တော်လည်းတော် ချောလည်း ချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့ အကြောင်းအရင်းများ
ဒီနေ့လို ခေတ်မျိုးမှာ ကိုယ်စီ ကိုယ်စီ ရည်းစားတွေ ရှိနေကြပါတယ်။
အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်အချိန်ကနေ လူငယ်အရွယ်တွေ
အသီးသီးမှာ ကိုယ်စီ ချစ်ရသူတွေနဲ့ လက်တွဲနေကြချိန်မှာ
တစ်ချို့မိန်းကလေးတွေ ကတော့ တစ်ကိုယ်တည်းပဲ single အဖြစ်နဲ့ ရှိနေကြပါတယ်။
သူများတွေနဲ့ မတူဘဲ Single ဖြစ်နေတာက သူများတွေနဲ့ မတူတဲ့ အခြေအနေမျိုးတွေ သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
သူတို့တွေကတော့ ဒီအကြောင်းအရင်းတွေကြောင့် Single ဖြစ်နေတာပဲ ဖြစ်ပါတယ်။
(၁) ရည်းစားရှိတယ်လို့ အထင်ခံရလို့
ချောတဲ့ ကောင်မလေးတွေ အများစုကတော့ သူတို့ကို ရည်းစားရှိတယ်လို့ အမြဲ အထင်ခံရလေ့ ရှိပါတယ်။
သူတို့ကို ရည်းစား ရှိမယ်လို့ ယူဆကြလို့ သူတို့ကို ရည်းစား စကား အပြောမခံရတော့တာတွေ ရှိတတ်ပါတယ်။
ဒီအတွက် သူတို့တွေက ရည်းစားရဖို့ မလွယ်ကူကြတာ ဖြစ်ပါတယ်။
(၂) ရှိန်လို့
တော်တဲ့ ကောင်မလေးတို့၊ ချောတဲ့ ကောင်မလေးတို့ဆိုရင် လူအများက အလိုလို ရှိန်တာမျိုး ဖြစ်တတ်ကြပါတယ်။
ပုံမှန်လူနဲ့ မတူသလိုလည်း ဆက်ဆံခံကြရသလို ဒီအတွက် တခြားသောသူတွေကလည်း
ကိုယ့်ကို လွယ်လွယ်နဲ့ မချဉ်းကပ်ကြတာမျိုးတွေ ရှိနေပါတယ်။
ကောင်လေးတွေကလည်း ကိုယ့်ကို ရှိန်နေလို့ သူတို့မှာ ကောင်လေးတွေနဲ့
မနီးစပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပြီး ရည်းစားမရ ဖြစ်နေတတ်ပါတယ်။
(၃) ချစ်ရမှာ ကြောက်လို့
သူတို့တွေက single ဘဝမှာ သူများထက် ကြာလို့ ချစ်ရမှာကိုလည်း သူများထက် ပိုပြီး ကြောက်တတ်ကြပါတယ်။
ကိုယ် ချစ်မိတဲ့သူက ကိုယ့်ကို တကယ် ချစ်တာ မဟုတ်ဘဲ
ကိုယ်က ချောလို့ ခဏ လာတွဲတာမျိုး ဖြစ်မှာကိုလည်း ကြောက်တတ်ကြပါတယ်။
သူငယ်ချင်းတွေဆီက အသည်းကွဲဇာတ်လမ်းတွေကြောင့်လည်း ချစ်ရမှာကို ကြောက်နေတတ်ကြပါတယ်။
ဒါကြောင့် ရည်းစားထားဖို့ မဝံ့မရဲ ဖြစ်နေတတ်ကြသူတွေလည်း ရှိနေပါတယ်။
(၄) ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နေရလို့
တော်တဲ့ ထက်တဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ ဘဝကို အမြဲ စူးစိုက်မှု ရှိနေတတ်ကြပါတယ်။
သူတို့ရဲ့ အိပ်မက်နဲ့အတူ သူတို့ရဲ့ အားထုတ်မှုတွေ ရှိနေပြီး ဘဝကို အကောင်းဆုံး တည်ဆောက်ဖို့ လုပ်နေတတ်ကြပါတယ်။
ဒီအတွက် ချစ်မှုရေးရာတွေကိုလည်း အာရုံမစိုက်နိုင်ဖြစ်ပြီး ရည်းစား မရှိတဲ့သူအဖြစ် ရပ်တည်နေကြပါတယ်။
(၅) တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်လို့
တစ်ချို့ကျတော့ တကယ်ပဲ introvert တွေ ဖြစ်လို့ လူတွေနဲ့လည်း သိပ်ပြီး စကားပြောလေ့ မရှိကြပါဘူး။
စကားများများ ပြောရတာ မကြိုက်သလို လူအများကြီးတောထဲမှာလည်း အမြဲ မနေတတ်ကြပါဘူး။
တစ်ယောက်တည်းပဲ သွားလာပြီး တစ်ယောက်တည်းပဲ သူငယ်ချင်းနည်းနည်းနဲ့
ဘဝကို ဖြတ်သန်းနေလို့ ကောင်လေးတွေရဲ့ စိတ်ဝင်စားမှုကို မရရှိဘဲ single ဖြစ်နေတတ်ကြပါတယ်။
ကောင်လေးတွေက ချဉ်းကပ်ရင်တောင်မှ သူတို့က ငြင်းတတ်ကြပါသေးတယ်။
Credit
Unicode