အခ်ိဳ႕ ဆိုရွယ္မီဒီယာ influencer ေတြဟာ follower တိုးဖို႔အတြက္ဆိုရင္ ကိုယ့္အသက္အႏၲရာယ္နဲ႔နီးေနတာေတာင္ မလုပ္သင့္တဲ့ အျပဳအမူေတြလုပ္တတ္ၾကပါတယ္။
ကယ္လီဖိုးနီးယားအေျခစိုက္ ဆိုရွယ္မီဒီယာ influencer တစ္ဦးျဖစ္တဲ့ Larz GayShawnMendes ဆိုသူ အသက္(၂၁) ႏွစ္အ႐ြယ္အမ်ိဳးသားဟာ အမ်ားသုံးအိမ္သာကို
လ်ာနဲ႔ လ်က္ခဲ့တာေၾကာင့္ သူ႔ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရၿပီလို႔ သံသယရွိေနၾကေၾကာင္း elitereaders သတင္းကတဆင့္ သိခဲ့ရတာ ျဖစ္ပါတယ္။

သူဟာ Coronavirus Challenge အမည္ရွိတဲ့ TikTok challenge တစ္ခုမွာပါဝင္ခဲ့ပါတယ္။ အဲဒီဗီဒီယိုထဲမွာေတာ့ သူက အမွန္တကယ္ပဲ အမ်ားသုံးအိမ္သာကို လ်ာနဲ႔ ေျဖးညႇင္းစြာ လ်က္ေနခဲ့တာပါ။
ဒီ Challenge ဟာ အမွန္တကယ္ေတာ့ အဓိပၸါယ္မရွိတဲ့ challenge တစ္ခုသာ ျဖစ္ၿပီး ပါဝင္သူေတြဟာ အမ်ားသုံးအိမ္သာေတြကလို႔ ေဈးဝယ္ပစၥည္းအမ်ိဳးမ်ိဳးအထိ အသုံးအေဆာင္အမ်ိဳးမ်ိဳးကို လ်ာနဲ႔ လိုက္လ်က္ျပတာ ျဖစ္ပါတယ္။
Larz ဟာ သူ challenge ကို စိန္ေခၚခဲ့တဲ့ ဗီဒီယိုတင္ၿပီး သိပ္မၾကာခင္ပဲ “ကြၽန္ေတာ္ေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရၿပီ..” ဆိုၿပီး သူ႔အင္စတာဂရမ္အေကာင့္မွာ ထပ္တင္ခဲ့တာ ျဖစ္ပါတယ္။
ဒါေပမဲ့လည္း Larz ဟာ သူလုပ္ခဲ့တဲ့ အိမ္သာလ်က္တဲ့စတန႔္ေၾကာင့္ ကို႐ိုနာကူးစက္ခံရတာလားဆိုေတာ့ ေသခ်ာမသိရပါဘူး။
Larz ရဲ႕ သူငယ္ခ်င္း influencer တစ္ေယာက္ကေတာ့ Larz ဟာ သတင္းအမွားတင္ထားတာျဖစ္ၿပီး သူေဆး႐ုံတက္ေနတဲ့ပုံဟာလည္း အရင္ကပုံ အေဟာင္းႀကီးပါလို႔ ဆိုပါတယ္။
Larz ဟာ ဗ႐ုတ္သုတ္ခ challenge ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့ဖူးပါတယ္။ ဥပမာ စတိုးဆိုင္က ေရခဲမုန႔္ဘူးကိုဖြင့္၊ ေရခဲမုန႔္ကိုလ်ာနဲ႔လ်က္ၿပီး မဝယ္ပဲ ျပန္ထားသြားတဲ့ အရာမ်ိဳးေတြပါ။
ေနာက္ထပ္ TikTok user တစ္ဦးျဖစ္တဲ့ Ava Louise ဟာလည္း ေလယာဥ္စီးစဥ္ ေလယာဥ္ခန္းထဲက အိမ္သာကို လ်ာနဲ႔လ်က္ျပခဲ့သူပါ။
Ava ကေတာ့ သူမဟာ Larz ကို သူမလို ျပဳလုပ္ဖို႔အတြက္ CoronaVirus Challenge စိန္ေခၚခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း လူေတြက Larz ဗိုင္းရပ္စ္ကူးစက္ခံရၿပီလို႔ ထင္ေအာင္ Larz ကို ေဆး႐ုံတက္ေနတဲ့ ဓာတ္ပုံေဟာင္းတစ္ပုံတင္ခိုင္းခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
Ava Louise ဟာ ဒီ challenge အတြက္ ေဒၚလာ (၄) ေထာင္ရရွိခဲ့ၿပီး အိမ္သာကို လ်ာနဲ႔မလ်က္ခင္မွာေတာ့ အရင္ဆုံးပိုးသတ္ေဆးနဲ႔ သန႔္ခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။
Unicode
