ေဗဒင္

သား ညကျ ရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

သားမက်က ညကျရင် ပွဲကြမ်းဖို့ ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ ကို ယောက္ခထီးကြီးက အကုန်ကြိတ်လိုက်သောအခါ

ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်း သိကြမယ်ထင်ပါတယ်။

” မကြင်မြ..”

” ဘာတုန်းကိုဆောင်း ”

” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း”

” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်က ဘယ်မှာထားလို့လဲ ”

” ကြောင်အိမ်ပေါ် တင်ထားတာလေ ”မောင်ဆောင်း အတော်ဒေါသထွက် မိတယ်။

ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။

ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား ။

” ငဆောင်း.. ”

” ဗျာ..အဖေ ”

” ခဏလာဦး…မောင်ဆောင်းရဲ့ ယောက္ခထီးကလှမ်းခေါ်တော့ မောင်ဆောင်းလည်း ဒေါသကိုချုပ်တည်းပြီး ယောက္ခထီးဆီသွားရတာပေါ့ ။

” ခွေးလှေးယားသီးအစေ့ကို ဘာဖြစ်လို့ စားရတာလဲ ”

” အမ်…ကြိုက်..ကြိုက်လို့ပါအဖေ”

“ဟေ့ကောင်…ငါ့ကို မလိမ်နဲ့ ။ အမှန်ပြောစမ်း ”

” ဟွာလေ….ဟွာကောင်းတာ ”

” ဟေ့ကောင်….ကောင်းကောင်းဖြေစမ်း ”

” အဖေကလည်းဗျာ ၊ ဘာလို့သိချင်တာလဲ ”

” သိချင်လို့ မေးနေတာပေါ့ကွ ”

” ဟာဗျာ…ပြောမကောင်းပါဘူး ၊ အဖေ့သမီး ကြင်မြကိုမေးသာကြည့် ”

” ဟေ့ကောင်….ငဆောင်း…၊ ငါမသိဘူးမှတ်နေလား ။ ငါ ငတုံးမဟုတ်ဘူးကွ ။ မင်းစားနေတဲ့ ခွေးလှေးယားသီးအနက်စေ့က အဟွာအားကောင်းတာ ငါသိတယ် ”

” ဗျာ…. အဖေက ဘယ်လိုလုပ်ပြီး သိတာလဲ ”

” ငါ့ကိုဘာမှထပ်မမေးနဲ့ ။ မင်းရဲ့ ခွေးလှေးယားသီးစေ့တွေ ငါ အကုန်စားလိုက်တာ ”

” အ……အဖေ…..”

” မင်းတကယ်သောက်ရူးပဲ ငဆောင်း….။ ငါ အကုန်စားတာတောင် ဘာမှမဖြစ်ဖူး ”

” ဗျာ….”

” ကိုဘတင့်….၊ ကျွန်မ မပြောသင့်လို့ အသာငြိမ်နေတာ ၊ ရှင်က ခွေးလှေးယားသီး မစားနဲ့တော့ ၊ ရှင် ခွေးလှေးယားသီးစေ့စားရင် ကျွန်မ ရှင်နဲ့အတူမအိပ်တော့ဘူး ”

ခွေးလှေးယားသီးစေ့ရဲ့အစွမ်းကို မောင်ဆောင်းရဲ့ယောက္ခထီးက လက်တွေ့ပြလိုက်ပြီဆိုတော့ မောင်ဆောင်း ကျေနပ်ပြီလေ ။ ဒါပေမဲ့….

” ဟေ…..ဘာဖြစ်လို့လဲဟ…၊ ငါလည်းဘာမှမလုပ်ရပါဘူးဟာ ”

” ရှင် ဘာမှမလုပ်နိုင်တာ ရှင့်ကိုယ်ရှင်သိရင်ပြီးရော ၊ ကျွန်မလည်း အဲဒါတွေ စိတ်မဝင်စားဘူး ”

” ဒါဆို..မင်းကဘာလို့ပြောနေလဲ ”

” ပြောရမှာပေါ့…ခွေးလှေးယားသီးစားပြီး တစ်ညလုံး လေ လည်နေတာ ကျွန်မ မခံစားနိုင်ဘူး ”

” ဟေ…..”

Ref – မောင်ဆောင်း ~ဆရာ လွင်ဦးဟန် (mmlivenews.com)

 

သားမက္က ညက်ရင္ ပြဲၾကမ္းဖို႔ ဝယ္ထားတဲ့ ေခြးလ်ားနက္ေစ့ေတြ ကို ေယာကၡထီးႀကီးက အကုန္ႀကိတ္လိုက္ေသာအခါ

က်ား အားတိုးေဆးထဲမာေခြးလ်ားနက္ေစ့အေၾကာင္း သိၾကမယ္ထင္ပါတယ္။

” မၾကင္ျမ..”

