ၾကားသိရသမွ်






mzo

Unicode

နေ့တိုင်း နာကျင်ဝမ်းနည်းရတဲ့ အကြောင်းတစ်ခုရှိတယ်။

အဖေက နေ့တိုင်းနီးပါးပဲဟင်းလာဝေရင် ပဲဟင်းထည့်ဖို့ဆိုပြီး ဇလုံတွေ အိတ်တွေ လိုက်ရှာနေတတ်တာကိုပါ။

စစ်အာဏာရှင်ကို တစ်သက်လုံး ဆန့်ကျင်တော်လှန်ခဲ့လို့ထောင်ထဲမှာ 27 နှစ်နီးပါးအကြိမ်ကြိမ်ထောင်ကျခဲ့တဲ့အဖေကအခု အသက် 85 နှစ် အယ်လ်ဇိုင်းမားရောဂါကြောင့် တခြားမှတ်ဉာဏ်တွေချို့ယွင်းကုန်ပေမယ့်ထောင်ထဲက သူဖြတ်သန်းခဲ့တဲ့ဘဝကိုတော့ အမြဲသတိရနေပြီးသူ့ကိုယ်သူ ထောင်ထဲမှာလို့ ထင်နေတုန်းပါပဲ။

စစ်အာဏာရှင်ရဲ့ ဆိုးညစ်ယုတ်ကမ်းမှုတွေကိုမိတ်ဆွေတို့
အခု လက်တွေ့ကြုံရလို့ နာကြည်းမုန်းတီးနေတာတွေရဲ့ အရင်
ဟိုးလွန်ခဲ့တဲ့ နှစ် 40 လောက်ကတည်းက ကျမက နာကျင်ခံစားခဲ့ရပြီးသားပါ။

mzo