ၾကားသိရသမွ်

မကြၽတ္လြတ္ေသးတဲ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ဝိဉာဥ္နဲ႔ လက္ထပ္လိုက္ၿပီဟု ဖြင့္ဟခဲ့တဲ့အမ်ိဳးသမီး

ကမာၻေက်ာ္ေပါ့ပ္ဘုရင္ႀကီး မုိက္ကယ္ဂ်က္ဆင္ဟာ လြန္ခဲ့တဲ့ (၁၂)ႏွစ္ေလာက္က ဆုံးပါးခဲ့ပါတယ္။ အခုအခါမွာေတာ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ သူမအေနနဲ႔ မုိက္ကယ္ဂ်က္ဆင္ရဲ႕ မကၽြတ္မလြတ္ေသးတဲ့ ဝိဉာဥ္နဲ႔ လက္ထပ္လုိက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒီလုိ ကိစၥမ်ိဳးဟာ အမ်ားရယ္စရာဆုိေပမယ့္-

ယခင့္ယခင္ကလည္း မကၽြတ္လြတ္တဲ့ ဝိဉာဥ္ေတြနဲ႔ လက္ထပ္ခဲ့သူေတြ ရွိခဲ့ဖူးပါတယ္။ တခ်ိဳ႕ဆုိ ႏွစ္ေပါင္းေထာင္နဲ႔ခ်ီ ၾကာျမင့္ေနတဲ့ ဂႏၳဝင္ဝိဉာဥ္ေတြနဲ႔ေတာင္ လက္ထပ္ခဲ့ေၾကာင္း ေၾကညာတာမ်ိဳးေတြ ရွိခဲ့တာမုိ႔ ဒီကိစၥမ်ိဳးဟာ ရယ္စရာ ျဖစ္ႏုိင္ေသာ္လည္း ယခင္ကတည္းက ေခတ္စားၿပီးသား ကိစၥမ်ိဳး ျဖစ္ပါတယ္။

ဒီအမ်ိဳးသမီးရဲ႕နာမည္ကေတာ့ Kathleen Roberts ျဖစ္ပါတယ္။ သူမဟာ တစ္ေတာ့နဲ႔ အင္စတာဂရမ္မွာ ဒီအေၾကာင္းကုိ မွ်ေဝခဲ့ၿပီး၊ မၾကာမီမွာ ေဝဖန္သံေတြ ညံလာလုိ႔ အဲဒီပုိ႔စ္ကို ဖ်က္ခဲ့ရပါတယ္။ ဒါေပမယ့္ သူမေျပာျပခ်က္ေတြကုိ သတင္းဂ်ာနယ္တစ္ခုမွာ အက်ယ္တဝင့္ ေဖာ္ျပခဲ့ရာ၊ လူစိတ္ဝင္စားမႈ မ်ားခဲ့ပါတယ္။

Kathleen ရဲ႕အဆုိအရ မုိက္ကယ္ရဲ႕ဝိဉာဥ္က သူမကို မၾကာခဏ ပူးကပ္ေလ့ရွိၿပီး၊ အဲဒီလုိအခ်ိန္မ်ိဳးမွာ ဇုိးကနဲဇက္ကနဲ႔ ထၿပီး ကတတ္ေလ့ရွိေၾကာင္း၊ မုိက္ကယ္ရဲ႕ ကကြက္မ်ိဳးေတြကိုသာ ကေလ့ရွိၿပီး၊ ဒါဟာ သူမက ဝိဉာဥ္လွလုိ႔ မုိက္ကယ္က အထူးေရြးခ်ယ္ခဲ့တာ ျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္။ မၾကာေသးခင္က သူတုိ႔တစ္ေတြ လက္ထပ္လုိက္ၿပီလုိ႔-

