အခ်စ္ေရး

အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါသင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ်

အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါသင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ်

ခုပြထားတဲ့ ပုံလေးသုံးပုံမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့ သင်ထင်တဲ့ စုံတွဲတစ်တွဲပုံကို ရွေးချယ်လိုက်ပါ။

ပြီးရင်တော့ သင်ရွေးချယ်လိုက်တဲ့ပုံလေးကနေတစ်ဆင့် သင့်ရဲ့အချစ်ရေးကိုပြောပြပေးပါမယ်။ အဖြေတွေကိုတော့ အောက်မှာကြည့်လိုက်ပါနော်။

ပုံ (၁) ကို ရွေးခဲ့ရရင်

ဒီပုံလေးကိုရွေးချယ်လိုက်တဲ့ သင့်အချစ်ရေးကတော့ အေးဆေးတည်ငြိမ်တဲ့ အချစ်မျိုးပါ။ သင့်ချစ်သူနဲ့ဓာတ်ပုံတွေသင့်အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Social Media တွေပေါ်မှာ လူသိရှင်ကြားချပြနေစရာမလိုဘူး ဆိုတဲ့အတွေးမျိုးရှိသူပါ။

သင်ဟာ Social Media ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုကို ရဖို့ထက် လက်တွေ့ဘဝမှာ လက်တွေ့ကျကျ ချစ်ရတာကိုပဲ နှစ်သက်သူပါ။

ပုံ (၂) ကို ရွေးခဲ့ရင်

သင်ဟာ သင့်ရဲ့ခံစားချက်တွေကို လူသိရှင်ကြားထုတ်ပြတတ်ပါတယ်။ သင့်ခံစားချက်ကို ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်သူပါ။

သင်သိထားရမှာက သင့်ချစ်သူဘယ်သူဘယ်ဝါ သင်တို့ပြဿနာ အဝဝကို သူများကိုပြောပြနေစရာမလိုပါဘူး။ ဒီလိုမှမဟုတ်ရင်စနိုက်ကြော်ပြဿနာတွေ စိတ်ညစ်စရာတွေ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။

ပုံ(၃) ကို ရွေးခဲ့ရင်

သင်နဲ့သင့်ချစ်သူနှစ်ယောက်လုံးဟာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်သမားတွေပါ။ တစ်ယောက်ကို တစ်ယောက်ယုံကြည်ကြသလိုတစ်ပါးသူရဲ့အမြင်တွေဟာ သင်တို့အတွက် အရေးမကြီးပါဘူး။

သင်တို့နှစ်ယောက် ဘယ်လောက်ကြည်နူးနေရလဲ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်နေကြလဲဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ကြော်ငြာနေမယ့်သူတွေမဟုတ်ပါဘူး။

လက်ရှိနဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားတဲ့သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ တကယ့်ကို စံနမူနာယူထိုက်တဲ့ အချစ်ရေးမျိုးပါပဲ။

zawgyi




ပုံ (၁) ကို ရွေးခဲ့ရရင်



ပုံ (၂) ကို ရွေးခဲ့ရင်



ပုံ(၃) ကို ရွေးခဲ့ရင်


