ) ေခါက္ ေန႔ ( ၉ ) ေခါက္ ည ( ၉ ) ေခါက္အၿမဲ ႐ြတ္ဆိုပါ။

Credit.

ရသေ့ကြီးဦးခန္တီရွတ်ဆို၍ပုတီးစိပ်သောဂါထာ နှင့် အံ့ဖွယ်ထူးခြားချက်များ

အင်္ဂလိပ်အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် သူ့ရဲ့ပုလိပ်အဖွဲ့နဲ့အတူကျောင်းကိုရောက်လာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်။

” တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား။ အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား ” လို့ဆိုပြီး လျှောက်သတဲ့။

ပြီးတော့ ” အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်။ အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရား ” တဲ့။

အဲဒီအခါ ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး ဘုရားခန်းထဲဝင်ကာ ( ၄၅ ) မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲရောက်လာကြပြီး ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေရွှေလက်ကောက်တွေ ဝတ္ထုငွေတွေလှူကြနဲ့ လှူလိုက်ကြတာဟာ ရွှေတွေ ငွေတွေ အပုံလိုက်ကြီးဖြစ်သွားသတဲ့။

အဲဒီတော့မှ အရေးပိုင်မင်းက ” တပည့်တော်သဘောပေါက်ပါပြီဘုရား ” ဆိုပြီး ပြန်သွားပါသတဲ့။

ဂျာမဏီတွေကလည်း သူတို့ဆီကိုတန်ဆောင်းဆောက်ဖို့မှာတဲ့ ရသေ့ကြီးဟာ အင်ဂျင်နီယာမဟုတ်ပါပဲ သံယက်မကြီးတွေကို အပိုအလိုမရှိတွက်ချက် မှာနိုင်တာကို လွန်စွာအံ့သြရပါသတဲ့။

အလွန်လေးစားရတဲ့အတွက် ရသေ့ကြီးရဲ့ ဦးခေါင်းမှာ ဆောင်းထားတဲ့ ဒေါက်ချာကြီးကို ဂျာမဏီနိုင်ငံမြူးနစ်မြို့ရဲ့ ပြတိုက်ထဲမှာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယခုထက်ထိတိုင် အမြတ်တနိုး သိမ်းဆည်းပြသထားတာ တွေ့ရနိုင်ပါတယ်။

ဒီနေရာမှာတော့ ဂျာမနီဟာ အင်္ဂလိပ်တွေထက် အများကြီး သာတာကို တွေ့ရပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း မန္တလေးတောင်ပေါ်ရောက်ခဲ့ရင် ရသေ့ကြီးဦးခန္တီ ရဲ့ တန်ဆောင်းကို လေ့လာကြည့်ပါဦး။

အဲဒီလောက်ကြီးမားတဲ့ သံယက်မကြီးတွေသံတိုင်ကြီးတွေကို အပိုအလိုမရှိ မှာနိုင်တာရယ်၊ အဲ့ဒီ သံယက်မကြီးတွေကို တောင်ပေါ်ကို ဘယ်လိုဆွဲတင်ခဲ့တယ်ဆိုတာကိုတော့ ယနေ့အထိ ဘယ်သူမှ မသိရှိနိုင်ခဲ့ပါဘူး။ ဦးခန္တီ မှ လွဲ၍ပေါ့။

ရသေ့ကြီးဦးခန္တီရွတ်ဆို၍ပုတီးစိပ်သောဂါထာ။ ရသေ့ကြီး ဦးခန္တီရွတ်ဆိုသော …

အရဟံ၊ ဗဟိ – အန္တ – ဇယံ၊ သုဂတံ၊ အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊ စရဏံ၊ တိ – ဘဝူပ – သမံ၊ ယမကံ၊ သုခဒံ ၊ သရဏံ ၊ ပဏမာမိ ဇိနံ။ ( အနက်ကို ရွတ်ဆိုရန် မလိုပါ )

အဓိပ္ပါယ် သိရန်ရေးပေးတာပါ။ အထက်ပါ ဂါထာကိုသာ ရွတ်ဆိုပူဇော်ပါ။

၁။ အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၂။ ဗဟိ – အန်တ – ဇယ= အတွင်း အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၃။သုဂတံ= ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၄။အမိတံ= မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာoရှိသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၅။ ဝိရဇံ= ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၆။ လလိတံ= တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၇။ အတုလံ= အတုမရှိသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၈။ စရဏံ= အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၉။ တိ – ဘဝူပ – သမံ= ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၁ဝ။ ယမကံ= ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၁၁။ သုခဒံ= ချမ်းသာကို ပေးစွမ်းနိုင်သောမြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၁၂။ သရဏံ= ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

၁၃။ ဇိနံ= မာရ်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏမာမိ= ရှိခိုးပါ၏။

ဤဂါထာကို… မနက် ( ၉ ) ခေါက် နေ့ ( ၉ ) ခေါက် ည ( ၉ ) ခေါက်အမြဲ ရွတ်ဆိုပါ။

Credit.