သူမက ေၾကညာခဲ့ၿပီး လက္ရွိအခ်ိန္ထိေတာ့ လင္လုိမယားလုိ မေနဖူးေသးဘူးလုိ႔ သူမက ေျပာပါတယ္။ အဲဒီသရဲဝိဉာဥ္ဟာ ကဖုိ႔ေလာက္ အာသီသရွိၿပီး၊ သူတုိ႔ၾကားမွာ တကယ္လုိအပ္တဲ့ ခ်စ္ေရးခ်စ္ရာကိစၥကုိေတာ့ မသိက်ိဳးကၽြန္ျပဳေနတယ္လုိ႔ သူမက ေျပာခဲ့တာပါ။ သူမက ” သူ႕ကို ထိတာကုိ သူက ႀကိဳက္ပုံမရဘူး”

” သူဟာ ကၽြန္မကုိ ပင့္ကူတစ္ေကာင္လုိ စုိက္ၾကည့္ေလ့ရွိတယ္ … ကၽြန္မက နမ္းတဲ့အခါ အေသေကာင္ႀကီးလုိ တုန္႔ျပန္တယ္ … ခ်စ္တင္းေႏွာဖုိ႔ ႀကိဳးစားတဲ့အခါ သူ ထြက္ေျပးတယ္ “လုိ႔ သူမ ေျပာပါတယ္။ သူမက ” သူက အတူတူ လက္စုံစားရတာကို ႀကိဳက္တယ္ … ကြတ္ကီးေတြ ႀကိဳက္တယ္ … ပရိသတ္ေဟာင္းတစ္ဦးထက္ ကၽြန္မကို ပုိတယ္”လုိ႔ ေျပာပါတယ္။

Kathleen ကို အမ်ားက ေလွာင္ေျပာင္ခဲ့ၾကသလုိ၊ တခ်ိဳ႕ကလည္း Kathleen တစ္ေယာက္ ႐ူးၿပီး ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာေနတယ္လုိ႔ ဆုိၾကပါတယ္။ ဒီအတြက္ Kathleen က ” ကၽြန္မ လူေကာင္းတစ္ေယာက္ပါ … ကၽြန္မစိတ္က ပုံမွန္ပဲ ျဖစ္ပါတယ္ … သူ ကၽြန္မကို ဇနီးအျဖစ္ ေရြးခ်ယ္ခဲ့လုိ႔ ေပ်ာ္ပါတယ္ … ဘဝအနိမ့္အျမင့္ေတြ ရွိေနေပမယ့္ ရွင့္ကို ခ်စ္ေနတာကိုေတာ့ မရပ္တန္႔ႏုိင္ပါဘူး “လုိ႔ ေျပာခဲ့ပါတယ္။

လင္းသုတ

Unicode

ကမ္ဘာကျော်ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ဟာ လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က ဆုံးပါးခဲ့ပါတယ်။ အခုအခါမှာတော့ အမျိုးသမီးကြီးတစ်ယောက်ဟာ သူမအနေနဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ မကျွတ်မလွတ်သေးတဲ့ ဝိဉာဉ်နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ကိစ္စမျိုးဟာ အများရယ်စရာဆိုပေမယ့်-

ယခင့်ယခင်ကလည်း မကျွတ်လွတ်တဲ့ ဝိဉာဉ်တွေနဲ့ လက်ထပ်ခဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ တချို့ဆို နှစ်ပေါင်းထောင်နဲ့ချီ ကြာမြင့်နေတဲ့ ဂန္ထဝင်ဝိဉာဉ်တွေနဲ့တောင် လက်ထပ်ခဲ့ကြောင်း ကြေညာတာမျိုးတွေ ရှိခဲ့တာမို့ ဒီကိစ္စမျိုးဟာ ရယ်စရာ ဖြစ်နိုင်သော်လည်း ယခင်ကတည်းက ခေတ်စားပြီးသား ကိစ္စမျိုး ဖြစ်ပါတယ်။

