က်မၼာေရး ဗဟုသုတ

ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ်

ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ်

ရုက္ခဗေဒ အမည် – Clausena excavata Burm.

စာဖတ်သူတွေ အနေနဲ့တော့ ပျဥ်းတော်သိမ်နဲ့ စိမ်းကြမယ်လို့ မထင်ပါဘူး။ ပျဥ်းတော်သိမ်ဟာ အပင်ငယ်တစ်မျိုး ဖြစ်ပြီး ၁၀ ပေ ဝန်းကျင်လောက်အထိ ကြီးထွားနိုင်ပါတယ်။ အာရှဒေသမှာရှိတဲ့ နိုင်ငံအများစုမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ သြစတြေးလျနဲ့ အာဖရိကဒေသ အချို့မှာလည်း ပေါက်ရောက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ နေရာဒေသ တော်တော်များများမှာ တွေ့ရတဲ့ အပင်ဖြစ်ပါတယ်။ အပင်မှာ အဓိကအသုံးပြုရတဲ့ အစိတ်အပိုင်းကတော့ အရွက်ဖြစ်ပြီး ဟင်းချက်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်း အသုံးပြုကြပါတယ်။ အထူးသဖြင့် အသားဟင်းတွေ၊ ပဲဟင်းနဲ့ သားသတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။

ပျဥ်းတော်သိမ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း

မိသားစုထဲမှာ ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ပျဉ်းတော်သိမ်အရွက်ကို စားသုံးပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါကင်းဝေးစေမှာ ဖြစ်ပါတယ်။

၂။ ဝမ်းလျှောတာကို သက်သာစေခြင်း

ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့ carbazole alkaloids ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။

၃။ အစာကြေစေခြင်း

ပျဉ်းတော်သိမ်အရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီး သောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

၄။ အမြင်အာရုံကောင်းမွန်စေခြင်း

အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်အရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဆံသားကျန်းမာစေခြင်း

ပျဉ်းတော်သိမ်အရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၆။ ကိုလက်စထရောကျဆင်းစေခြင်း

ပျဉ်းတော်သိမ်အရွက်စားသုံးပေးခြင်းက ကိုယ်တွင်းမှာ မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပိုကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

၇။ ဆီးချို ကိုထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။

၈။ အသည်းကို ကျန်းမာစေခြင်း

ပျဉ်းတော်သိမ်မှာ annins နဲ့ carbazole alkaloid တွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင် ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၉။ အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း

ပျဉ်းတော်သိမ်အရွက် ကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ကိုးကားချက်

အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်

ဇင်ထူးနိုင် မှ ရေးသား

ေဆးဖက္ဝင္တဲ့ ပ်ဥ္းေတာ္သိမ္

႐ုကၡေဗဒ အမည္ – Clausena excavata Burm.

စာဖတ္သူေတြ အေနနဲ႔ေတာ့ ပ်ဥ္းေတာ္သိမ္နဲ႔ စိမ္းၾကမယ္လို႔ မထင္ပါဘူး။ ပ်ဥ္းေတာ္သိမ္ဟာ အပင္ငယ္တစ္မ်ိဳး ျဖစ္ၿပီး ၁၀ ေပ ဝန္းက်င္ေလာက္အထိ ႀကီးထြားနိုင္ပါတယ္။ အာရွေဒသမွာရွိတဲ့ နိုင္ငံအမ်ားစုမွာ ေပါက္ေရာက္တဲ့ အပင္ျဖစ္ပါတယ္။ ၾသစေၾတးလ်နဲ႔ အာဖရိကေဒသ အခ်ိဳ႕မွာလည္း ေပါက္ေရာက္ၿပီး ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံမွာေတာ့ ေနရာေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတဲ့ အပင္ျဖစ္ပါတယ္။ အပင္မွာ အဓိကအသုံးျပဳရတဲ့ အစိတ္အပိုင္းကေတာ့ အရြက္ျဖစ္ၿပီး ဟင္းခ်က္ရာမွာ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္နဲ႔ ထည့္သြင္း အသုံးျပဳၾကပါတယ္။ အထူးသျဖင့္ အသားဟင္းေတြ၊ ပဲဟင္းနဲ႔ သားသတ္လြတ္ဟင္းလ်ာေတြထဲမွာ ထည့္သြင္းခ်က္ျပဳတ္ေလ့ရွိပါတယ္။

ပ်ဥ္းေတာ္သိမ္ရဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေက်ာက္ကပ္က်န္းမာေရးေကာင္းမြန္ေစျခင္း

