ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး
ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာ
ချစ်သူတစ်ယောက်တည်းဆီကမှ မဟုတ်ပါဘူး။
မိဘ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းသင်းတွေဆီကလည်း ဖြစ်နိုင်ပါတယ် …။
ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ချစ်၊
မေတ္တာထားထား တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးကို
မခံရတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်အချို့ကို
ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ
ခွင့်လွှတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ
သိရှိနားလည်ထားတဲ့ သူတွေဖြစ်ပါတယ်။
သူတို့ဖက်က တစ်ဖက်လူကို ခွင့်လွှတ်သည်းခံပါ များနေတော့
သူတစ်ပါးကို ခွင့်လွှတ်ဖို့ သူတို့အတွက် မခက်ခဲတော့ပါဘူး …။
(၂) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ လူတွေရဲ့
ပြောင်းလဲနိုင်ခြင်း သဘောတရားကို ကောင်းမွန်စွာ
သိရှိနားလည်ထားသူတွေပဲ ဖြစ်ပါတယ် …။
ဒါကြောင့် ဘယ်လိုလူကိုမှ ထစ်ထစ်ချ မယုံကြည်တော့သလို၊
ခုချိန်မှာ ကိုယ့်အပေါ်ကောင်းနေလည်း တစ်ချိန်မှာ ကိုယ့်ကို
မလိုမုန်းတီးသွားနိုင်တဲ့ သူတွေဖြစ်တာကို
ကောင်းကောင်းနားလည်ထားတဲ့ သူတွေ ဖြစ်တာကြောင့်ပါ …။
(၃) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ
လူတွေရဲ့ကောင်းတဲ့ အချက်လေးတွေ၊
အားသာချက်လေးတွေကို မြင်အောင် ကြည့်တတ်တဲ့ သူတွေပါ …။
မုန်းဖို့ကောင်းတဲ့ လူတွေဆီမှာတောင်
ချစ်စရာကောင်းတဲ့ အချက်လေးတွေရှိတယ်ဆိုတာကို
ကောင်းကောင်းနားလည်ထားတဲ့ သူတွေပါ။
ဒါကြောင့်ပဲ လူတွေကို ခွင့်လွှတ်နိုင်စွမ်း ရှိကြတာပေါ့ …။
(၄) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ
ကိုယ့်ကိုယ်ကို အမြဲလိုလို အပြစ်တင်နေမိတဲ့သူတွေပါ။
သူတစ်ပါး အပေါ် မျှော်လင့်ချက်တွေ ထားလွန်းတဲ့၊
သူတစ်ပါးကို ယုံကြည်လွန်းတဲ့၊ ယုံလွယ်လွန်းတဲ့၊
အားနာတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကို
အမြဲလိုလို အပြစ်တင်နေတတ်တဲ့ သူတွေပါ …။
(၅) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ
သူများတွေထက် ပိုပြီး စိတ်ဓာတ် ကြံ့ခိုင်ကြပါတယ်။
အကြောင်းကတော့ ခံရပါများလာတဲ့အခါမှာ
လူတွေအကြောင်းကို ပိုသိသွားပြီး၊
ခံနိုင်ရည်လည်း ပိုရှိသွားကြပါတယ် …။
ဒီလိုလူတွေဟာ သူများတွေနဲ့ယှဉ်ရင် အမြဲလိုလို
စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်နော် …။ ။
Credit
Unicode