” ဘာတုန္းကိုေဆာင္း ”

” ငါ့ ေခြးေလွးယားသီး အနက္ေစ့ေတြ ဘယ္မတုန္း”

” ဟင္…..က်ဳပ္လည္း ဘယ္သိမတုန္း ၊ ေတာ္က ဘယ္မွာထားလို႔လဲ ”

” ေၾကာင္အိမ္ေပၚ တင္ထားတာေလ ”ေမာင္ေဆာင္း အေတာ္ေဒါသထြက္ မိတယ္။

ဘယ့္ႏွယ္ဗ်ာ…ေခြးေလွးယားသီးအနက္ေစ့က က်ားခြန္အားတိုးတယ္ဆိုလို႔ ဝယ္စားပါတယ္ ။

ဘယ္သူမွ မစားေလာက္ပါဘူးေလဆိုၿပီး ေၾကာင္အိမ္ေပၚတင္ထားကာမွ ေပ်ာက္ခ်င္းမလွေပ်ာက္ သြားေတာ့ ေဒါသမထြက္ပဲရွိမလား ။

” ငေဆာင္း.. ”

” ဗ်ာ..အေဖ ”

” ခဏလာဦး…ေမာင္ေဆာင္းရဲ႕ ေယာကၡထီးကလွမ္းေခၚေတာ့ ေမာင္ေဆာင္းလည္း ေဒါသကိုခ်ဳပ္တည္းၿပီး ေယာကၡထီးဆီသြားရတာေပါ့ ။

” ေခြးေလွးယားသီးအေစ့ကို ဘာျဖစ္လို႔ စားရတာလဲ ”

” အမ္…ႀကိဳက္..ႀကိဳက္လို႔ပါအေဖ”

“ေဟ့ေကာင္…ငါ့ကို မလိမ္နဲ႔ ။ အမွန္ေျပာစမ္း ”

” ဟြာေလ….ဟြာေကာင္းတာ ”

” ေဟ့ေကာင္….ေကာင္းေကာင္းေျဖစမ္း ”

” အေဖကလည္းဗ်ာ ၊ ဘာလို႔သိခ်င္တာလဲ ”

” သိခ်င္လို႔ ေမးေနတာေပါ့ကြ ”

” ဟာဗ်ာ…ေျပာမေကာင္းပါဘူး ၊ အေဖ့သမီး ၾကင္ျမကိုေမးသာၾကည့္ ”

” ေဟ့ေကာင္….ငေဆာင္း…၊ ငါမသိဘူးမွတ္ေနလား ။ ငါ ငတုံးမဟုတ္ဘူးကြ ။ မင္းစားေနတဲ့ ေခြးေလွးယားသီးအနက္ေစ့က အဟြာအားေကာင္းတာ ငါသိတယ္ ”

” ဗ်ာ…. အေဖက ဘယ္လိုလုပ္ၿပီး သိတာလဲ ”

” ငါ့ကိုဘာမွထပ္မေမးနဲ႔ ။ မင္းရဲ႕ ေခြးေလွးယားသီးေစ့ေတြ ငါ အကုန္စားလိုက္တာ ”

” အ……အေဖ…..”

” မင္းတကယ္ေသာက္႐ူးပဲ ငေဆာင္း….။ ငါ အကုန္စားတာေတာင္ ဘာမွမျဖစ္ဖူး ”

” ဗ်ာ….”

” ကိုဘတင့္….၊ ကြၽန္မ မေျပာသင့္လို႔ အသာၿငိမ္ေနတာ ၊ ရွင္က ေခြးေလွးယားသီး မစားနဲ႔ေတာ့ ၊ ရွင္ ေခြးေလွးယားသီးေစ့စားရင္ ကြၽန္မ ရွင္နဲ႔အတူမအိပ္ေတာ့ဘူး ”

ေခြးေလွးယားသီးေစ့ရဲ႕အစြမ္းကို ေမာင္ေဆာင္းရဲ႕ေယာကၡထီးက လက္ေတြ႕ျပလိုက္ၿပီဆိုေတာ့ ေမာင္ေဆာင္း ေက်နပ္ၿပီေလ ။ ဒါေပမဲ့….

” ေဟ…..ဘာျဖစ္လို႔လဲဟ…၊ ငါလည္းဘာမွမလုပ္ရပါဘူးဟာ ”

” ရွင္ ဘာမွမလုပ္ႏိုင္တာ ရွင့္ကိုယ္ရွင္သိရင္ၿပီးေရာ ၊ ကြၽန္မလည္း အဲဒါေတြ စိတ္မဝင္စားဘူး ”

” ဒါဆို..မင္းကဘာလို႔ေျပာေနလဲ ”

” ေျပာရမွာေပါ့…ေခြးေလွးယားသီးစားၿပီး တစ္ညလုံး ေလ လည္ေနတာ ကြၽန္မ မခံစားႏိုင္ဘူး ”

” ေဟ…..”

Ref – ေမာင္ေဆာင္း ~ဆရာ လြင္ဦးဟန္ (mmlivenews.com)