ၾကားသိရသမွ်

အလွန် စိုးရိမ်စရာ အခြေအနေ . .တစ်သောင်းကျပ်တန် ငွေစက္ကူ မူကွဲ ၄မျိုးခန့်ကို တွေ့ရှိ

အလွန် စိုးရိမ်စရာ အခြေအနေပါ။

ဒီရက်ပိုင်းအတွင်း ပြည်သူလူထုမှ လိုအပ်နေသော ဘဏ်အပ်ငွေများကို ပြန်လည် ထုတ်ယူရာ တစ်သောင်းကျပ်တန် ငွေစက္ကူ မူကွဲ ၄မျိုးခန့်ကို တွေ့မြင်လာရပါသည်။

အဆိုးဆုံးမှာ ဖော်ပြပါ တစ်လောင်းကျပ် တန် ငွေ စက္ကူ များပင် ဖြစ်သည်။ “စာလုံးပေါင်းအမှား”။ငွေ စက္ကူများအား ယခုအခါ တရုတ်ပြည်မှ ရိုက်နှိပ် ထုတ်ဝေကြောင်း ကြားသိရသည်။

ငွေ စက္ကူ ပုံစံ အမျိုးမျိုး ထွက်ပေါ်လာခြင်းသည် စက်ရုံ တခုတည်းမှ ထုတ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်းကို သပ်သေခံလျှက်ရှိပြီး၊ အတိုင်းအဆ သတ်မှတ်ချက်မရှိ ထုတ်နေကြောင်း ဖော်ပြလျှက်ရှိသည်။

ဘဏ်ထုတ်ငွေ အကြပ်အတည်းအား ဤကဲ့သို့ လုပ်ဆောင် ဖြေရှင်း နေခြင်းသည် တိုင်းပြည်စီးပွားကို အာဏာသိမ်း စစ်ကောင်စီမှ အစွန်းစုံ ဖျက်ဆီးနေ ခြင်းသာဖြစ်သည်။

ထိုအကျိုးဆက်ကြောင့် မြန်မာ့ကျပ်ငွေတန်ဘိုး အပြင် စီးပွားရေး လူနေမှု အဆင့်အတန်းတို့ပါ တဟုန်ထိုး အနိမ့်ဆုံးအထိ ကျဆင်းသွားမည်ဖြစ်သည်။

တိုင်းပြည်ဖျက်မည့် အစီအစဥ်ကို အာဏာသိမ်း စစ်ကောင်စီသည် စနစ်တကျ စီမံ လုပ်နေခြင်းသာဖြစ်၍ ဗမာတပြည်လုံးအတွက် လွန်စွာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ငွေဖေါင်းပွမှုတွေအကြီးအကျယ်ဖြစ်ပြီးကုန်စျေးနှုန်းကအစ အကုန်စျေးတတ်။ ဆင်းရဲသူပိုဆင်းရဲ ဒုဇရိုက်တွေတိုး။ချမ်းသာသူလဲ ဒုခရောက်ပေါ့။ နိုင်ငံကိုအမျိုးစုံပျက်ပြီးလူတွေကိုနည်းမျိုးစုံနဲ့သတ်နေတာ။

ပညာမရှိနပိန်းတွေတော့တွေးမိမှာမဟုတ်။ ယခင်ကပြား၅၀နဲ့စျေးဝဃ်ဖူးသူတွေခုခေတ်ဘယ်လိုပေးရလဲသိကြမှာပါ။လွတ်လတ်စွာကူးပါ။

———————

Dangerous situations .

အလြန္ စိုးရိမ္စရာ အေျခအေနပါ။

ဒီရက္ပိုင္းအတြင္း ျပည္သူလူထုမွ လိုအပ္ေနေသာ ဘဏ္အပ္ေငြမ်ားကို ျပန္လည္ ထုတ္ယူရာ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴ မူကြဲ ၄မ်ိဳးခန္႔ကို ေတြ႕ျမင္လာရပါသည္။

အဆိုးဆုံးမွာ ေဖာ္ျပပါ တစ္ေလာင္းက်ပ္ တန္ ေငြ စကၠဴ မ်ားပင္ ျဖစ္သည္။ “စာလုံးေပါင္းအမွား”။ေငြ စကၠဴမ်ားအား ယခုအခါ တ႐ုတ္ျပည္မွ ႐ိုက္ႏွိပ္ ထုတ္ေဝေၾကာင္း ၾကားသိရသည္။

ေငြ စကၠဴ ပုံစံ အမ်ိဳးမ်ိဳး ထြက္ေပၚလာျခင္းသည္ စက္႐ုံ တခုတည္းမွ ထုတ္လုပ္ခဲ့ျခင္း မဟုတ္ေၾကာင္းကို သပ္ေသခံလွ်က္ရွိၿပီး၊ အတိုင္းအဆ သတ္မွတ္ခ်က္မရွိ ထုတ္ေနေၾကာင္း ေဖာ္ျပလွ်က္ရွိသည္။

ဘဏ္ထုတ္ေငြ အၾကပ္အတည္းအား ဤကဲ့သို႔ လုပ္ေဆာင္ ေျဖရွင္း ေနျခင္းသည္ တိုင္းျပည္စီးပြားကို အာဏာသိမ္း စစ္ေကာင္စီမွ အစြန္းစုံ ဖ်က္ဆီးေန ျခင္းသာျဖစ္သည္။

ထိုအက်ိဳးဆက္ေၾကာင့္ ျမန္မာ့က်ပ္ေငြတန္ဘိုး အျပင္ စီးပြားေရး လူေနမႈ အဆင့္အတန္းတို႔ပါ တဟုန္ထိုး အနိမ့္ဆုံးအထိ က်ဆင္းသြားမည္ျဖစ္သည္။

တိုင္းျပည္ဖ်က္မည့္ အစီအစဥ္ကို အာဏာသိမ္း စစ္ေကာင္စီသည္ စနစ္တက် စီမံ လုပ္ေနျခင္းသာျဖစ္၍ ဗမာတျပည္လုံးအတြက္ လြန္စြာ စိုးရိမ္စရာ အေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္သည္။

ေငြေဖါင္းပြမႈေတြအႀကီးအက်ယ္ျဖစ္ၿပီးကုန္ေစ်းႏႈန္းကအစ အကုန္ေစ်းတတ္။ ဆင္းရဲသူပိုဆင္းရဲ ဒုဇ႐ိုက္ေတြတိုး။ခ်မ္းသာသူလဲ ဒုခေရာက္ေပါ့။ ႏိုင္ငံကိုအမ်ိဳးစုံပ်က္ၿပီးလူေတြကိုနည္းမ်ိဳးစုံနဲ႔သတ္ေနတာ။

ပညာမရွိနပိန္းေတြေတာ့ေတြးမိမွာမဟုတ္။ ယခင္ကျပား၅၀နဲ႔ေစ်းဝဃ္ဖူးသူေတြခုေခတ္ဘယ္လိုေပးရလဲသိၾကမွာပါ။လြတ္လတ္စြာကူးပါ။