မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းကနေ ကစားသမားတချို့ နုတ်ထွက်သွားကြပေမယ့် ၅၅ နှစ်ကြာ ဝေးကွာနေတဲ့ အာရှဖလားပွဲမှာ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ကို ထားရှိဆဲဖြစ်ကြောင်း မြန်မာအသင်းနည်းပြ Antoine Hey က ပြောပါတယ်။
မြန်မာအသင်း အားမကောင်းလှပေမဲ့လည်း ဂျပန်နိုင်ငံမှာ လုပ်မယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားနဲ့ အာရှဖလား ခြေစစ်ပွဲတွေမှာ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ နည်းပြ Hey က ပြောပါတယ်။ အရေးကြီးတဲ့ ပြိုင်ပွဲကြီး ၂ ခုအတွက် မြန်မာအသင်းနဲ့ အိမ်ရှင် ဂျပန်အသင်းတို့ လာမယ့် မေလ ၂၈ ရက်နေ့မှာ ခြေစစ်ပွဲ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
မြန်မာအသင်းသား ထက်ဝက်လောက် အသင်းကနေ နုတ်ထွက်သွားကြတယ်လို့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် အရာရှိပြောတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် တချို့က ကိုယ့်နေရပ်အသီးသီးကို ပြန်သွားကြတဲ့သူတွေရှိသလို တချို့ကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မကစားလိုကြောင့် ပြောင်ပြောဆိုသူတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အောက်မှာ ဘောလုံးကစားမှာ မဟုတ်ကြောင်း ရန်ကုန်မှာ လုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတခုအတွင်း မြန်မာအသင်းဂိုးသမား ကျော်ဇင်ထက်က ဂျာမန်အခြေစိုက် DW သတင်းဌာနကို ပြောခဲ့ဘူးပါတယ်။
မြန်မာအသင်းရဲ့ နည်းပြအဖြစ် ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ရောက်ရှိလာတဲ့ ဂျာမန်လူမျိုး Antoine Hey ကတော့ ကစားသမားတဦးချင်းစီရဲ့ ခံစားချက်ကို သူ့အနေနဲ့ နားလည်ကြောင်း၊ ဒါပေမဲ့ နည်းပြတဦးအနေနဲ့ ရှိတဲ့လူနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံကိုယ်စားပြုအားကစားအသင်းမှာ မပါဖို့ ဆုံးဖြတ်ကြတာ ဘောလုံးသမားတွေချည်းပဲတော့ မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံ၊ Melbourne မြို့မှာနေထိုင်တဲ့ ထိပ်တန်း ရေကူးချန်ပီယံတဦးဖြစ်သူ ဝင်းထက်ဦးကလည်း မြန်မာပြည်သူလူထုရဲ့သွေးတွေ စွန်းထင်းနေတဲ့အလံကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။
———————–
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ဆန္႔က်င္ကန္႔ကြက္တဲ့အေနနဲ႔ ႏုိင္ငံကိုယ္စားျပဳ ေဘာလုံးအသင္းကေန ကစားသမားတခ်ဳိ႕ ႏုတ္ထြက္သြားၾကေပမယ့္ ၅၅ ႏွစ္ၾကာ ေ၀းကြာေနတဲ့ အာရွဖလားပြဲမွာ ျမန္မာအသင္း ၀င္ေရာက္ယွဥ္ၿပိဳင္ႏုိင္ေရးဆုိတဲ့ ေမွ်ာ္လင့္ခ်က္ကုိ ထားရွိဆဲျဖစ္ေၾကာင္း ျမန္မာအသင္းနည္းျပ Antoine Hey က ေျပာပါတယ္။
ျမန္မာအသင္း အားမေကာင္းလွေပမဲ့လည္း ဂ်ပန္ႏုိင္ငံမွာ လုပ္မယ့္ ၂၀၂၂ ခုႏွစ္ ကမၻာ့ဖလားနဲ႔ အာရွဖလား ေျခစစ္ပြဲေတြမွာ ျမန္မာအသင္း ၀င္ေရာက္ယွဥ္ၿပိဳင္သြားမယ္လုိ႔ နည္းျပ Hey က ေျပာပါတယ္။ အေရးႀကီးတဲ့ ၿပိဳင္ပြဲႀကီး ၂ ခုအတြက္ ျမန္မာအသင္းနဲ႔ အိမ္ရွင္ ဂ်ပန္အသင္းတုိ႔ လာမယ့္ ေမလ ၂၈ ရက္ေန႔မွာ ေျခစစ္ပြဲ ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။
ျမန္မာအသင္းသား ထက္၀က္ေလာက္ အသင္းကေန ႏုတ္ထြက္သြားၾကတယ္လုိ႔ ျမန္မာ့ေဘာလုံးအဖြဲ႔ခ်ဳပ္ အရာရွိေျပာတာကုိ ကုိးကားၿပီး AFP သတင္းမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံတ၀န္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျဖစ္ေပၚေနတာေၾကာင့္ တခ်ဳိ႕က ကုိယ့္ေနရပ္အသီးသီးကုိ ျပန္သြားၾကတဲ့သူေတြရွိသလုိ တခ်ဳိ႕ကလည္း အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့အေနနဲ႔ မကစားလုိေၾကာင့္ ေျပာင္ေျပာဆုိသူေတြ ရွိတယ္လုိ႔ ဆုိပါတယ္။
စစ္အာဏာရွင္ေအာက္မွာ ေဘာလုံးကစားမွာ မဟုတ္ေၾကာင္း ရန္ကုန္မွာ လုပ္ခဲ့တဲ့ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပပြဲတခုအတြင္း ျမန္မာအသင္းဂုိးသမား ေက်ာ္ဇင္ထက္က ဂ်ာမန္အေျခစုိက္ DW သတင္းဌာနကုိ ေျပာခဲ့ဘူးပါတယ္။
ျမန္မာအသင္းရဲ႕ နည္းျပအျဖစ္ ၂၀၁၉ ခုႏွစ္မွာ ဒုတိယအႀကိမ္ေျမာက္ ေရာက္ရွိလာတဲ့ ဂ်ာမန္လူမ်ဳိး Antoine Hey ကေတာ့ ကစားသမားတဦးခ်င္းစီရဲ႕ ခံစားခ်က္ကုိ သူ႔အေနနဲ႔ နားလည္ေၾကာင္း၊ ဒါေပမဲ့ နည္းျပတဦးအေနနဲ႔ ရွိတဲ့လူနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့အေနနဲ႔ ႏုိင္ငံကိုယ္စားျပဳအားကစားအသင္းမွာ မပါဖုိ႔ ဆုံးျဖတ္ၾကတာ ေဘာလုံးသမားေတြခ်ည္းပဲေတာ့ မဟုတ္ပါဘူး။ ၾသစေၾတးလ်ႏုိင္ငံ၊ Melbourne ၿမိဳ႕မွာေနထုိင္တဲ့ ထိပ္တန္း ေရကူးခ်န္ပီယံတဦးျဖစ္သူ ၀င္းထက္ဦးကလည္း ျမန္မာျပည္သူလူထုရဲ႕ေသြးေတြ စြန္းထင္းေနတဲ့အလံကုိ ကုိယ္စားျပဳၿပီး ၀င္ေရာက္ ယွဥ္ၿပိဳင္မွာ မဟုတ္ေၾကာင္း ေျပာထားပါတယ္။