ခုချိန်ထိ အသေပစ်သတ် အဖမ်းဆီးများနေတဲ့အထဲက ရရင် ရသလို လမ်းပေါ်တက်ဆန္ဒဖော်ထုတ်နေကြတဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် သောက်စား ပျော်ပါးမွေးနေ့လုပ် အလှပုံတင် တာမျိုး မလုပ်ကြဖို့တောင်းဆိုပါတယ်”
unicode
“အားငယ်ဝမ်းနည်းမျက်ရည်ကျရ ငိုရတယ် ကိုယ်ဝန်နဲ့မို့ စိတ်ပျော့နေတာလည်း ဖြစ်နိုင်ပါတယ်ဒါပေမယ့် ပြန်တွေးကြည့်တော့ အလုပ်ပြန်ဝင်တဲ့လူတွေက အစကတည်းက ရင်းရဲတဲ့သူတွေမှ မဟုတ်ဘဲကိုယ့်အကျိုးထိမှာ ကြောက်တဲ့အတ္တကြီးတဲ့ သူများယောင်လို့ လိုက်ယောင်ရတဲ့ သူရဲဘောကြောင် auto CDM သမားတွေမို့ မလွမ်းလောက်ပါဘူး၊
အဓိက အောက်ခြေဝန်ထမ်းတွေ အလုပ်မဝင်ပဲ အပေါ်ကနေ လက်ညိုးထိုးခိုင်းနေလို့မရပါဘူးCDM ဟာအာဏာရှင်ယန္တရားပျက်ဖို့ ကျန်းမာရေးကဏ္ဍက သိပ်အရေးမကြီးပါဘူးလို့ ဆိုသူတွေအတွက် သဘောမတူပါဘူးနော်အဘက်ဘက်က ဘာမှ လုပ်မရ failed state ဖြစ်လေ ကောင်းလေမို့CDM ကလည်း CDM ဆက်တောင့်ခံထားဖို့လိုပါတယ်ဒါကြောင့်ကိုယ့်ထက် ပို နေရေးစားရေးခက်မယ့် ဝန်ထမ်းတွေအတွက် CDM ထောက်ပံ့ကြေး မယူခြင်းသော်လည်းကောင်းကိုယ့်ရှိတဲ့အထဲက လှူခြင်း ဝေငှခြင်းဖြင့်လည်းကောင်းကိုယ်တိုင် နေရေးစားရေး ခက်ခဲပေမယ့် ပုန်းရှောင်နေဆဲ အသံတတိတ်နေတဲ့ကာလတွေမှာ ပံ့ပိုးမှုတွေ တိတ်တဆိတ် လုပ်ပါတယ်
လိုအပ်တဲ့နေရာကို လှူတာမျိုးပါ ( Defense team / ချို့တဲ့လိုအပ်သူ/ CDM အောက်ခြေဝန်ထမ်းစသဖြင့်)ဘာမှ မလုပ်နိုင်တာ မရှိရလေအောင် အခွင့်အရေးရတာနဲ့ လှူပါတယ်
( CRPH ကတော့ visa နဲ့မို့ လှူမရခဲ့ပါဘူး)လိပ်ပြာသန့်နေဖို့အတွက်ပါခုချိန်ထိ နေရေးစားရေး ခက်ခဲကြပ်တည်းပေမယ့် တောင့်ခံပြီး အဆုံးထိ တိုက်ပွဲဝင်နေကြတဲ့ CDM ဝန်ထမ်းတွေကို ကျေးဇူးတင်သလို ဆက်ပြီး အားတင်းထားဖို့နဲ့
ထောက်ပံ့ရေးအဖွဲ့တွေနဲ့ ရအောင် ဆက်သွယ်အကူအညီယူပါလို့ မှာချင်ပါတယ်လှူနေ လုပ်ပေးနေကြတဲ့အဖွဲ့တွေ အများကြီးပါ၃ လအတွင်းမှာ CRPH ရော NUG အစိုးရရော PDF ရော ဖွဲ့နိုင်ပြီးတဲ့နောက် ရေရှည်တိုက်ပွဲမို့ ဆက်တောင့်ခံဖို့ လိုပါတယ်( ကိုယ်တိုင်ကျ ဘာမှ မလုပ်ဘဲ ဝေဖန် အပြစ်တင်နေတဲ့သူတွေ ဆိတ် ဆင်ခြင်ကြဖို့)
ခုချိန်ထိ အသေပစ်သတ် အဖမ်းဆီးများနေတဲ့အထဲက ရရင် ရသလို လမ်းပေါ်တက်ဆန္ဒဖော်ထုတ်နေကြတဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် သောက်စား ပျော်ပါးမွေးနေ့လုပ် အလှပုံတင် တာမျိူး မလုပ်ကြဖို့တောင်းဆိုပါတယ်”