အခ်စ္ေရး

အချစ်မှာ မျက်စိ မရှိရခြင်းရဲ့ အကြောင်းအရင်း

လူတိုင်း ဘယ်သူမဆို အနာဂတ်မှာ ကြုံလာမယ့် ပြသနာကိုကြိုမြင်မယ်ဆိုရင် အဲဒီ ပြသနာဖြစ်လာစေမယ့် လမ်းကိုလွဲဖယ်ကြမှာပါပဲ။

ထိုနည်းတူပဲ ချစ်သူနှစ်ဦး ပေါင်းသင်းပြီး ငါးနှစ် အတွင်းကြုံလာမယ့် ပြသနာတွေကို ချစ်နေကြိုက်နေတဲ့ အချိန်ကတည်းက ကြိုတင် မြင်တွေ့ သိရှိနိုင်မယ် ဆိုရင်။ ။အရမ်းချစ်လှပြီ ဆိုတဲ့ ချစ်သူနှစ်ဦးဟာ ပေါင်းသင်းနေထိုင်ဖို့ဆိုတာ ၁၀ %တောင် မသေချာတော့ပါဘူး။

ကမ္ဘာမှာ ၅နှစ်အောက်(များသောအားဖြင့်) အိမ်ထောင်ရှင်တွေ ၄၀% လောက်က ကွာရှင်းပျက်စဲကြတယ်။ စိတ်ဓာတ်ရင့်ကျက်ပြီး ကလေးမျက်နှာ ငှဲ့နိုင်တဲ့သူတွေမှ အိမ်ထောင်ထိန်းသိမ်းနိုင်ကြတာပါ။

ဆင်းရဲ ချမ်းသာ ဘယ်အသိုင်းဝိုင်းမဆို အိမ်ထောင်ပြုတဲ့သူတိုင်း အခက်ခဲ ပြသနာတွေ အနည်းအများကြုံရကြပါတယ်။

မေတ္တာကြီးတဲ့သူဘက်က သို့မဟုတ် ဉာဏ်ကြီးတဲ့သူဘက်ကထိန်းသိမ်းနိုင်လို့သာ အိမ်ထောင်သက် ကြာမြင့်စွာ အိုမင်းမစွမ်းတဲ့ အထိ လက်တွဲနိုင်ကြတာပါ။ ဘာအခက်ခဲ ပြသနာမှမကြုံလို့ လက်တွဲနိုင်တာ မဟုတ်ပါဘူး။

ဆိုတော့ ချစ်တတ်တဲ့သူတိုင်းမှာ အချစ်မှုန်မှုန်ပြီး ရူးသွပ်စွာ ချစ်ရတဲ့ ခံစားချက်မျိုးရှိပြီးတော့ ရဲစွမ်းသတ္တိတွေ ချစ်သူနဲ့ နေထိုင်ရဖို့ ဆိုရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတွေ ချစ်နေတဲ့အတောအတွင်းမှာတော့ အပြည့်အဝ ရှိတတ်ကြပါတယ်။

အဲဒါကို မျက်ကန်းအချစ်လို့ခေါ်တာ။ အနာဂတ်ကို ကြို မမြင်နိုင်အောင်ကို အချစ်မျက်ကန်း ကန်းနေတာ။ တကယ်တော့ ဒါဟာကောင်းတဲ့ လက္ခဏာပေါ့။

ဒီလိုသာ မကန်းပဲ ပေါင်းပြီးခါမှ ကြုံလာမယ့် ပြသနာကို ကြိုမြင်နေမယ်ဆိုရင်တော့။ကမ္ဘာမှာ လူမျိုတုံးသွားပါလိမ့်မယ်။

နောက်တခုက ရာခိုင်နှုန်း အနည်းငယ်သော အိမ်ထောင်သည်တွေက ဘယ်လောက်ပဲ အခက်ခဲ ပြသနာတွေကြုံစေပါစေ ဘဝမုန်တိုင်းကြားကနေ နှစ်ဦးစလုံး အတူရင်ဆိုင် အောင်မြင်ကျော်လွှားနိုင်ကြတဲ့ စံထားလောက်တဲ့ အိမ်ထောင်ရှင်တွေရှိပါတယ်။

ဒီတော့ သူတို့က ဘယ်လိုလူတွေလဲ။??

စိတ်ဓာတ် ခိုင်မှာသောသူ

စိတ်ပျက်စရာကြုံလာတိုင်း စိတ်ဓာတ်မကျအောင် ထိန်းသိမ်းနိုင်သောသူ။

မေတ္တာ ကြီးသောသူ။ ။ ဘယ်သူမှားမှား ခွင့်လွှတ် နားလည်တတ်ပြီး မေတ္တာ ထားနိုင်သောသူ။

ကိုယ်ကျိုးမကြည့်တဲ့သူ

သားသမီး မျက်နှာပဲ ကြည့်ပြီး သူတို့ ဘဝလေးတွေအတွက် ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို ရိုက်ချိုး ဖျက်ဆီးပြီးသားသမီးတွေ မိစုံ ဖစုံနဲ့ မျက်နှာမငယ်အောင် နေနိုင်ရေး အတွက် ကိုယ်ကျိုးကို စတေးသောသူ။

မာန စိတ်ကို ရိုက်ချိုးသောသူ

လင်မယားကြားက မာနဟာ တခြားသူတွေကြားမှာ ထားတဲ့ မာန ထက် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။လင်မယားကြားမှာ ထားတဲ့ မာနကို ရိုက်ချိုး ဖျက်ဆီး နိုင်သောသူ။

တာဝန်ကျေသောသူ

စယူတဲ့ တာဝန်တခုကို အဆုံးတိုင်ထမ်းရွက်နိုင်သောမိဘ။တခါ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို မပြင်သောသူ။

ဒီလို အိမ်ထောင်သည်တွေသာလျင် ဆံဖြူ အိုမင်းတဲ့ ထိ အိမ်ထောင်ရေးကို လှပခိုင်မြဲ စေကြတာပါ။

အဲလို အိမ်ထောင်သည်တွေ ဖြစ်လာဖို့အတွက် ချစ်သူဘဝမှာ မျက်စိမရှိတဲ့ အချစ်နဲ့ ချစ်ပြီး အရာရာကို ရင်ဆိုင် ရဲတဲ့ သတ္တိတွေ ရှိကြပါစေ။ ။

ချစ်သူ ကို ချစ်နေရင် သူ့အနာဂတ်ကို ကြိုမကြည့်ပါနဲ့

သူနဲ့ ယူရင် ပြသနာတွေ အဲလိုကြုံရမှာ အထင်နဲ့ တခြား တစ်ယောက်နဲ့ ယူရင်လည်း အတူတူပဲ ပိုတောင်ဆိုးချင် ဆိုးဦးမှာ။ ။

ဆိုတော့ ချစ်သူရှိတဲ့ လူငယ်တွေ အိမ်ထောင်ပြုဖို့ ဘာလို့တွန့်ဆုတ် နေကြတာလဲ

လူပီသတဲ့ အလုပ်ထဲ မှာ အိမ်ထောင်ပြုဖို့လည်း ပါပါတယ်။အချစ်အတွက် ကန်းနေတဲ့ မျက်လုံးကို ခွဲစိတ် ပြုပြင်ရင်တော့ တသက်လုံး အိမ်ထောင် ပြုမိမှာ မဟုတ်ဘူး။

Credit:sweaysone