မှန်တစ်ချပ်ကို … ပစ်ပေါက်ပြီး ခွဲလိုက်ပါ အစိပ်စိပ်အမွှာမွှာကြေမွ သွားလိမ့်မယ် အဲ့ဒီမှန်စတွေိကို ကောက်ပြီး တစ်ခုချင်းတိတ်နဲ့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့် ဆက်ရင်ဆက်သွားလိမ့်မယ် ဒါပေမယ့်အရင်လို ပြန်လိုချင်လို့ မရဘူး
ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ် တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့် အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။
အတိတ်ကိုချည်း ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင် အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ ဖြစ်နိုင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။ ခက်တာက အခုချိန်ထိ အနာတွေ မကျက်သေးတာပါပဲ ။ ပျော်အောင်ထားနေပြီလေဆိုတာက ချုပ်ရိုးသက်သက်ပဲ အတိတ်က ဒဏ်ရာတွေကို အပြီးတိုင် ချေဖျက်လိုက်ဖို့ထိ မလွယ်တတ်ဘူး ။
ဆက်ပြီးတော့ ရှိနေချင်မှ ရှိနေပါ ။ အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့တော့ မရတော့ဘူး ။ ရှင်းအောင် ပြောရရင် အရင်တုန်းကလို ခပ်တုံးတုံးမိန်းမကို ဘယ်တော့မှ ပြန်ရလာတော့မှာ မဟုတ်ဘူး ။ အရင်ကထက် အေးစက်ချင် အေးစက်နေလိမ့်မယ် ဂရုစိုက်ချင်မှ စိုက်မိတော့မယ် အရင်ကလို ချစ်သေးပေမယ့် အရင်တုန်းကလို မရှိမဖြစ် မဟုတ်တော့ဘူး ။ မရှိလဲ ဖြစ်အောင် သင်ပေးပြီးမှတော့ အရင်လို ပြန်နွေးထွေးချင်လို့ မရတော့ဘူး ။
ကျွန်မကို နားလည်ပါ … အရင်တုန်းက အတိတ်တွေကို ပြန်မတွေးပဲ အရင်တုန်းကလို ရှင့်ကို ချစ်နေချင်တဲ့ စိတ်တွေရှိပေမယ့် အရင်တုန်းက ပြန်မဖြစ်နိုင်တော့တဲ့အခါ ကျွန်မကို နားလည်ပါ ။ သဘာဝတရားကြီးတွေထဲမှာ … နှစ်ခါ မရနိုင်တဲ့အရာတွေ အများကြီးရှိတတ်ပါတယ် ခုကျတော့ အဲ့ဒီအရာတွေထဲမှာ ကျွန်မလဲ တစ်ခုအပါအဝင်ပေါ့ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Credit
Unicode
တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး