အရွယ်ရောက်လာတာနဲ့ ကိုယ်စီ အချစ်ကို ရှာတွေ့ပြီး စုံတွဲတွေအဖြစ်နဲ့ ဖြတ်သန်းနေကြပေမယ့်လည်း တစ်ချို့တွေကတော့ Single ဘဝနဲ့ အကြာကြီး နေနေတတ်ကြပါတယ်။ Single ဘဝကို ရွေးချယ်တဲ့သူအများစုကတော့ တမင်တကာ ရွေးချယ်ထားကြတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ အခုလို အကြောင်းပြချက်တွေ ကိုယ်စီ ရှိနေကြတာပဲ ဖြစ်ပါတယ်။
(၁) ချစ်ရတဲ့သူကို မတွေ့သေးလို့
တစ်ချို့တွေကတော့ စိတ်မပါရင် ချစ်သူလည်း မထားချင်တတ်ကြပါဘူး။ သူတို့က တကယ်ချစ်မိမှသာ ချစ်သူ ထားဖို့ ရည်ရွယ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က right person တွေ့ဖို့ကို မျှော်လင့်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ စိတ်မကစားတတ်သလို ကိုယ့်ကို တကယ်ချစ်မယ့်သူနဲ့ ကိုယ်က တကယ် ချစ်ပေးနိုင်တဲ့သူကိုသာ ချစ်သူအဖြစ် လက်တွဲဖို့ ဆုံးဖြတ်ထားတဲ့သူတွေ ဖြစ်ပါတယ်။
(၂) ရည်းစားဟောင်းကို မေ့မရသေးလို့
တစ်ချို့တွေကတော့ အချစ်ကို ကြုံတွေ့ဖူးကြတဲ့သူတွေ ဖြစ်ပါတယ်။ အချစ်ကို တွေ့ခဲ့ပြီး အသည်းကွဲတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ နောက်ထပ် ချစ်သူ ထပ်မထားဖြစ်တော့တာမျိုး ဖြစ်ပါတယ်။ သူတို့ ချစ်ရတဲ့သူကို မေ့မရသေးတာကြောင့် နောက်ထပ် ထပ်မချစ်မိသေးဘဲ တစ်ယောက်တည်း နေနေကြတာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ သူတို့ ချစ်ခဲ့သူနဲ့ ပြန်ဆုံမလားဆိုတဲ့ အကြောင်းပြချက်နဲ့ စောင့်နေကြတာ ဖြစ်ပါတယ်။
(၃) စုံတွဲ ဖြစ်ရတာ စိတ်ရှုပ်လို့
တစ်ချို့တွေကတော့ ချစ်သူထားရတာမျိုးကို စိတ်ရှုပ်ကြရပါတယ်။ တစ်ယောက်ကို တစ်ယောက် အလျှော့ပေးရင်း နေရတာမျိုးကို စိတ်ရှုပ်တတ်သလို ရန်ဖြစ်နေတဲ့ စုံတွဲတွေကိုလည်း စိတ်ရှုပ်တတ်ကြပါတယ်။ ဒီအချက်ကြောင့် သူတို့တွေက စုံတွဲဖြစ်ဖို့ကို စိတ်အားထက်သန်မှုလည်း ရှိမနေကြတာကြောင့် သူတို့ဆီ ချစ်ခွင့်ပန်သမျှကိုလည်း ငြင်းပစ်လေ့ ရှိပါတယ်။
(၄) တစ်ယောက်တည်းနေရတာကို သဘောကျလို့
တစ်ချို့တွေကတော့ တကယ်ပဲ တစ်ယောက်တည်း နေရတာကို သဘောကျတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို ကိုယ့်အချိန်တွေ ခွဲဝေပေးရတာကို မကြိုက်သလို ကိုယ်က တစ်ယောက်ယောက်ကို စဉ်းစားပေးပြီး ကိုယ့်အတွက် ကိုယ် မဖြည့်ဆည်းပေးနိုင်တာမျိုးကို မနှစ်သက်လို့ ရည်းစားမထားဘဲ တစ်ယောက်တည်း နေဖို့ကိုပဲ အားထုတ်တတ်ကြပါတယ်။
(၅) မူနေလို့
