အမျိုးသမီးများ အိမ်ထောင်ဖက်အဖြစ် အရက်သမားအားရွေးချယ်သင့်
၁ ။ မူးနေသည့် အချိန်များတွင် မိမိမလှသော်ငြားလည်း သူတို့အမြင် တွင် အရမ်းလှသည်ဟု ထင်မြင်နေတတ်ခြင်း
၂ ။ ည နေတိုင်း အရက်ဆိုင် တွင် အရှိများသဖြင့် ည နေစာကိုအမြဲတစ်ယောက်စာ လျှော့ချက် ရခြင်း
၃ ။ ဆေးသမား ဖဲသမား မဟုတ်သည့်အတွက် အရက်ဖိုးလေးမဆိုစ လောက်မျှသာကုန်ခြင်း
၄ ။ ကိစ္စရှိလို့ အ ရေးတကြီး လိုအပ်လျှင် အရက်ဆိုင် တွင် အလွယ် တကူ သွားရောက် ခေါ်နိုင်ခြင်း
၅ ။ အိမ် ရှင်မများအ နေဖြင့် အိမ်၏စီးပွားရေးအား ကိုယ်တိုင် ဦးစီးအုပ်ချုပ် လုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး၏ ဝင်ငွေ ထွက်ငွေကို မိမိစိတ်တိုင်းကျ စီမံခန့်ခွဲ သုံးစွဲနိုင်ခြင်း
၆ ။ ထွေလီဖောက်ပြား ဖောက်ပြန် လုပ်ဖို့မ ပြောနဲ့ မူးပြီး အိမ်ပြန်တာတောင် သူ့ဖာသာ အနိုင်နိုင် မနဲလမ်းလျှောက် ပြန်လာရခြင်း
၇ ။ သူတစ်ပါးအသက် သတ်ဖို့နေ နေသာသာ သူ့ဖာသာ အန်ဖတ်ဆို့ မ သေ အောင် မနဲဂရုစိုက်နေရခြင်း
၈ ။ တစ်ပါးသူ ပစ္စည်းခိုးဖို့ မ ပြောနဲ့ သူ့မှာပါလာတဲ့ပစ္စည်း မေ့ကျန်တာ ပျောက်ရှတာ အခိုးခံရတာ အလုခံရတာ မဖြစ်အောင် အမြဲဂရုစိုက်နေရခြင်း
၉ ။ လိမ်လည်လှည့်ဖျားပြောဆိုဖို့က တော့ဝေးသား မူးရင် ကျွဲခိုးပေါ်ဆိုတဲ့ စကားပုံလိုပဲ လုပ်ထားသမျှ အကုန် ပြန်ပြောပြ နေလို့ ရိုက်စစ်စရာ မလိုအောင် ကိုသိရခြင်း
၁၀ ။ လူ့ပတ်ဝန်းကျင်၌လည်း အရက်လေးပဲ သောက်တတ်တာပါအေ…ကျန်တာအကုန်ကောင်းတယ်ဟု ချီးမွမ်းထောပနာပြုခံရ၍ ဂုဏ်ယူနိုင်ခြင်း
ထိုထိုသောအချင်းအရာများကြောင့် အိုဘဲ့ အမျိုးသမီးတို့ ကိုယ်ယူမည့် အမျိုးသား အရက်သမားဖြစ်ဖို့ လိုအပ်၏……….!
Credit
Zawgyi
Credit