များသောအားဖြင့် မိန်းကလေးတွေဟာ ကိုယ့်ထက် အသက် ၅ နှစ် ၆ နှစ် ပိုကြီးတဲ့ ယောကျာၤးတစ်ယောက်ကို ချစ်ဖို့ ဝန်မလေးတတ်ပေမယ့် အမျိုးသားတွေကတော့ အရွယ်ရလာလေလေ ကိုယ့်ထက် အသက်ကြီးတဲ့ မမတစ်ယောက်ကို ချစ်သူထားဖို့ စဉ်းစားလေလေပါပဲ။ ဒါပေမယ့် အရွယ်ကွာတဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံခဲ့ဖူးသူတွေဟာ ပိုပြီး အမှတ်ရစရာ များတတ်ပါတယ်။
(၁) မမတွေက အမြင်ကျယ်ပြီး သဘောထားကြီးတတ်တယ်
အသက်အရွယ်ဟာ သူ့အလိုလို ဖြစ်လာတယ်ဆိုပေမယ့် အချိန်နဲ့အတွေ့အကြုံတွေဆီကနေ စိမ့်ဝင်လေ့လာခဲ့ရတာဖြစ်လို့အသက်ပိုကြီးတဲ့သူတွေက ပိုပြီး ဘဝကို နားလည်ပါတယ်။ ကိုယ့်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိရင် မမတွေကို ရင်ဖွင့်သင့်ပါတယ်။ သူ့မှာ အကြံကောင်းဉာဏ်ကောင်းတွေ ရှိသလို နှစ်သိမ့်ပေးရာမှာလည်း သူမက ဆရာတစ်ဆူပါ။
(၂) ဘာလိုချင်သလဲဆိုတာ သိတယ်
ငယ်ရွယ်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာတောင် ပြောဖို့မလွယ်တဲ့အချိန်မှာ မမတွေက ဘာဖြစ်ချင်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကြိုတင်စဉ်းစားပြီးသားပါ။ ဘဝအတွေ့အကြုံပိုများတဲ့ သူ ဖြစ်လေတော့ သူတို့လိုချင်တာအတွက် အချိန်မဖြုန်းဘဲ ဆုံးဖြတ်ချက်ကိုလည်း မြန်မြန်ဆန်ဆန် ချတတ်ပါတယ်။ ဒီတော့ မမတွေနဲ့ ချစ်သူဖြစ်ခဲ့ဖူးရင် ဒါလေးကို အတုယူခဲ့မိမှာပါ။
(၃) ငြီးငွေ့စရာ မရှိဘူး
မမတွေက ဂရုစိုက်တတ်တယ်။ ကိုယ့်ထက်ငယ်တဲ့ ချစ်သူကို ဘယ်လို ပျော်အောင် ထားရမလဲ သိတယ်။ သူတို့အနားမှာ နေရတာဟာ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သေချာတဲ့ ခံစားချက်ရတယ်။ မမတွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူ များပါတယ်။ ဒါကြောင့် သူ့အတွက်နဲ့ ကိုယ့်ဘက်က ငွေကုန်ကြေးကျ များမှာလည်း စိတ်မပူရပါဘူး။
(၄) မရစ်ဘူး
အမျိုးသမီးသဘာဝ ဂဂျီဂဂျောင်လေးတွေ ရှိပေမယ့် မမတွေက ရင့်ကျက်တာ များပါတယ်။ တော်တန်ရုံနဲ့ကိုယ့်ကို စိတ်လာကောက်မှာ မဟုတ်ဘူး။ တကယ်လို့စိတ်ကောက်တယ်ဆိုရင်တောင် သူတို့ကို ချော့ရတာ လွယ်ပါတယ်။ ကိုယ့်ဆီက ဂရုစိုက်မှုနဲ့ သူ့မျက်နှာပေါ်မှာ အပြုံးတွေကို မျှားလို့ရပါတယ်။
(၅) အတွေ့အကြုံသစ်တွေ ရမယ်
ရွယ်တူအချစ်တွေက အပြိုင်အဆိုင်ရှိတယ်။ ထစ်ခနဲဆိုရင် သူ့ဘက်ကိုယ့်ဘက် မကြည့်တတ်ဘူး။ မမတွေကတော့ ကိုယ့်ကို ချစ်ခြင်းရဲ့ အရသာအသစ် ပေးတတ်ပါတယ်။ နောက်ဆုံး Sexual အရပါ မမတွေက ဝါရင့်သူတွေ များလို့ကိုယ်နဲ့ အပြင်ထွက်ဖို့လိုလိုလားလား ရှိပါတယ်။ တစ်ခုရှိတာက မမတွေကို ချစ်မယ်ဆိုရင် ခေါင်းကြီးကြီးနဲ့ စဉ်းစားဖို့လိုပါတယ်။ အကြောင်းတစ်ခုကတော့ မမတွေဟာ သူတို့တကယ်လိုချင်တဲ့အရာကို ရအောင် ယူတတ်လို့ပါပဲ။