တွဲတာကြာလာရင် ဘာဖြစ်တတ်လဲဆိုတော့
ပြောစရာစကားတွေကုန်လာတယ်။
တစ်ခါတစ်လေ ဖုန်းပြောနေရင်းဖြစ်ဖြစ် စာရိုက်နေရင်းဖြစ်ဖြစ် အင်းအဲနဲ့ဘာဆက် ပြောရမယ်မှန်းမသိဘူး။
ပြီးတော့ အရင်ကထက်ပိုပြီး ပြသာနာများလာတယ် မိသားစုရေး လူမှုရေး အကုန်ပါ၀င်ပတ်သက်လာတော့ ပြသာနာ
သေးသေးလေးကအစကိုယ်နဲ့ဆိုင်လာတယ်။
ပြောရရင် အတူရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေများလာတာပေါ့။
ဒါပေမယ့် အဲဒီကာလမှာ အပြတ်များတယ်။ တစ်ယောက်နဲ့တစ်ယောက်စိတ်အခန့်မသင့်ဖြစ်တာများပြီး ကြုံလာမယ့်ကိစ္စတွေကို ရင်မဆိုင်ချင်တော့တာမျိုး နည်းနည်းဆိုပြသာနာဖြစ်လို့စိတ်ကုန်စိတ်ပျက်လာပြီး အတူရှိခဲ့သမျှအချိန်တွေ
အကုန်ပလုံသွားတယ်။
သုံးနှစ်ကျော်လေးနှစ်၀န်းကျင်ကာလက အခက်ခဲဆုံးဖြစ်လိမ့်မယ်။ အဲဒီအချိန်က တွဲခါစတုန်းကလိုအနုအရွတွေလုပ်ရမှာပျင်းလာပြီး မလိုအပ်ရင်စကားမပြောချင်ပဲ ချစ်နေရင်ရပြီတခြားဘာလိုသေးလဲဆိုတဲ့ ခံစားချက်မျိုးနဲ့ စိတ်အပြောင်းအလဲစဖြစ်ကြပြီး နှစ်ဖက်လုံးအထိအခိုက်များတဲ့ကာလတွေပဲ။
နေ့တိုင်းတွေ့ရတဲ့သူတွေက ညဆိုဖုန်းမပြောချင်တော့ဘူး အေးဆေးနားချင်လာတယ်။ အားလပ်ချိန်တွေမှာ ကိုယ်စိတ်ပါတာတွေပဲလုပ်ချင်လာတယ် game ဆော့တာဖြစ်ဖြစ် ဇာတ်လမ်းကြည့်တာဖြစ်ဖြစ် တကူးတကကြီးအချိန်ပေးပြီးစကားပြောမနေချင်တော့တာမျိုးဖြစ်လာကြတယ်။
အမြဲမတွေ့ရတဲ့သူတွေကသံသယများလာတယ် တစ်ခုခုဆိုသွေးအေးနေပြီဆိုတဲ့ခေါင်းစဉ်နဲ့ စကားများကြတယ်။
ဒီလိုဖြစ်နေတဲ့အချိန်မှာ အပေးအယူတည့်နေကြရင်တော့ပြသာနာမရှိပေမယ့် တစ်ဖက်မဟုတ်တစ်ဖက်က အဲဒီအပြောင်းအလဲဒဏ်ကိုမခံနိုင်ဘူးဆိုရင်တော့ ပြတ်သွားတာပဲ။
မပြတ်ကြရင်တောင် စိတ်ပျက်စိတ်ကုန်နေပြီး သံယောဇဉ်အရဆက်တွဲနေကြတာမျိုးလည်းရှိတယ်။
အဲလိုဖြစ်လာပြီဆိုရင် ဘာမှလုပ်မရဘူးမချစ်လို့လားဆိုလည်းမဟုတ်ဘူး ဒီအတိုင်းကိုယ့်ဘာသာအေးဆေးနေချင်ပြီး အီတာလိုလိုဟုန်သွားတာလိုလိုနဲ့ဘာဖြစ်ချင်မှန်းမသိတာမျိုးပေါ့။
ထစ်ခနဲရှိပြတ်မယ်ဖြစ်ကြပြီး လမ်းခွဲရအောင်ပြောလာရင်လည်း သဘောပဲဆိုပြီးပြန်ပြောဖို့၀န်မလေးဘူး။
အဲဒါတွေကိုခံနိုင်ရည်ရှိရင်ရှိ ဒါမှမဟုတ် နားလည်မှုရှိရင်ရှိ ဒါမှပဲရမယ်။
အဲလိုနဲ့ကျော်ဖြတ်သွားကြပြီးလေးနှစ်ငါးနှစ်ထဲလောက်ထဲရောက်လာရင်တော့ ခက်ခဲသင့်သလောက်ခက်ခဲပြီးပြီဆိုတော့
တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်ပြီး ပြတ်ဖို့ခဲယဉ်းသွားပြီ။
တကယ်လို့ ကိုယ်ကဒီခက်ခဲတဲ့အခြေအနေမျို း ရောက်လာပြီဆိုရင် စိတ်လိုက်မာန်ပါမဆုံးဖြတ်ပဲ သူနဲ့အမှတ်တရတွေ အရေးပါတာတွေ အတူရှိပေးခဲ့တာတွေခဏခဏဆိုသလိုပြန်တွေးပြီး ပြန်နွေးနေဖို့ လိုတယ်။
ပြီးရင် ကိုယ့်သဘောနဲ့ကိုယ်နေတာထက် ကိုယ်ဖြစ်ချင်တဲ့ပုံစံကိုပြောပြတာမျိုး ကိုယ်လည်း သူဖြစ်ချင်တာကိုလိုက်လျောပေးတာမျိုး အပေးအယူတည့်ပြီးစိတ်ရှည်လိုက်မယ်ဆိုရင် ရေရှည်အတွက်
အတူနေနိုင်မယ့်နည်းလမ်းကို ရှာတွေ့သွားကြလိမ့်မယ် ။
Crd