အခ်စ္ေရး

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး၊ ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ်

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး၊ ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ်

ချစ်တယ်ဆိုတဲ့ စကားလေး တစ်ခွန်းပြောဖို့အချိန်လေးခဏပဲ လိုပါတယ်။ ဒါပေမယ့် အဲ့ဒီ အနောက်မှာ ဂရုစိုက်မှုတွေပါ ဖို့လိုတယ်လေ ။

ဒါမှ ချစ်ရာရောက် မှာပေါ့။ တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်တွေးမိတယ် ငါက ချစ်သူ ရှိတာလား ဒါမှမဟုတ် တစ်ယောက်တည်းသမားလားပေါ့ တကယ်ကို အဲ့လို တွေးမိတာပါ ။

တစ်ယောက်တည်း သမားတွေနဲ့ ဘာမှ မထူးခြားဘူးလေ။ သတိတရနဲ့ ဖုန်းဆက် လာတယ်လို့လဲ မရှိဘူး။ ထူးထူးခြားခြားလဲ အမှတ်ရ နေစရာတွေလည်း မရှိဘူး ။

သာမန်ကောင်မလေး တစ်ယောက် ဖြတ်သန်းသလိုလေးပဲ ဖေ့စ်ဘုတ် သုံးတယ်၊ သီချင်းနားထောင်တယ်၊ စာအုပ်ဖတ်ချင် ဖတ်တယ်၊ ပြီးရင် အချိန်တန်တဲ့ အခါအိပ် တယ်။ ကျွန်မ မမျှော်တတ်တော့ဘူး ။

အရင်တုန်းက သူ ဖုန်းဆက်လာ ရင်ကောင်းမှာ ဆိုတဲ့ စိတ်လေးနဲ့ မျှော်နေမိတတ် တာကိုတော့ ကျွန်မ ဝန်ခံပါတယ် ဒါပေမယ့်နောက်ပိုင်း ပစ်ထားခံရ တာတွေ သိပ်များလာလို့ထင်တယ် ကျွန်မ တဖြေးဖြေးနေ တတ် လာတယ် ။

တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် ရည်းစားရှိတာ မေ့ချင်မေ့နေတတ် တာမျိုးလေ ။

ချစ်တယ် ပြောတတ်ရုံနဲ့ အချစ်တစ်ခုက နွေးထွေးလာတတ်တာ မဟုတ်ဘူးလေ။ ကြက်တူရွေးကို စကားသင်ပြီး ချစ်တယ်ပြော ခိုင်းတာမှ နားဝင်ပို ချိုပါဦးမယ် ။

ခုက ပါးစပ်ကသာ အရမ်းချစ်တယ် ချစ်တယ် နဲ့ အနောက်မှာ ဘာဂရုစိုက်မှုမှ မပါ။ ဘာကြင်နာမှုမှ မရှိတဲ့အချိန်ကို ကျွန်မတကယ်ကို နားမလည် တတ်တော့ဘူး ။

ကျွန်မ တို့တွေက ချစ်နေကြတာလား၊ ဒါမှမဟုတ်ပြတ်သွားပြီလားလို့ ပြန်စဉ်းစားရတာလဲ အကြိမ်ကြိမ်အခါခါပါ။ နောက်ဆို ချစ်တယ် ပြောတတ်ရုံလောက်နဲ့ မိန်းကလေး တစ်ယောက်ကို ဒုက္ခမပေးပါနဲ့ မိန်းကလေးဆိုတာမျိုးကလေ တွယ်တာတတ်တယ် ပြီးတော့ ဂရုစိုက်ခံချင်ကြတယ် ဟုတ်သည်ရှိ မဟုတ်ရှိ

သူ့တို့လိုအပ်နေတဲ့ အခါလေးမှာ စကားတွေပြောပေးနေ တာကိုကိုပဲ ပျော်နေတတ်ကြ တာမျိုးလေ။ အလုပ်တွေ တအားများတယ် လို့ ကိုယ့်ကိုကိုယ်တွေးရင် ရည်းစားမထားပါနဲ့ ။

မချစ်ပြတတ်လို့ပါဆိုရင် ချစ်တဲ့ အကြောင်းတွေ လာမပြောနဲ့အဲ့တာက ပိုကောင်းပါတယ်။ မဟုတ်ရင် ချစ်တယ်ပြောပြီး ပစ်ထားခံရ တာလဲ ရင်ထဲ နာရပါတယ်နော် ။

Credit

Zawgyi

လမ္းခြဲျပတ္စဲမွ အသည္းကြဲတာမဟုတ္ပါဘူး၊ ခ်စ္တယ္ေျပာၿပီး ပစ္ထားခံရတာလဲ ရင္ထဲနာရပါတယ္

