အခ်စ္ေရး

အရမ်းချစ်တတ်ပေမဲ့ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်းမှာ…

သင့်အနေနဲ့ အရမ်းချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းခဲ့ဖူးဘူးဆိုရင်

အဲ့ဒါဟာ ဒီအချက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်လိုက်နော်။

(၁) ပုံပြင်တွေကိုယုံနေတယ်

ပုံပြင်ထဲကလို သင့်ကို လုံးဝနားလည်ပြီး အချစ်ကြီးချစ်နိုင်မယ့်သူမျိုးရှိလိမ့်မယ်လို့ မျှော်လင့်နေတတ်တယ်။

ပုံပြင်တွေထဲကလို အခက်အခဲတွေအားလုံးကို ကျော်လွှားပြီး

ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုတဲ့ အဆုံးသတ်မျိုးကိုမျှော်လင့်နေတယ်။

ဒီလိုမျိုး စိတ်ကူးယဉ်လွန်းနေတော့ လက်တွေ့ဘဝမှာ တွေးထားသလိုမဖြစ်တဲ့အခါ

ကိုယ့်ကိုယ်ကို အချစ်ရေးကံမကောင်းဘူးလို့ ထင်လာပါတော့တယ်။

(၂) ဂရုစိုက်တတ်လွန်းတယ်

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ သူ့ရဲ့အရာရာကို ဂရုတစိုက်ရှိလွန်းတာ၊

အသေးစိတ်ကအစဂရုစိုက်ပေးလွန်းတဲ့အခါ ကြာလာရင်

သူ့ဘက်က ဒါတွေကို တန်ဖိုးမထားတော့ဘဲ သင့်အပေါ်မှာ ပစ်ပစ်ခါခါလုပ်လာပါလိမ့်မယ်။

ဒါကြောင့် အဆုံးမှာ ကိုယ့်ကိုယ်ကိုအရှုံးသမားတစ်ယောက်အဖြစ်မမြင်ချင်ရင်

တော်ရုံပဲဂရုစိုက်ပေးတတ်ဖို့လိုပါတယ်…. (လုံးဝဂရုမစိုက်ဖို့ပြောတာမဟုတ်ဘူးနော်)

(၃) အသေးစိတ် ခံစားနေတယ်

အချစ်ရေးဆိုတာ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာလည်းရှိပါတယ်၊

ဒါကြောင့် အဆင်ပြေနေချိန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး

အဆင်မပြေတဲ့အခါတွေမှာလည်း စိတ်ကိုအဆင်ပြေအောင်ကြိုးစားပြီး ဖြတ်သန်းနိုင်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ အရာရာကို အသေးစိတ်ကအစ ခံစားပြီး

အလေးအနက်တွေ ဖီးလ်နေရင် သေချာပေါက်အထိနာပါလိမ့်မယ်။

(၄) ကိုယ့်ချစ်သူတစ်ယောက်ကလွဲရင်ဘာကိုမှမမြင်တော့ဘူး

ကိုယ့်ချစ်သူကလွဲရင် တစ်လောကလုံးလူမထင်တတ်တဲ့ အရမ်းချစ်တတ်တဲ့သူတွေရှိပါတယ်။

တကယ်တော့ အရမ်းချစ်တာကို သူသိအောင် ဒီလိုနည်းနဲ့ပြစရာမလိုပါဘူး။

ကိုယ်လုပ်နေကျအလုပ်တွေကို ပုံမှန်ပဲလုပ်ရင်း၊

ကိုယ့်အသိုင်းအဝိုင်းမှာပုံမှန်ပဲ လည်ပတ်ရင်းနဲ့ နေတတ်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်ကလွဲပြီး

ဘာကိုမှမမြင်တော့ဘူးဆိုရင်တော့ အချစ်မှာရှုံးနိမ့်နေတာမဆန်းဘူးလို့ ပြောပါရစေ။

(၅) ချစ်မိတဲ့အခါ အရာအားလုံးပေးလိုက်တယ်

လူတစ်ယောက်ကိုချစ်မိတဲ့အခါ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ခံစားချက်၊

ကိုယ့်ရဲ့အရာရာကိုပေးဖို့တွေးတတ်ကြပါတယ်။

ဒါကလည်း သိပ်တော့ မဟုတ်သေးပါဘူး။

ကိုယ့်ကိုယ်ကိုပျောက်ဆုံးခံပြီး တစ်ယောက်ယောက်ကိုချစ်တာက

နောက်ဆုံးမှာ အချစ်ကံမကောင်းသူဖြစ်စေပါတယ်။

Credit

Unicode