မိသားစုထဲမွာ ေက်ာက္ကပ္ေရာဂါရွိသူေတြအေနနဲ႔ ႀကိဳတင္ကာကြယ္နိုင္ဖို႔ ပ်ဥ္းေတာ္သိမ္အရြက္ကို စားသုံးေပးသင့္ပါတယ္။ ေန႔စဥ္စားသုံးတဲ့အစားအေသာက္ေတြထဲမွာ ပ်ဥ္းေတာ္သိမ္ရြက္ကိုထည့္သြင္းစားသုံးေပးျခင္းျဖင့္ ေက်ာက္ကပ္ေရာဂါကင္းေဝးေစမွာ ျဖစ္ပါတယ္။

၂။ ဝမ္းေလၽွာတာကို သက္သာေစျခင္း

ပ်ဥ္းေတာ္သိမ္က ဝမ္းေလၽွာတာကို သက္သာေစတဲ့ သဘာဝေဆးဖက္ဝင္အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ပ်ဥ္းေတာ္သိမ္ရြက္မွာ ဝမ္းေလၽွာတာကို သက္သာေစနိုင္တဲ့ carbazole alkaloids ဆိုတဲ့ ဓာတ္တစ္မ်ိဳး ပါဝင္ပါတယ္။

၃။ အစာေၾကေစျခင္း

ပ်ဥ္းေတာ္သိမ္အရြက္ကို သံပုရာရည္၊ သၾကားတို႔နဲ႔ေဖ်ာ္စပ္ၿပီး ေသာက္သုံးမယ္ဆိုရင္ အစာမေၾကတာနဲ႔ မအီမသာျဖစ္တာေတြကို သက္သာေစမွာျဖစ္ပါတယ္။

၄။ အျမင္အာ႐ုံေကာင္းမြန္ေစျခင္း

အစားအေသာက္ေတြထဲမွာ ပ်ဥ္းေတာ္သိမ္အရြက္ကိုထည့္သြင္းစားသုံးမယ္ဆိုရင္ အျမင္အာ႐ုံကို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။ မ်က္စိေရတိမ္မျဖစ္ေအာင္လည္း ကာကြယ္ေပးနိုင္ပါတယ္။

၅။ ဆံသားက်န္းမာေစျခင္း

ပ်ဥ္းေတာ္သိမ္အရြက္က ဆံပင္ကိုနက္ေမွာင္သန္စြမ္းေစၿပီး ဆံသားကို က်န္းမာသန္စြမ္းေစပါတယ္။ အုန္းဆီနဲ႔ေရာၿပီးလူးေပးနိုင္ပါတယ္။ ပ်ဥ္းေတာ္သိမ္က အရြယ္မတိုင္ခင္ ဆံပင္ျဖဴတာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၆။ ကိုလက္စထေရာက်ဆင္းေစျခင္း

ပ်ဥ္းေတာ္သိမ္အရြက္စားသုံးေပးျခင္းက ကိုယ္တြင္းမွာ မလိုအပ္တဲ့ ကိုလက္စထေရာေတြကို ထိန္းခ်ဳပ္ေပးၿပီး အဆီပိုကင္းတဲ့ ခႏၶါကိုယ္ကိုပိုင္ဆိုင္နိုင္ေစမွာျဖစ္ပါတယ္။

၇။ ဆီးခ်ိဳ ကိုထိန္းညႇိေပးျခင္း

ပ်ဥ္းေတာ္သိမ္ရြက္က ဆီးခ်ိဳေဝဒနာသည္ေတြအတြက္အထူးသင့္ေတာ္တဲ့ေဆးဖက္ဝင္အရြက္တစ္မ်ိဳးျဖစ္ပါတယ္။ ေသြးတြင္းအခ်ိဳဓါတ္ကို ထိန္းညႇိေပးပါတယ္။

၈။ အသည္းကို က်န္းမာေစျခင္း

ပ်ဥ္းေတာ္သိမ္မွာ annins နဲ႔ carbazole alkaloid ေတြပါဝင္ေနတာေၾကာင့္ အသည္းမပ်က္စီးေအာင္ ကာကြယ္ေပးပါတယ္။ အသည္းေရာင္အသားဝါေရာဂါ၊ အသည္းရြတ္နာတို႔လိုမ်ိဳး ေရာဂါေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၉။ အေရျပားက်န္းမာေရးကို အေထာက္အကူျပဳျခင္း

ပ်ဥ္းေတာ္သိမ္အရြက္ ႀကိတ္ထားတဲ့အႏွစ္ကို အပူေလာင္နာ၊ ျပတ္ရွဒဏ္ရာ၊ အေရျပားေပၚမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ အင္းဆက္ပိုးမႊားေတြကိုက္တဲ့ ဒဏ္ရာေတြေပၚမွာ အသုံးျပဳေပးမယ္ဆိုရင္ အနာက်က္ျမန္ျမန္က်က္ေစမွာျဖစ္သလို အနာကိုပိုးမဝင္ေအာင္လည္းအေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။

ကိုးကားခ်က္

အစိမ္းေရာင္လမ္းမွ ျပန္လည္ကူးယူေဖာ္ျပပါသည္

ဇင္ထူးနိုင္ မွ ေရးသား