ကြားသိရသမျှ

နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်မှာ အသားကျနေပြီဖြစ်တဲ့ ဦးအောင်ရဲ့ ၀က်ဝံလေးများ

သူတို့မေမေလာတွေ့လို့ ပျော်နေကြတာများကွယ် ချစ်စရာကလေးတို့ရယ်….

ဦးအောင်ရဲ့ ကျန်ရှိသော ၀က်ဝံလေးတွေဖြစ်တဲ့ မမမိကောင်း၊ အငယ်လေး အုအဲ၊ သားပြာလချောင်နဲ့ ချစ်ချစ်တို့ကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင် လှူဒါန်းပြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ ဦးအောင်ရဲ့ဇနီးဖြစ်သူ က ၀က်ဝံလေးတွေကို ထပ်မံသွားရောက်ကြည့်ရှူနေတာပါ။

ဝက်ဝံလေးတွေကလည်း အခေါက်တိုင်းမှာ သခင်ကို မှတ်မိနေကြပြီး တွေ့တာနဲ့ ဖက်ကာ အနမ်းတွေလည်း ပေးကြပါသေးတယ်

မိကောင်းလေးကတော့ လက်ရှိ လှောင်အိမ်နဲ့သာဖြစ်ပြီး သူ့ကိုထားမယ့်အခန်းရဲ့ ရေကန်ဟာ ဘိလပ်မြေ ခြောက်ဖို့အနည်းငယ်လိုနေသေးလို့ဖြစ်ပါတယ်။

မိကောင်းလေးလည်း မနက်ဖြန် အခန်းကျယ်ထဲရောက်မှာပါ။ကျန်တဲ့ကလေးတွေလည်း အဆင်ပြေကြတယ်။သူတို့ မီမီ ထမင်းကျွေးတာ စားကြတယ်။ ‌အအေး၊ပေါင်မုန့်၊ဖရဲသီး၊ဝေဖာ အကုန်အားရပါးရ စားကြတာပဲလို့ မိတ်ဆွေ ဒေါ်ဝါဝါမောင်က ရေးသားလာပါတယ်။

ပရိတ်သတ်ကြီး ကြည့်ရှူနိုင်အောင်ကလေးတွေနဲ့ သူတို့မေမေ တွေ့ဆုံနှုတ်ဆက်ကြပုံလေးကိုလည်း မျှဝေပေးလိုက်ရပါတယ်

Zawgyi

နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်မှာ အသားကျနေပြီဖြစ်တဲ့ ဦးအောင်ရဲ့ ၀က်ဝံလေးများ

သူတို့မေမေလာတွေ့လို့ ပျော်နေကြတာများကွယ် ချစ်စရာကလေးတို့ရယ်….

ဦးအောင်ရဲ့ ကျန်ရှိသော ၀က်ဝံလေးတွေဖြစ်တဲ့ မမမိကောင်း၊ အငယ်လေး အုအဲ၊ သားပြာလချောင်နဲ့ ချစ်ချစ်တို့ကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင် လှူဒါန်းပြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ ဦးအောင်ရဲ့ဇနီးဖြစ်သူ က ၀က်ဝံလေးတွေကို ထပ်မံသွားရောက်ကြည့်ရှူနေတာပါ။

ဝက်ဝံလေးတွေကလည်း အခေါက်တိုင်းမှာ သခင်ကို မှတ်မိနေကြပြီး တွေ့တာနဲ့ ဖက်ကာ အနမ်းတွေလည်း ပေးကြပါသေးတယ်

မိကောင်းလေးကတော့ လက်ရှိ လှောင်အိမ်နဲ့သာဖြစ်ပြီး သူ့ကိုထားမယ့်အခန်းရဲ့ ရေကန်ဟာ ဘိလပ်မြေ ခြောက်ဖို့အနည်းငယ်လိုနေသေးလို့ဖြစ်ပါတယ်။

မိကောင်းလေးလည်း မနက်ဖြန် အခန်းကျယ်ထဲရောက်မှာပါ။ကျန်တဲ့ကလေးတွေလည်း အဆင်ပြေကြတယ်။သူတို့ မီမီ ထမင်းကျွေးတာ စားကြတယ်။ ‌အအေး၊ပေါင်မုန့်၊ဖရဲသီး၊ဝေဖာ အကုန်အားရပါးရ စားကြတာပဲလို့ မိတ်ဆွေ ဒေါ်ဝါဝါမောင်က ရေးသားလာပါတယ်။

ပရိတ်သတ်ကြီး ကြည့်ရှူနိုင်အောင်ကလေးတွေနဲ့ သူတို့မေမေ တွေ့ဆုံနှုတ်ဆက်ကြပုံလေးကိုလည်း မျှဝေပေးလိုက်ရပါတယ်

Photo Credit