အခ်စ္ေရး

ရှားပါးစာရင်းဝင် ချစ်သူလက္ခဏာ (၅) မျိုး

ရှားပါးစာရင်းဝင် ချစ်သူလက္ခဏာ (၅) မျိုး

ဒီလိုလူမျိုးတွေ့ရင် လုံး၀ လက်လွတ်မခံပါနဲ့

အချစ်စစ် ဆိုတာ

တဖြည်းဖြည်း ရှားပါး လာတာနဲ့ အမျှ

သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊

ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊

သစ္စာရှိရှိ ချစ်တဲ့သူဆိုတာ

တကယ်ကို ရှားပါးလာမှာ ဖြစ်ပါတယ် …။

တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့

ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ်

ဆိုရင်တော့ သင်ဟာအရမ်းကို

ကံကောင်းတာကြောင့်

လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေနော်…

(၁) သင့်ဆီက ဘာမှမမက်မောဘူး

ဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊

ကျောထောက်နောက်ခံတွေ၊

သင့်ရဲ့ဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေကို

စိတ္မဝင္စားတဲ့သူပါ …။

သူ့စိတ်ထဲမှာ သင့်ကိုသင်လို့ပဲ မြင်ပြီး

သင်ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊

သင့်ကိုအမြဲတမ်း ချစ်နေမယ့်သူ ဖြစ်ပါတယ် …။

ဒါကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘာမှမမက်မောပဲ

သင့်ဆီမှာ ဘာမှမရှိသည့်တိုင်အောင်

သင့်ကိုချစ်နေတဲ့ မိန်းကလေးမျိုးကို

ဘယ်တော့မှ လက်လွှတ်မခံပါနဲ့ …။

(၂) အရမ်းဂရုစိုက်တယ်

သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းဂရုစိုက်မယ့် သူပါ။

တစ်ခါတလေမှာ သင်ကိုယ်တိုင်တောင်

ဖွင့်ပြောလို့ မတတ်တဲ့ နာကျင်စရာတွေ၊

အဆင်မပြေမှုတွေကို သင်မပြောလည်း သိနေ၊

နားလည်ပေးနေတဲ့ သူပါ …။

အကြောင်းကတော့ သင့်ကို အသေးအမွှားကအစ

အရမ်းဂရုစိုက်တဲ့သူ ဖြစ်နေတာကြောင့်ပါ။

ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့ …။

(၃) အကောင်းမြင်စိတ်ရှိတယ်

အကောင်းမြင်စိတ်ရှိတဲ့

မိန်းကလေး ဆိုတာ ရွှေလိုပဲ အဖိုးတန်ပါတယ် …။

လောကကြီးဟာ ဘယ်တော့မှ

သင့်စိတ်တိုင်းကျ ဖြစ်လာမှာ မဟုတ်သလို၊

လောကကြီးမှာ နေထိုင်အသက်ရှင်နေသရွေ့

စိတ်ကျေနပ်မှု အမြဲတမ်း မရနိုင်ပါဘူး …။

ဒီလိုအရာတွေကို နားလည်ထားပြီး

အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးဟာ

သင့်ဘဝကို ငြိမ်းချမ်းခြင်းတွေ

ယူဆောင်လာပေးမယ့် သူဖြစ်ပါတယ် …။

(၄) ကြိုးစားတယ်

ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်

ရပ်နိုင်ဖို့ ကြိုးစားတဲ့ မိန်းကလေးမျိုးကို

ပိုင်ဆိုင်ထား ရတယ်ဆိုရင် သင်အရမ်း ကံကောင်းပါတယ် …။

သူမရဲ့စိတ်ဓာတ်ဟာ အရမ်းကို မြင့်မြတ်ပြီး

သင့်ကို အထောက်အကူ ကောင်းတွေပေးမယ့်၊

သင့်ကို ကြီးပွားချမ်းသာမှုတွေ

ဆောင်ကျဉ်းလာပေးမယ့် မိန်းကလေးဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့ …။

(၅) သစ္စာရှိတယ်

ဒါကတော့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။

သင်နဲ့ နီးနေသည်ဖြစ်စေ၊ ဝေးနေသည် ဖြစ်စေ

သင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီး

သင့်ကို အမြဲတမ်းချစ်နေမယ့် သူပါ …။

သင့်ရဲ့အနီးမှာ ရှိမနေရင်တောင်မှ

သင့်အပေါ် အမြဲသစ္စာရှိမယ်ဆိုတာ

ယုံကြည်စိတ်ချရတဲ့ သူဖြစ်ပါတယ်။

ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတာ

သင်အရမ်း ကံကောင်းပါတယ် …။

ဒီလိုလူမျိုးနောက်တစ်ယောက်

တွေ့ဖို့ဆိုတာ မလွယ်တာကြောင့်

လုံး၀ လက်လွှတ် မခံပါနဲ့နော် …။ ။

Credit