ဒီအမျိုးသမီးရဲ့နာမည်ကတော့ Kathleen Roberts ဖြစ်ပါတယ်။ သူမဟာ တစ်တော့နဲ့ အင်စတာဂရမ်မှာ ဒီအကြောင်းကို မျှဝေခဲ့ပြီး၊ မကြာမီမှာ ဝေဖန်သံတွေ ညံလာလို့ အဲဒီပို့စ်ကို ဖျက်ခဲ့ရပါတယ်။ ဒါပေမယ့် သူမပြောပြချက်တွေကို သတင်းဂျာနယ်တစ်ခုမှာ အကျယ်တဝင့် ဖော်ပြခဲ့ရာ၊ လူစိတ်ဝင်စားမှု များခဲ့ပါတယ်။

Kathleen ရဲ့အဆိုအရ မိုက်ကယ်ရဲ့ဝိဉာဉ်က သူမကို မကြာခဏ ပူးကပ်လေ့ရှိပြီး၊ အဲဒီလိုအချိန်မျိုးမှာ ဇိုးကနဲဇက်ကနဲ့ ထပြီး ကတတ်လေ့ရှိကြောင်း၊ မိုက်ကယ်ရဲ့ ကကွက်မျိုးတွေကိုသာ ကလေ့ရှိပြီး၊ ဒါဟာ သူမက ဝိဉာဉ်လှလို့ မိုက်ကယ်က အထူးရွေးချယ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ မကြာသေးခင်က သူတို့တစ်တွေ လက်ထပ်လိုက်ပြီလို့-

သူမက ကြေညာခဲ့ပြီး လက်ရှိအချိန်ထိတော့ လင်လိုမယားလို မနေဖူးသေးဘူးလို့ သူမက ပြောပါတယ်။ အဲဒီသရဲဝိဉာဉ်ဟာ ကဖို့လောက် အာသီသရှိပြီး၊ သူတို့ကြားမှာ တကယ်လိုအပ်တဲ့ ချစ်ရေးချစ်ရာကိစ္စကိုတော့ မသိကျိုးကျွန်ပြုနေတယ်လို့ သူမက ပြောခဲ့တာပါ။ သူမက ” သူ့ကို ထိတာကို သူက ကြိုက်ပုံမရဘူး”

” သူဟာ ကျွန်မကို ပင့်ကူတစ်ကောင်လို စိုက်ကြည့်လေ့ရှိတယ် … ကျွန်မက နမ်းတဲ့အခါ အသေကောင်ကြီးလို တုန့်ပြန်တယ် … ချစ်တင်းနှောဖို့ ကြိုးစားတဲ့အခါ သူ ထွက်ပြေးတယ် “လို့ သူမ ပြောပါတယ်။ သူမက ” သူက အတူတူ လက်စုံစားရတာကို ကြိုက်တယ် … ကွတ်ကီးတွေ ကြိုက်တယ် … ပရိသတ်ဟောင်းတစ်ဦးထက် ကျွန်မကို ပိုတယ်”လို့ ပြောပါတယ်။

Kathleen ကို အများက လှောင်ပြောင်ခဲ့ကြသလို၊ တချို့ကလည်း Kathleen တစ်ယောက် ရူးပြီး တောင်စဉ်ရေမရ လျှောက်ပြောနေတယ်လို့ ဆိုကြပါတယ်။ ဒီအတွက် Kathleen က ” ကျွန်မ လူကောင်းတစ်ယောက်ပါ … ကျွန်မစိတ်က ပုံမှန်ပဲ ဖြစ်ပါတယ် … သူ ကျွန်မကို ဇနီးအဖြစ် ရွေးချယ်ခဲ့လို့ ပျော်ပါတယ် … ဘဝအနိမ့်အမြင့်တွေ ရှိနေပေမယ့် ရှင့်ကို ချစ်နေတာကိုတော့ မရပ်တန့်နိုင်ပါဘူး “လို့ ပြောခဲ့ပါတယ်။

လင်းသုတ