ပိုတိုးလို့ချစ်ကြည့်ပါ
လူ့ဘဝသက်တမ်းကတိုတိုလေးမို့ချစ်ချစ်
ခင်ခင်ပဲနေချင်ပါတယ် မိသားစုဆွေမျိ ုးတွေ
နဲ့ပေါ့ နောင်တမရချင်လို့လေ
ကျွန်တော်တို့ချစ်တဲ့သူတွေ
တစ်နေ့တော့သေဆုံးရလိမ့်မယ် ။
အမေသာ သေသွားရင်
အဖေသာသေသွားရင်
ဇနီးသာသေသွားရင်
မောင်လေးသာ သေသွားရင်
ညီမလေးသာ သေသွားရင်
စသည်ဖြင့်
ကိုယ် ချစ်တဲ့သူတွေကွယ်လွန်သွားမှာကို
ကျွန်တော်တို့ တွေးမိတိုင်း
အပူကြီးပူပန်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့မရနိုင်ပါ။
မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူ မှအတပ်မပြောနိုင်ပါ။
Expired Date လို့ခေါ်တဲ့ကျွန်တော်တို့ ရဲ့
သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ်
တစ်ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှ
ရောက်လာတာမျိုးလဲဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ချစ်တဲ့သူတွေ
အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ထက်
အရင် သေသွားတာမျိုး လည်း
ဖြစ်နိုင်တာပဲလေ။
မသိနိုင်တဲ့အရာတစ်ခုကို ကကြိုတွေးပြီး
ကြောက်လန့့်စိတ်ပူနေမဲ့အစား
အသက်ရှင် ကျန်းမာလျက်
အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့လိုပါတယ်။
အေမ့ဆီ ဖုံးမဆက္မိတာၾကာၿပီလား
ခုပဲဆက္လိုက္ပါ
အဖိုးအဖြား အိမ္မေရာက္တာၾကာၿပီလား
ခုပဲသွားတွေ့လိုက်ပါ။
မောင်နှမအချင်းချင်း
ကေတာက္ကဆျဖစ္ထားလား
ခုပဲပြန်ခေါ် လိုက်ပါ။
ဒီတစ်ကြိမ်တွေ့လိုက်ရတာ
စကားပြောလိုက်ရတာ
နှုတ်ဆက်လိုက်ရတာ
ရယ်မောလိုက်ရတာ
ဒီဘဝအတွက်
နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်။
ချစ်သူကို နမ်းတဲ့အခါ ပွေ့ဖက်တဲ့အခါ
ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့
သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ။
မကြာခင် သူ့ကို ဆုံးရှုံးရတော့မှာပါလား
ဆိုတဲ့စိတ်မျိုးနဲ့
အစွမ်းကုန်ချစ်လိုက်ပါ ဖက်လိုက်ပါ။
ကိုယ်ချစ်ရသူတွေနဲ့အတူရှိနေရတဲ့ဘဝက
ဘယ်လောက်တောင်ကံကောင်းလိုက်သလဲလို့
စဉ်းစားမိပါစေတဲ့။
တစ်ခါတစ်လေ အိမ်မှာ
မိသားစုတွင်းမှာ ချစ်သူတွေကြားမှာ
အဆင်မပြေတာတွေ
တစ်ယောက်နဲ့တစ်ယောက်
ဘာမဟုတ်တာလေးနဲ့
စိတ်အခန့်မသင့်ဖြစ်ကြတာတွေ
ကပ်သပ်နေတာတွေ
စကားအနိုင်လုပြောနေတာတွေ
စိတ်နာအောင် ပြောနေကြတာတွေကို
ရှိတတ်ပါတယ်။
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။
ဘာဖြစ်လို့လဲ ဆိုရင်
ကျွန်တော်တို့မှာ အချိန်ဘယ်လောက်
ကျန်သေးသလဲဆိုတာ
ဘယ်သူမှကို မသိနိုင်ကြလို့ပါ။
တစ်ယောက်ထဲ
ရပ္မတည္နိုင္တဲ့ လူ ့ဘဝ
ချစ်သူခင်သူတွေဝန်းရံနေမှ
လုံခြူံနွေးထွေးတဲ့ လူ့ဘဝမှာ
ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ။
ကျွန်တော် ကိုယ်တိုင် အပါအဝင်
ကျွန်တော်တို့ချစ်သူတွေလည်း
ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့
သေဆုံးကြရလိမ့်မယ်ဆိုတာ သိထားရင်
သူတို့နဲ့ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါဘူး။
အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ။
Credit
Unicode
ပိုတိုးလို့ချစ်ကြည့်ပါ
လူ့ဘဝသက်တမ်းကတိုတိုလေးမို့ချစ်ချစ်
ခင်ခင်ပဲနေချင်ပါတယ် မိသားစုဆွေမျိုးတွေ
နဲ့ပေါ့ နောင်တမရချင်လို့လေ
ကျွန်တော်တို့ချစ်တဲ့သူတွေ
တစ်နေ့တော့သေဆုံးရလိမ့်မယ် ။
အမေသာ သေသွားရင်…..