အချို့ ဆိုရှယ်မီဒီယာ influencer တွေဟာ follower တိုးဖို့အတွက်ဆိုရင် ကိုယ့်အသက်အန္တရာယ်နဲ့နီးနေတာတောင် မလုပ်သင့်တဲ့ အပြုအမူတွေလုပ်တတ်ကြပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် ဆိုရှယ်မီဒီယာ influencer တစ်ဦးဖြစ်တဲ့ Larz GayShawnMendes ဆိုသူ အသက်(၂၁) နှစ်အရွယ်အမျိုးသားဟာ အများသုံးအိမ်သာကို
လျာနဲ့ လျက်ခဲ့တာကြောင့် သူ့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ သံသယရှိနေကြကြောင်း elitereaders သတင်းကတဆင့် သိခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ Coronavirus Challenge အမည်ရှိတဲ့ TikTok challenge တစ်ခုမှာပါဝင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ သူက အမှန်တကယ်ပဲ အများသုံးအိမ်သာကို လျာနဲ့ ဖြေးညှင်းစွာ လျက်နေခဲ့တာပါ။
ဒီ Challenge ဟာ အမှန်တကယ်တော့ အဓိပ္ပါယ်မရှိတဲ့ challenge တစ်ခုသာ ဖြစ်ပြီး ပါဝင်သူတွေဟာ အများသုံးအိမ်သာတွေကလို့ ဈေးဝယ်ပစ္စည်းအမျိုးမျိုးအထိ အသုံးအဆောင်အမျိုးမျိုးကို လျာနဲ့ လိုက်လျက်ပြတာ ဖြစ်ပါတယ်။
Larz ဟာ သူ challenge ကို စိန်ခေါ်ခဲ့တဲ့ ဗီဒီယိုတင်ပြီး သိပ်မကြာခင်ပဲ “ကျွန်တော်တော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီ..” ဆိုပြီး သူ့အင်စတာဂရမ်အကောင့်မှာ ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း Larz ဟာ သူလုပ်ခဲ့တဲ့ အိမ်သာလျက်တဲ့စတန့်ကြောင့် ကိုရိုနာကူးစက်ခံရတာလားဆိုတော့ သေချာမသိရပါဘူး။
Larz ရဲ့ သူငယ်ချင်း influencer တစ်ယောက်ကတော့ Larz ဟာ သတင်းအမှားတင်ထားတာဖြစ်ပြီး သူဆေးရုံတက်နေတဲ့ပုံဟာလည်း အရင်ကပုံ အဟောင်းကြီးပါလို့ ဆိုပါတယ်။
Larz ဟာ ဗရုတ်သုတ်ခ challenge တော်တော်များများမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဥပမာ စတိုးဆိုင်က ရေခဲမုန့်ဘူးကိုဖွင့်၊ ရေခဲမုန့်ကိုလျာနဲ့လျက်ပြီး မဝယ်ပဲ ပြန်ထားသွားတဲ့ အရာမျိုးတွေပါ။
နောက်ထပ် TikTok user တစ်ဦးဖြစ်တဲ့ Ava Louise ဟာလည်း လေယာဉ်စီးစဉ် လေယာဉ်ခန်းထဲက အိမ်သာကို လျာနဲ့လျက်ပြခဲ့သူပါ။
Ava ကတော့ သူမဟာ Larz ကို သူမလို ပြုလုပ်ဖို့အတွက် CoronaVirus Challenge စိန်ခေါ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း လူတွေက Larz ဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ ထင်အောင် Larz ကို ဆေးရုံတက်နေတဲ့ ဓာတ်ပုံဟောင်းတစ်ပုံတင်ခိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ava Louise ဟာ ဒီ challenge အတွက် ဒေါ်လာ (၄) ထောင်ရရှိခဲ့ပြီး အိမ်သာကို လျာနဲ့မလျက်ခင်မှာတော့ အရင်ဆုံးပိုးသတ်ဆေးနဲ့ သန့်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။



