(၂၀)ကျော်တွေထက် အသက်(၃၀)ကျော်မမ တွေက ပိုဆွဲဆောင်မှုရှိနေရခြင်း အကြောင်းအရင်း(၇)ချက်ဒီနေ့ခေတ် အသက် ၃၀ ကျော်အမျိုးသမီးတွေဟာ ၂၀ ကျော်အရွယ်မိန်းကလေးတွေထက် ပိုပြီးလည်းလှ ပိုပြီးလည်းစမတ်ကျကြည့်ကောင်းနေကြတာကိုတွေ့ရပါတယ်။အထူးသဖြင့် အပေါ်ယံလှနေတာမျိုးပဲမဟုတ်ဘဲ သူတို့ရဲ့ အပြုအမူ၊အပြောအဆိုနဲ့ ခံယူချက် စတာတွေကလည်း လေးစားစရာကောင်းနေပြီး အဖက်ဖက်က ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတာမျိုးပါ။အဲ့ဒီလိုမျိုး အဖက်ဖက်က ပြည့်စုံလှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေတာဟာ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်နော်
(၁) အသက်ကြီးလာပြီလို့တွေးပြီး စိတ်ဖိစီးတာမျိုးမရှိဘူး ”အသက် ၃၀ အရွယ်ကိုရောက်လာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အသက်ရလာပြီ၊ အိမ်ထောင် မပြုသေးဘူးလား၊ ကလေးမယူသေးဘူးလား စသဖြင့် မေးတတ်ကြပါတယ်။ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေကို ဂရုစိုက်မနေဘဲအေးအေးဆေးဆေး လစ်လျူရှုနေနိုင်တဲ့အပြင်ကိုယ့်အတွက် အမှန်တကယ် သင့်တော်တဲ့အရာ ၊ ကိုယ့်ကို စိတ်ချမ်းသာစေတဲ့အရာက ဘာလဲဆိုတာကို သေချာသိပြီးရွေးချယ်နိုင်တာကြောင့် အပူအပင်ကင်းကင်းနဲ့တက်ကြွလှပနေနိုင်တာပါ ။
(၂) ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကဘာလဲ ကောင်းကောင်းသိတယ် ”မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစား မတူကြတာကြောင့် သူနဲ့လှနေတဲ့ ဖက်ရှင်က ကိုယ်နဲ့ လှချင်မှလှတာပါ။ဒါကို ၃၀ ကျော်မတ်မတ်တွေက ကောင်းကောင်းနားလည်နေပြီး ကိုယ်နဲ့ ဘယ်လိုဖက်ရှင်နဲ့ လိုက်ဖက်တယ်၊ ဘယ်နေရာကို ဘာဝတ်သွားရင်သင့်တော်တယ်ဆိုတာကိုလည်း ကောင်းကောင်းကြီး သိနေတာကြောင့် ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျ၊ ကြည့်ကောင်းနေတာမျိုးပါ ။(၃) အရည်အသွေးကောင်းတာတွေ ရွေးချယ်တယ် ဈေးပေါတဲ့ပစ္စည်းတွေ အများကြီးသုံးတာထက် အရည်အသွေးကောင်းတဲ့ အဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေကို သုံးတာကြောင့် အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးနဲ့ ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားပါတယ် ။
(၄) ကိုယ့်ကိုယ်ကို လေးစားတယ် ”မရင့်ကျက်ခင် အချိန်ကလို ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကို အောက်ကျနောက်ကျခံပြီး ဆွဲမထားတတ်တော့ဘူး၊ကိုယ့်ကို မလိုလားတဲ့ ပတ်ဝန်းကျင်မှာ တွယ်ကပ်နေတာမျိုးတွေ မလုပ်တော့ဘူး၊ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုလေးစားတတ်နေပြီးကိုယ့်အထာလေးနဲ့ ကိုယ်နေတတ်လာတာကလည်း ၃၀ ကျော်မမတွေ ကြည့်ကောင်းနေရခြင်းထဲက အချက်တစ်ခုပါပဲ ။(၅) မဝံ့မရဲပုံစံမျိုးမရှိဘူး ”ဒီအချိန်မှာ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကလည်း မနည်းတော့ဘူး၊ အတွေ့အကြုံတွေကလည်း မနည်းတော့ဘူး ၊ဒါကြောင့် အရင်ကလို မဝံ့မရဲပုံစံမျိုးတွေ မရှိတော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်၊အဲ့ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေတဲ့ပုံစံကပဲ မတ်မတ်တွေကို ဆွဲဆောင်မှုပိုရှိစေတာပါ ။
(၆) ကိုယ့်အတွက်ထိခိုက်မယ့် အလေ့အကျင့်တွေကိုရှောင်တယ် ”ဒီအသက်အရွယ်မှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီ၊ နားလည်သင့်တာတွေကို သိနားလည်နေပြီဖြစ်တဲ့အတွက်ကိုယ့်အတွက် ထိခိုက်စေတဲ့ မိုက်ရူးရဲလုပ်ရပ်တွေ မလုပ်တော့ဘူး၊ စိတ်ညစ်စရာတွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်မထားတော့ဘဲ ရုန်းထွက်တတ်လာပြီ၊ကိုယ့်ကိုယ်ကို ပျော်အောင်ထားတတ်လာပြီမို့ စိတ်ညစ်၊ စိတ်ဆင်းရဲနေတာမျိုးတွေ မရှိဘဲ ပေါ့ပါးလန်းဆန်းနေတာပါ ။(၂၀)ကျော်တွေထက် အသက်(၃၀)ကျော်မမ တွေက ပိုဆွဲဆောင်မှုရှိနေရခြင်း အကြောင်းအရင်း(၇)ချက်
(၇) အရှိကိုအရှိအတိုင်း လက်ခံတတ်တယ် ”အရင်ကတော့ ကိုယ့်ကိုယ်ကို မလှဘူးလို့ထင်တဲ့နေရာတွေကို အတင်းပြုပြင်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ဒါပေမယ့် အခုတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အပြစ်အနာအဆာလို့ ထင်ရတဲ့အရာတွေကို အရှိအတိုင်း လက်ခံပြီး နေတတ်လာပြီ၊အားသာချက်ကို များသထက်များအောင် လုပ်ပြီး အားနည်းချက်တွေကို လက်ခံတတ်လာပြီ၊ ဒီအချက်ကပဲ အသက် ၃၀ ကျော် မမတွေကို ပိုပြီးရင့်ကျက်လှပတဲ့ အမျိုးသမီးလေးတွေ ဖြစ်နေစေတာပါပဲနော် ။
Credit