အဖေသာသေသွားရင်….
ဇနီးသာသေသွားရင်…..
မောင်လေးသာ သေသွားရင်
ညီမလေးသာ သေသွားရင်…..
စသည်ဖြင့်……
ကိုယ် ချစ်တဲ့သူတွေကွယ်လွန်သွားမှာကို
ကျွန်တော်တို့ တွေးမိတိုင်း
အပူကြီးပူပန်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့မရနိုင်ပါ။
မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူ မှအတပ်မပြောနိုင်ပါ။
Expired Date လို့ခေါ်တဲ့ကျွန်တော်တို့ ရဲ့
သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ်
တစ်ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှ
ရောက်လာတာမျိုးလဲဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ချစ်တဲ့သူတွေ
အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ထက်
အရင် သေသွားတာမျိုး လည်း
ဖြစ်နိုင်တာပဲလေ။
မသိနိုင်တဲ့အရာတစ်ခုကို ကကြိုတွေးပြီး
ကြောက်လန့့်စိတ်ပူနေမဲ့အစား
အသက်ရှင် ကျန်းမာလျက်
အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့လိုပါတယ်။
အမေ့ဆီ ဖုံးမဆက်မိတာကြာပြီလား
ခုပဲဆက်လိုက်ပါ
အဖိုးအဖွား အိမ်မရောက်တာကြာပြီလား
ခုပဲသွားတွေ့လိုက်ပါ။
မောင်နှမအချင်းချင်း
ကတောက်ကဆဖြစ်ထားလား
ခုပဲပြန်ခေါ် လိုက်ပါ။
ဒီတစ်ကြိမ်တွေ့လိုက်ရတာ
စကားပြောလိုက်ရတာ
နှုတ်ဆက်လိုက်ရတာ
ရယ်မောလိုက်ရတာ
ဒီဘဝအတွက်
နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်။
ချစ်သူကို နမ်းတဲ့အခါ ပွေ့ဖက်တဲ့အခါ
ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့
သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ။
မကြာခင် သူ့ကို ဆုံးရှုံးရတော့မှာပါလား
ဆိုတဲ့စိတ်မျိုးနဲ့
အစွမ်းကုန်ချစ်လိုက်ပါ ဖက်လိုက်ပါ။
ကိုယ်ချစ်ရသူတွေနဲ့အတူရှိနေရတဲ့ဘဝက
ဘယ်လောက်တောင်ကံကောင်းလိုက်သလဲလို့
စဉ်းစားမိပါစေတဲ့။
တစ်ခါတစ်လေ အိမ်မှာ
မိသားစုတွင်းမှာ ချစ်သူတွေကြားမှာ
အဆင်မပြေတာတွေ
တစ်ယောက်နဲ့တစ်ယောက်
ဘာမဟုတ်တာလေးနဲ့
စိတ်အခန့်မသင့်ဖြစ်ကြတာတွေ….
ကပ်သပ်နေတာတွေ…..
စကားအနိုင်လုပြောနေတာတွေ…..
စိတ်နာအောင် ပြောနေကြတာတွေကို
ရှိတတ်ပါတယ်။
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။
ဘာဖြစ်လို့လဲ ဆိုရင်
ကျွန်တော်တို့မှာ အချိန်ဘယ်လောက်
ကျန်သေးသလဲဆိုတာ
ဘယ်သူမှကို မသိနိုင်ကြလို့ပါ။
တစ်ယောက်ထဲ
ရပ်မတည်နိုင်တဲ့ လူ့ဘဝ
ချစ်သူခင်သူတွေဝန်းရံနေမှ
လုံခြူံနွေးထွေးတဲ့ လူ့ဘဝမှာ
ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ။
ကျွန်တော် ကိုယ်တိုင် အပါအဝင်
ကျွန်တော်တို့ချစ်သူတွေလည်း
ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့
သေဆုံးကြရလိမ့်မယ်ဆိုတာ သိထားရင်
သူတို့နဲ့ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါဘူး။
အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ။
Credit