သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။သူ့ ချစ်သူ ကောင်မလေး အပေါ်မှာသိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။
စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။
အရမ်းသည်းခံတယ် ။ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။
ဒါပေမဲ့ပေါ့ ။တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်းထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့နောက်ဆုံးတော့ ကောင်မလေး ဘက်က စ .ပြီးလမ်းခွဲထွက်သွားတယ်။
ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။ကျွန်တော်တို့ကိုတောင် –
”game အေးဆေး ဆော့လို့ရတယ်”
”သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”
ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။
သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင်ပေါ်မလာခဲ့တာပါ။အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ။
သူ့ ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊သူ့ ကို အရမ်းချစ်တဲ့သူ ၊သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကိုဆုံးရှုံးသွားရတယ် ။
သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် ။
မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကိုသူ အကြီးအကျယ် နားလည်ပြီးအရမ်းကိုခံစားသွားလိုက်ရတယ်။အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေဗလပွပေါ့။
ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာ ကိုမကြိုက်ပါနဲ့ ။အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်းပြန်ချစ်ပေးသင့်ပါတယ် ။တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။
ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ် ။မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်ကအရမ်းကို အတ္တဆန်လွန်းတယ်။အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ။
ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေကလက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။
ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့ ။
Credit
Unicode