ခ်စ္တယ္ဆိုတဲ့ စကားေလး တစ္ခြန္းေျပာဖို႔အခ်ိန္ေလးခဏပဲ လိုပါတယ္။ ဒါေပမယ့္ အဲ့ဒီ အေနာက္မွာ ဂ႐ုစိုက္မႈေတြပါ ဖို႔လိုတယ္ေလ ။

ဒါမွ ခ်စ္ရာေရာက္ မွာေပါ့။ တစ္ခါတစ္ေလက်ရင္ ကိုယ့္ကိုကိုယ္ေတြးမိတယ္ ငါက ခ်စ္သူ ရွိတာလား ဒါမွမဟုတ္ တစ္ေယာက္တည္းသမားလားေပါ့ တကယ္ကို အဲ့လို ေတြးမိတာပါ ။

တစ္ေယာက္တည္း သမားေတြနဲ႔ ဘာမွ မထူးျခားဘူးေလ။ သတိတရနဲ႔ ဖုန္းဆက္ လာတယ္လို႔လဲ မရွိဘူး။ ထူးထူးျခားျခားလဲ အမွတ္ရ ေနစရာေတြလည္း မရွိဘူး ။

သာမန္ေကာင္မေလး တစ္ေယာက္ ျဖတ္သန္းသလိုေလးပဲ ေဖ့စ္ဘုတ္ သုံးတယ္၊ သီခ်င္းနားေထာင္တယ္၊ စာအုပ္ဖတ္ခ်င္ ဖတ္တယ္၊ ၿပီးရင္ အခ်ိန္တန္တဲ့ အခါအိပ္ တယ္။ ကြၽန္မ မေမွ်ာ္တတ္ေတာ့ဘူး ။

အရင္တုန္းက သူ ဖုန္းဆက္လာ ရင္ေကာင္းမွာ ဆိုတဲ့ စိတ္ေလးနဲ႔ ေမွ်ာ္ေနမိတတ္ တာကိုေတာ့ ကြၽန္မ ဝန္ခံပါတယ္ ဒါေပမယ့္ေနာက္ပိုင္း ပစ္ထားခံရ တာေတြ သိပ္မ်ားလာလို႔ထင္တယ္ ကြၽန္မ တေျဖးေျဖးေန တတ္ လာတယ္ ။

တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ေတာင္ ရည္းစားရွိတာ ေမ့ခ်င္ေမ့ေနတတ္ တာမ်ိဳးေလ ။

ခ်စ္တယ္ ေျပာတတ္႐ုံနဲ႔ အခ်စ္တစ္ခုက ေႏြးေထြးလာတတ္တာ မဟုတ္ဘူးေလ။ ၾကက္တူေ႐ြးကို စကားသင္ၿပီး ခ်စ္တယ္ေျပာ ခိုင္းတာမွ နားဝင္ပို ခ်ိဳပါဦးမယ္ ။

ခုက ပါးစပ္ကသာ အရမ္းခ်စ္တယ္ ခ်စ္တယ္ နဲ႔ အေနာက္မွာ ဘာဂ႐ုစိုက္မႈမွ မပါ။ ဘာၾကင္နာမႈမွ မရွိတဲ့အခ်ိန္ကို ကြၽန္မတကယ္ကို နားမလည္ တတ္ေတာ့ဘူး ။

ကြၽန္မ တို႔ေတြက ခ်စ္ေနၾကတာလား၊ ဒါမွမဟုတ္ျပတ္သြားၿပီလားလို႔ ျပန္စဥ္းစားရတာလဲ အႀကိမ္ႀကိမ္အခါခါပါ။ ေနာက္ဆို ခ်စ္တယ္ ေျပာတတ္႐ုံေလာက္နဲ႔ မိန္းကေလး တစ္ေယာက္ကို ဒုကၡမေပးပါနဲ႔ မိန္းကေလးဆိုတာမ်ိဳးကေလ တြယ္တာတတ္တယ္ ၿပီးေတာ့ ဂ႐ုစိုက္ခံခ်င္ၾကတယ္ ဟုတ္သည္ရွိ မဟုတ္ရွိ

သူ႔တို႔လိုအပ္ေနတဲ့ အခါေလးမွာ စကားေတြေျပာေပးေန တာကိုကိုပဲ ေပ်ာ္ေနတတ္ၾက တာမ်ိဳးေလ။ အလုပ္ေတြ တအားမ်ားတယ္ လို႔ ကိုယ့္ကိုကိုယ္ေတြးရင္ ရည္းစားမထားပါနဲ႔ ။

မခ်စ္ျပတတ္လို႔ပါဆိုရင္ ခ်စ္တဲ့ အေၾကာင္းေတြ လာမေျပာနဲ႔အဲ့တာက ပိုေကာင္းပါတယ္။ မဟုတ္ရင္ ခ်စ္တယ္ေျပာၿပီး ပစ္ထားခံရ တာလဲ ရင္ထဲ နာရပါတယ္ေနာ္ ။

Credit