အခ်စ္ေရး

သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်

သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်

သူတောင်မခေါ်ပဲ နေနိုင်သေးတာ

ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်

သို့သော် . . . ကျွန်မ မထားနိုင်ခဲ့ဘူး

လူတချို့ပြောသလိုပါပဲ ကျွန်မလဲ စျေးပေါပါတယ် . . .

မခေါ်ပဲ မပြောပဲ ဘယ်လောက်ပဲ

ရက်တွေကြာကြာ ပြန်ခေါ်လိုက်တာနဲ့

ကျွန်မမှာ ပျော်ပြီးပြေးသွားတာပဲလေ

ဘယ်လောက်ပဲ စိတ်နာစရာတွေ ကြုံကြုံ

လူတွေက မှားတတ်ပဲလေဆိုပြီး

ဖြည့်တွေးပြီး ခွင့်လွှတ်လိုက်တာပါပဲ

တစ်ခါတစ်ရံ အလိုက်မသိတတ်တာလေးလဲပါပါသေးတယ်

မခေါ်ချင် မပြောချင်မှန်း ရိပ်လဲ မရိပ်မိခဲ့သလို

သိလဲ မသိတတ်ခဲ့ဘူး လိုက်မလားလို့

၀တ်ကျေတမ်းကျေခေါ်လဲ

ကျွန်မ မှာ ခပ်တည်တည်နဲ့ ကောက်လိုက်မိသွားတာပါပဲ

နေခဲ့လို့ ပြောတဲ့အခါ ကျွန်မ ကျန်ခဲ့တယ်

ပြန်ခေါ်တဲ့အခါ ပြေးသွားတာပါပဲ

ကျွန်မကိုယ်ကျွန်မ ထင်နေတာ

ကျွန်မက အပေါင်းအသင်းမက်တယ်

ပြီးတော့ တွယ်တာလွန်းတယ်ပေါ့

တခြားသူတွေ အမြင်မှာ ကျွန်မက စျေးပေါတယ်

အလိုက်ကန်းဆိုးလဲ မသိဘူး

ခံယူချက်ချင်းမတူ​တော့တဲ့အခါ

အဓိပ္ပါချင်း ကွဲသွားတတတ်ပါတယ်

ဆန့်ကျင်ဖက်ပဲဖြစ်ဖြစ်ပေါ့

ဖြစ်နိုင်ရင် ကျွန်မလဲ မာနလေး ရှိချင်တယ်

ဒါမှမဟုတ် စိတ်နာတတ်ချင်တယ်

နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ထက်

ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဘ၀ကို

ပိုမက်မောတယ် ရက်စက်တယ်ဆိုတဲ့

ခေါင်းစဥ်အောက်မှာ နည်းနည်းလေးနာမည်ဆိုးမယ်

မဆိုစလောက်လေး အထီးကျန်မယ်

အဲ့ထက်ပိုပြီး ကိုယ့်ကို ထိခိုက်စေနိုင်တဲ့အရာဆိုလို့

ဘာမှ မရှိဘူးလေ

တွယ်တာ တတ်လွန်းတာကျတော့

ကိုယ်လဲ ပင်ပန်းရသလို စိတ်မှာလဲ နာကျင်ရပါတယ်

နောက်ထပ်ဆက်ပြီးတော့ နာကျင်နေရဦးမယ်ဆိုရင်

ကျွန်မ ခံနိုင်ရည်ရှိပါမလားဆိုတဲ့

မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးဖြစ်တယ်

တစ်နေ့ပေါ့ မခံမရပ်နိုင်အောင် နာကျင်လာရတဲ့

တစ်နေ့ကျရင်တော့ ကျွန်မလဲ ဥပေက္ခာပြုနိုင်လာမှာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Credit

သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်

သူတောင်မခေါ်ပဲ နေနိုင်သေးတာ

ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်

သို့သော် . . . ကျွန်မ မထားနိုင်ခဲ့ဘူး

လူတချို့ပြောသလိုပါပဲ ကျွန်မလဲ ဈေးပေါပါတယ် . . .

မခေါ်ပဲ မပြောပဲ ဘယ်လောက်ပဲ

ရက်တွေကြာကြာ ပြန်ခေါ်လိုက်တာနဲ့

ကျွန်မမှာ ပျော်ပြီးပြေးသွားတာပဲလေ

ဘယ်လောက်ပဲ စိတ်နာစရာတွေ ကြုံကြုံ

လူတွေက မှားတတ်ပဲလေဆိုပြီး

ဖြည့်တွေးပြီး ခွင့်လွှတ်လိုက်တာပါပဲ

တစ်ခါတစ်ရံ အလိုက်မသိတတ်တာလေးလဲပါပါသေးတယ်

မခေါ်ချင် မပြောချင်မှန်း ရိပ်လဲ မရိပ်မိခဲ့သလို

သိလဲ မသိတတ်ခဲ့ဘူး လိုက်မလားလို့

၀တ်ကျေတမ်းကျေခေါ်လဲ

ကျွန်မ မှာ ခပ်တည်တည်နဲ့ ကောက်လိုက်မိသွားတာပါပဲ

နေခဲ့လို့ ပြောတဲ့အခါ ကျွန်မ ကျန်ခဲ့တယ်

ပြန်ခေါ်တဲ့အခါ ပြေးသွားတာပါပဲ

ကျွန်မကိုယ်ကျွန်မ ထင်နေတာ

ကျွန်မက အပေါင်းအသင်းမက်တယ်

ပြီးတော့ တွယ်တာလွန်းတယ်ပေါ့

တခြားသူတွေ အမြင်မှာ ကျွန်မက ဈေးပေါတယ်

အလိုက်ကန်းဆိုးလဲ မသိဘူး

ခံယူချက်ချင်းမတူတော့တဲ့အခါ

အဓိပ္ပါချင်း ကွဲသွားတတတ်ပါတယ်

ဆန့်ကျင်ဖက်ပဲဖြစ်ဖြစ်ပေါ့

ဖြစ်နိုင်ရင် ကျွန်မလဲ မာနလေး ရှိချင်တယ်

ဒါမှမဟုတ် စိတ်နာတတ်ချင်တယ်

နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ထက်

ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဘဝကို

ပိုမက်မောတယ် ရက်စက်တယ်ဆိုတဲ့

ခေါင်းစဉ်အောက်မှာ နည်းနည်းလေးနာမည်ဆိုးမယ်