အခ်စ္ေရး

ကိုယ္ကလိုက္ရင္ ေျပးမယ့္သူကို လိုက္မေနပဲ ျပန္လွည့္လာျပီး အရင္ကထက္ပိုျပီး လွေအာင္ေနျပလိုက္ပါ

ကိုယ္ကလိုက္ရင္ ေျပးမယ့္သူကို လိုက္မေနပဲ ျပန္လွည့္လာျပီး အရင္ကထက္ပိုျပီး လွေအာင္ေနျပလိုက္ပါ

ဟုိိအရင္တုန္းကဆိုကိုယ့္ရည္းစားနဲ႔ပတ္သက္ရင္္ သိိပ္အဆိပ္တက္တာ… ဘယ္သြားေနလဲ ဘာလုပ္ေနလဲ ေမးရတာနဲ႔ဲ အားေန စိိတ္ပူေပးရ စိုးရိမ္ေပးရတာနဲ႔

စိိတ္မခ်လို႔ အေနာက္က တေကာက္ေကာက္ လိုိက္ရတာနဲ႔ ဖုုန္းတဂြမ္ဂြမ္ဆက္ စပိုိင္လုပ္ရတာနဲ႔

Active ျဖစ္ေနရက္္ စာလာမပို႔ိရင္ စိိတ္ေကာက္ရတာနဲ႔ သူငယ္ခ်င္းေတြရန္ေၾကာက္လို႔ ဖြက္ထား ဥထားရတာနဲ႔

အျပစ္တစ္ခုခုေတြ႔ထားျပီဆို အခ်ိိန္ကုန္ခံ ရစ္ျပရတာနဲ႔ အနားကထြက္သြားမွာစိုးလို႔ ေနေပ်ာ္ေအာင္ ထားေပးရတာနဲ႔

ပတ္ဝန္းက်င္ကေျပာရင္မၾကိဳက္ ကက္ကက္လန္ရန္ေတြ႔ရတာနဲ႔

ထစ္ခနဲဆို မ်က္ရည္ကေရွ႕ကအရင္က် ငိုမိိရတာနဲ႔ ဂရုမစိုိက္ဘဲ ပစ္ထားလို႔ ပြစိပြစိလိုက္ေျပာေနရတာနဲ႔… ရည္းစားတစ္ေယာက္္ ရထားတာ…ေမ်ာက္ငပိ ကိုင္ထားရသလိုိ ဂဏာမျငိမ္ ခ်င္ေတာ့ဘူး

ငါးရံ႕ျပာထိိထားသလို ဖ်တ္ဖ်တ္ကိုလူးေနေရာဆပ္ျပာသည္လင္ေပ်ာက္သလိုိ အရူးတစ္ပိုင္းျဖစ္ျပီ သူခိုိးေရႊေကာက္ရထားတဲ့အတိုင္း အိေျႏၵကမရ ဆပ္ဆလူးကိုိ ခါေနတာ ျမင္လို႔ေတာင္မေကာင္းဘူး။

ကိုိယ္က အဲ့လိုေတြ အထိမခံျဖစ္ျပ ခ်စ္ျပလိုက္လို႔ နယူူတန္လို တန္ျပန္သက္ေရာက္ အခ်စ္မခံရတဲ့အျပင္္ ဟိုိက

ေျမာက္ကိုရီးယားသမၼတ သံံပရာသီးစားထားသလိုိ ရုပ္ကတည္ရုံတင္မက ရႈံ႕တြမဲ့ရြဲ႕ျပီး အေခ်ရုပ္ျဖစ္သြားေရာ။ ကိုိယ္က သဲသဲလႈပ္ ခ်စ္ျပေလ သူ႔ဘက္က အထာကိုင္သြားေလ ကိုိယ္က တန္ဖိုးထားျပေလ သူ႕ဘက္က ေပါ့ပ်က္ပ်က္ႏိုိင္လာေလ

ကိုိယ္က ဖက္တြယ္ျပေလ သူ႕ဘက္က ပါဝါေတြျပလာေလ ကိုိယ္က အေသအလဲ Feel ျပေလ ဒင္းက ဥေပကၡာေတြ တရစပ္ျပဳလာေလ။

