အမျိုးသမီးတို့ရယ် ကိုယ်ဆွဲထားမှ မြဲမယ့်လက်များ ဖြုတ်ချလိုက်ပါကွယ်
“မိန်းမသားတို့အတွက်”
ချစ်သူချင်းလမ်းခွဲခွဲအိမ်ထောင်တစ်ခု ပြိုကွဲကွဲ
မျက်ရည်လည်ရွဲငိုပွဲဆင်တာ မိခင်စိတ်ရှင်နူးညံ့ငြင်သာ အားနွဲ့ပါတဲ့ မိန်းမသားတွေပါ
ချစ်သူအဖြစ် ဆန်းစစ်ရွေးချယ် ဘဝတစ်သက် ရွှေလက်တွဲဖို့
စိတ်ကူးနဲ့ရူး ပျော်မြူးမဆုံးခင် မထင်မှတ်ဘဲ ငင်လာကြမ္မာ ခြံခုန်သူက ပေးရက်ပါတဲ့
အသည်းကွဲဝေဒနာ အိမ်ထောင်တစ်ခု အစပြုတော့
ရိုးမြေကျပဲ ထင်ကြတယ်
နေ့တွေလပြောင်း ကာလညောင်းတော့
ခြံခုန်စနိုက် ဇာတ်တွေရှုပ်လာ မျက်ရည်ဖြာပေါ့ ဇနီးသည်ရယ်

မိန်းမသားတစ်ယောက်အတွက်
သောကကြီးစွာ ဗေဒင်ယတြာ မျိုးစုံစွာလေ လုပ်တတ်ကြတဲ့

ရဲဝံ့စိတ်ထား ကြံ့ခိုင်အားနဲ့ လောကဓံက တွန်းဖြိုလှဲလည်း
ပစ်တိုင်းထောင်ထုံး နှလုံးမူထားရင်း အလုပ်တွင်စိတ်နစ်ဝင်ငွေတိုးလာ နှစ်ကာလကြာ
ကိုယ်ပိုင်အနေအထား အဆင့်အတန်းများ မြင့်သထက်မြင့်လာ
အတိတ်ကအသည်းကွဲအရိပ်ဝေဒနာထဲ အပြီးသတ်နှုတ်ဆက်
စိတ်ကြည်လင်စွာ အေးချမ်းပါစေ
ချစ်သောမိန်းမသား အပေါင်းတို့ရေ
မြင့်မိုရ်သီဟာ
Credit
Unicode