ၾကားသိရသမွ်

စစ်ကောင်စီ၏ အသစ်ပြင်ဆင်သည့် ထီဥပဒေကြမ်း ပေါက်ကြားလာ

စစ်ကောင်စီ၏ အောင်ဘာလေထီကို အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချနိုင်မည့် အီလက်ထရောနစ်ဥပဒေ အသစ်ပြင်ဆင်မည့် လျှို့ဝှက်ထီဥပဒေကြမ်းသည် ယနေ့ (သြဂုတ်၂၂ ရက်) တွင် ပေါက်ကြားလာခဲ့သည်။

အောင်ဘာလေသိန်းဆု အခွန်များ ပိုမိုတိုးတက် ကောက်ခံနိုင်စေရန်၊ ထီလက်မှတ်များ ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းနှင့် ထီဆုငွေထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ အီလက်ထရောနစ် ထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွက်ချက်များဖြင့် ဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း လျှို့ဝှက်စာတွင် ပါရှိသည်။

“အီလက်ထရောနစ်နည်းနဲ့ မရောင်းလို့ သူတို့ထီက မရောင်းရတာ မဟုတ်ဘူး။ ပြည်သူတွေက တော်လှန်ရေးအနေနဲ့ မထိုးကြလို့ မရောင်းရတာ၊ ဆုကြေးတွေ ပိုပေးလည်း ထိုးမှာ မဟုတ်ဘူး။ သူတို့ဘာသာ ဘယ်လိုပဲ ပြောင်းလည်း ပြင်ဆင်နေနေ ဘယ်လိုမှ ရောင်းရမှာမဟုတ်ဘူး” ဟု NUG ၏ စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

အောင်ဘာလေထီလုပ်ငန်း အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ၏ စီမံကိန်း၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အောင်ဘာလေထီကို လက်ကားဝယ်ရောင်းလုပ်နေသည့် ထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန်အထူးသတိပေး တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

——————–

စစ္ေကာင္စီ၏ ေအာင္ဘာေလထီကို အြန္လိုင္းမွ ျဖန႔္ျဖဴးေရာင္းခ်ႏိုင္မည့္ အီလက္ထေရာနစ္ဥပေဒ အသစ္ျပင္ဆင္မည့္ လွ်ိဳ႕ဝွက္ထီဥပေဒၾကမ္းသည္ ယေန႔ (ၾသဂုတ္၂၂ ရက္) တြင္ ေပါက္ၾကားလာခဲ့သည္။

ေအာင္ဘာေလသိန္းဆု အခြန္မ်ား ပိုမိုတိုးတက္ ေကာက္ခံႏိုင္ေစရန္၊ ထီလက္မွတ္မ်ား ထုတ္ေဝျခင္း၊ ျဖန႔္ျဖဴးျခင္း၊ ေရာင္းခ်ျခင္းႏွင့္ ထီဆုေငြထုတ္ေပးျခင္းတို႔ကို စနစ္တက် ေဆာင္႐ြက္ႏိုင္ေစရန္၊ အီလက္ထေရာနစ္ ထီစနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေစရန္ စသည့္ ရည္႐ြက္ခ်က္မ်ားျဖင့္ ဥပေဒကို ျပင္ဆင္ရျခင္းျဖစ္ေၾကာင္း လွ်ိဳ႕ဝွက္စာတြင္ ပါရွိသည္။

“အီလက္ထေရာနစ္နည္းနဲ႔ မေရာင္းလို႔ သူတို႔ထီက မေရာင္းရတာ မဟုတ္ဘူး။ ျပည္သူေတြက ေတာ္လွန္ေရးအေနနဲ႔ မထိုးၾကလို႔ မေရာင္းရတာ၊ ဆုေၾကးေတြ ပိုေပးလည္း ထိုးမွာ မဟုတ္ဘူး။ သူတို႔ဘာသာ ဘယ္လိုပဲ ေျပာင္းလည္း ျပင္ဆင္ေနေန ဘယ္လိုမွ ေရာင္းရမွာမဟုတ္ဘူး” ဟု NUG ၏ စီမံကိန္း ၊ ဘ႑ာေရး ႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာသည္။

ေအာင္ဘာေလထီလုပ္ငန္း အၿပီးတိုင္ဖ်က္သိမ္းလိုက္ေၾကာင္းကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ ၏ စီမံကိန္း၊ဘ႑ာေရး ႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာနက ၾသဂုတ္ ၂၁ ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။

ေအာင္ဘာေလထီကို လက္ကားဝယ္ေရာင္းလုပ္ေနသည့္ ထီလုပ္ငန္းရွင္ႀကီးမ်ားအေနျဖင့္ ေအာင္ဘာေလထီလက္မွတ္မ်ား ဝယ္ယူ၊ ေရာင္းခ်၊ ျဖန႔္ျဖဴးျခင္း မျပဳၾကရန္အထူးသတိေပး တားျမစ္ထားၿပီး ေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒမ်ားႏွင့္ အညီ အေရးယူေဆာင္႐ြက္သြားမည္ဟု စီမံကိန္း၊ ဘ႑ာေရး ႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာသည္။