ခုဆိုိ သိပ္ကိုနပ္သြားျပီ ရင့္က်က္သြားျပီေလ ဖုန္းမေခၚလို႔ ဝမ္းနည္းပက္လက္ျဖစ္ေနမယ့္အစား

Game ေဆာ့ Online ေပၚ ဂယက္ထေနလိုိက္ေရာ ေနာက္ဆိုိ ရည္းစားဆိုတာ မရွိေလေကာင္းေလ ျဖစ္လာတယ္။

သူ႔ဘက္က အဆက္အသြယ္မလုပ္လို႔ိ ေၾကကြဲေနမယ့္္အစား တရားေခြေလးနာေနလိုက္ေရာ စိိတ္ထဲ Clean ေတြျဖစ္ၿပီး ႐ုပ္ေတြပါ သန္႔လာတယ္။

ဂရုမစိုက္ဘဲပစ္ထားလို႔ ငိုိေနမယ့္အစား Gym ကိုသြား အားကစားေတြ လုပ္ေနလိုက္ ေရာ ဗိုိက္ေခါက္ကေန six pack ေတြျဖစ္ ေရလည္လန္း လာတယ္။ အခ်ိန္မေပးလို႔ိ စိတ္မေကာင္းျဖစ္ေနမယ့္ အစား မ်က္ႏွာေလးေပါင္းတင္ ကိုရီးယားကား ၾကည့္ေနလိုက္ေရာ

တစ္လေလာက္လည္းေနေရာ ကိုိယ့္အခြက္ေလးလည္း လွသထက္လွလာသလို သူ႕မ်က္ခြက္ပါ မျမင္ခ်င္ေတာ့တဲ့အထိိ ကိုရီးယား မင္းသား မင္းသမီး ပံုရိပ္ေလးေတြ ေနရာယူ လာတယ္။

ဘယ္ေလာက္ပဲ တုန္ေနေအာင္ခ်စ္ေနပါေစ ခယၿပီးဆြဲမထားနဲ႔ သိလား လႊတ္ေပးလိုက္္ ကိုိယ္ကလိုက္ရင္ ေျပးမယ့္သူကိုိ မလိုက္ဘဲ ျပန္လွည့္လာ ခဲ့ၾကည့္လိုက္ အရင္ကထက္ ပိုိလွေအာင္ေနျပလိုက္္

နင္ပစ္ထားတဲ့ ဘီလူးမႀကီးက နတ္သမီးေလးျဖစ္ၿပီအခု လုပ္ျပလိုက္ ငမ္းငမ္းတက္ ျပန္လိုိက္ ဆြဲမွာ ေသခ်ာတယ္။ ။

ခရစ္ဒစ္္

Unicode

ကိုယ်ကလိုက်ရင် ပြေးမယ့်သူကို လိုက်မနေပဲ ပြန်လှည့်လာပြီး အရင်ကထက်ပိုပြီး လှအောင်နေပြလိုက်ပါ

ဟိုအရင်တုန်းကဆိုကိုယ့်ရည်းစားနဲ့ပတ်သက်ရင် သိပ်အဆိပ်တက်တာ… ဘယ်သွားနေလဲ ဘာလုပ်နေလဲ မေးရတာနဲ့ဲ အားနေ စိတ်ပူပေးရ စိုးရိမ်ပေးရတာနဲ့

စိတ်မချလို့ အနောက်က တကောက်ကောက် လိုက်ရတာနဲ့ ဖုန်းတဂွမ်ဂွမ်ဆက် စပိုင်လုပ်ရတာနဲ့

Active ဖြစ်နေရက် စာလာမပို့ိရင် စိတ်ကောက်ရတာနဲ့ သူငယ်ချင်းတွေရန်ကြောက်လို့ ဖွက်ထား ဥထားရတာနဲ့

အပြစ်တစ်ခုခုတွေ့ထားပြီဆို အချိန်ကုန်ခံ ရစ်ပြရတာနဲ့ အနားကထွက်သွားမှာစိုးလို့ နေပျော်အောင် ထားပေးရတာနဲ့ ပတ်ဝန်းကျင်ကပြောရင်မကြိုက် ကက်ကက်လန်ရန်တွေ့ရတာနဲ့

