ၾကားသိရသမွ်

သရုပ်​ဆောင်ယဥ်လတ်​နေအိမ် ဗုံး​ပေါက်၊ ဒလန်တစ်ဦးလည်း အသတ်ခံရ

သရုပ်​ဆောင်ယဥ်လတ်​နေအိမ် ဗုံး​ပေါက်၊ ဒလန်တစ်ဦးလည်း အသတ်ခံရ

စစ်ကောင်စီဝါဒဖြန့် ရုပ်သံမီဒီယာတွင် ပန်ချင်ဘူးကွယ် ပန်းနီနီ သီချင်းသီဆိုခဲ့သည့် သရုပ်ဆောင်ယဉ်လတ် ​နေအိမ်ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အခင်းဖြစ်ရပ်ကွက်

နေပြည်သူများက ​ပြောသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိမင်းသမီးယဉ်လတ်နေအိမ် ယနေ့ (နိုဝင်ဘာ၁၅) နံနက်ပိုင်းက ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေထိုင်သူများက ပြောသည်။

ယ​​နေ့နံနက်ပိုင်းတွင် ကျိုက္ကဆံရပ်ကွက် ပတ္တမြားလမ်းရှိ စစ်တပ်သတင်းပေးသူဟု နာမည်ကြီးနေသည့် မျိုးသော်အောင်လည်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက်တွင်

မင်းသမီးယဉ်လက်အိမ် ဗုံး​ပေါက်ကွဲခံရခြင်းဖြစ်သည်၊

သရုပ်ဆောင်ယဥ်လတ်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်စစ်ရုံးချုပ်ရှိရာ ကုန်းမြင့်သာ၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနုပညာရှင်

တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူဖြစ်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင်၏ ဝါဒဖြန့်ရုပ်သံမီဒီယာတွင် မြူးကြွလှပ ရောင်စုံည အစီအစဉ်တွင်လည်း သီချင်းသီဆိုခဲ့သူ

ဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို သံစဉ်အလိုက် မှန်ကန်အောင် မဆိုနိုင်၍ လူထုကြား ​ဝေဖန်ခံ​နေရသူလည်းဖြစ်သည်။

“မနက်က သူ့အိမ် ဗုံးပေါက်တဲ့ အသံကြားလိုက်တယ်။ လူတော့ မထိဘူးလို့ပြောတယ်။ အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရသေးတယ်။ သူတို့တွေ

ဖြစ်တော့ ရပ်ကွက်ထဲက လူတွကပျော်နေတာပေါ့။ ရပ်ကွက်ထဲမှာ စစ်တပ်ပေါင်းပြီးလူတွေကို နှိမ့်စက်ခြိမ်းခြောက်နေကြတဲ့သူတွေ”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်

သူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုများအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျိုက္ကစံရပ်ကွက်ရှိ ပုလဲလမ်းနှင့် ပတ္တမြားလမ်းတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေသည်။