ထစ်ခနဲဆို မျက်ရည်ကရှေ့ကအရင်ကျ ငိုမိရတာနဲ့ ဂရုမစိုက်ဘဲ ပစ်ထားလို့ ပွစိပွစိလိုက်ပြောနေရတာနဲ့… ရည်းစားတစ်ယောက် ရထားတာ…မျောက်ငပိ ကိုင်ထားရသလို ဂဏာမငြိမ် ချင်တော့ဘူး

ငါးရံ့ပြာထိထားသလို ဖျတ်ဖျတ်ကိုလူးနေရောဆပ်ပြာသည်လင်ပျောက်သလို အရူးတစ်ပိုင်းဖြစ်ပြီ သူခိုးရွှေကောက်ရထားတဲ့အတိုင်း အိန္ဒြေကမရ ဆပ်ဆလူးကို ခါနေတာ မြင်လို့တောင်မကောင်းဘူး။

ကိုယ်က အဲ့လိုတွေ အထိမခံဖြစ်ပြ ချစ်ပြလိုက်လို့ နယူူတန်လို တန်ပြန်သက်ရောက် အချစ်မခံရတဲ့အပြင် ဟိုက မြောက်ကိုရီးယားသမ္မတ သံံပရာသီးစားထားသလို ရုပ်ကတည်ရုံတင်မက ရှုံ့တွမဲ့ရွဲ့ပြီး အချေရုပ်ဖြစ်သွားရော။ ကိုယ်က သဲသဲလှုပ် ချစ်ပြလေ

သူ့ဘက်က အထာကိုင်သွားလေ ကိုယ်က တန်ဖိုးထားပြလေ သူ့ဘက်က ပေါ့ပျက်ပျက်နိုင်လာလေ ကိုယ်က ဖက်တွယ်ပြလေ သူ့ဘက်က ပါဝါတွေပြလာလေ ကိုယ်က အသေအလဲ Feel ပြလေ ဒင်းက ဥပေက္ခာတွေ တရစပ်ပြုလာလေ။

ခုဆို သိပ်ကိုနပ်သွားပြီ ရင့်ကျက်သွားပြီလေ ဖုန်းမခေါ်လို့ ဝမ်းနည်းပက်လက်ဖြစ်နေမယ့်အစား Game ဆော့ Online ပေါ် ဂယက်ထနေလိုက်ရော နောက်ဆို ရည်းစားဆိုတာ မရှိလေကောင်းလေ ဖြစ်လာတယ်။

သူ့ဘက်က အဆက်အသွယ်မလုပ်လို့ိ ကြေကွဲနေမယ့်အစား တရားခွေလေးနာနေလိုက်ရော စိတ်ထဲ Clean တွေဖြစ်ပြီး ရုပ်တွေပါ သန့်လာတယ်။

ဂရုမစိုက်ဘဲပစ်ထားလို့ ငိုနေမယ့်အစား Gym ကိုသွား အားကစားတွေ လုပ်နေလိုက် ရော ဗိုက်ခေါက်ကနေ six pack တွေဖြစ် ရေလည်လန်း လာတယ်။

အချိန်မပေးလို့ိ စိတ်မကောင်းဖြစ်နေမယ့် အစား မျက်နှာလေးပေါင်းတင် ကိုရီးယားကား ကြည့်နေလိုက်ရော

တစ်လလောက်လည်းနေရော ကိုယ့်အခွက်လေးလည်း လှသထက်လှလာသလို သူ့မျက်ခွက်ပါ မမြင်ချင်တော့တဲ့အထိ ကိုရီးယား မင်းသား မင်းသမီး ပုံရိပ်လေးတွေ နေရာယူ လာတယ်။

ဘယ်လောက်ပဲ တုန်နေအောင်ချစ်နေပါစေ ခယပြီးဆွဲမထားနဲ့ သိလား လွှတ်ပေးလိုက် ကိုယ်ကလိုက်ရင် ပြေးမယ့်သူကို မလိုက်ဘဲ ပြန်လှည့်လာ ခဲ့ကြည့်လိုက် အရင်ကထက် ပိုလှအောင်နေပြလိုက်

နင်ပစ်ထားတဲ့ ဘီလူးမကြီးက နတ်သမီးလေးဖြစ်ပြီအခု လုပ်ပြလိုက် ငမ်းငမ်းတက် ပြန်လိုက် ဆွဲမှာ သေချာတယ်။ ။