တကယ်ပဲ အရွေးလွန်နေလို့ ချစ်သူ မရသေးတဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေက သူတို့ရဲ့ ချစ်သူအဖြစ် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတာမျိုးကို လိုချင်နေတတ်ကြပါတယ်။ ဒီအတွက် ရွေးရင်း ရွေးရင်းနဲ့ သူတို့အနားကို ရောက်လာသမျှကို စဉ်းစားရင်းနဲ့ပဲ တစ်ကိုယ်တည်းကာလက အချိန်ကြာနေတာ ဖြစ်ပါတယ်။
Aunty May
အ႐ြယ္ေရာက္လာတာနဲ႔ ကိုယ္စီ အခ်စ္ကို ရွာေတြ႕ၿပီး စုံတြဲေတြအျဖစ္နဲ႔ ျဖတ္သန္းေနၾကေပမယ့္လည္း တစ္ခ်ိဳ႕ေတြကေတာ့ Single ဘဝနဲ႔ အၾကာႀကီး ေနေနတတ္ၾကပါတယ္။ Single ဘဝကို ေ႐ြးခ်ယ္တဲ့သူအမ်ားစုကေတာ့ တမင္တကာ ေ႐ြးခ်ယ္ထားၾကတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူတို႔မွာ အခုလို အေၾကာင္းျပခ်က္ေတြ ကိုယ္စီ ရွိေနၾကတာပဲ ျဖစ္ပါတယ္။
(၁) ခ်စ္ရတဲ့သူကို မေတြ႕ေသးလို႔
တစ္ခ်ိဳ႕ေတြကေတာ့ စိတ္မပါရင္ ခ်စ္သူလည္း မထားခ်င္တတ္ၾကပါဘူး။ သူတို႔က တကယ္ခ်စ္မိမွသာ ခ်စ္သူ ထားဖို႔ ရည္႐ြယ္ထားတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔က right person ေတြ႕ဖို႔ကို ေမွ်ာ္လင့္ေနတဲ့သူေတြလည္း ျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြကေတာ့ စိတ္မကစားတတ္သလို ကိုယ့္ကို တကယ္ခ်စ္မယ့္သူနဲ႔ ကိုယ္က တကယ္ ခ်စ္ေပးႏိုင္တဲ့သူကိုသာ ခ်စ္သူအျဖစ္ လက္တြဲဖို႔ ဆုံးျဖတ္ထားတဲ့သူေတြ ျဖစ္ပါတယ္။
(၂) ရည္းစားေဟာင္းကို ေမ့မရေသးလို႔
တစ္ခ်ိဳ႕ေတြကေတာ့ အခ်စ္ကို ႀကဳံေတြ႕ဖူးၾကတဲ့သူေတြ ျဖစ္ပါတယ္။ အခ်စ္ကို ေတြ႕ခဲ့ၿပီး အသည္းကြဲတဲ့ အေျခအေနကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္မွာေတာ့ ေနာက္ထပ္ ခ်စ္သူ ထပ္မထားျဖစ္ေတာ့တာမ်ိဳး ျဖစ္ပါတယ္။ သူတို႔ ခ်စ္ရတဲ့သူကို ေမ့မရေသးတာေၾကာင့္ ေနာက္ထပ္ ထပ္မခ်စ္မိေသးဘဲ တစ္ေယာက္တည္း ေနေနၾကတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သူတို႔ ခ်စ္ခဲ့သူနဲ႔ ျပန္ဆုံမလားဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေစာင့္ေနၾကတာ ျဖစ္ပါတယ္။
(၃) စုံတြဲ ျဖစ္ရတာ စိတ္ရႈပ္လို႔
တစ္ခ်ိဳ႕ေတြကေတာ့ ခ်စ္သူထားရတာမ်ိဳးကို စိတ္ရႈပ္ၾကရပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ အေလွ်ာ့ေပးရင္း ေနရတာမ်ိဳးကို စိတ္ရႈပ္တတ္သလို ရန္ျဖစ္ေနတဲ့ စုံတြဲေတြကိုလည္း စိတ္ရႈပ္တတ္ၾကပါတယ္။ ဒီအခ်က္ေၾကာင့္ သူတို႔ေတြက စုံတြဲျဖစ္ဖို႔ကို စိတ္အားထက္သန္မႈလည္း ရွိမေနၾကတာေၾကာင့္ သူတို႔ဆီ ခ်စ္ခြင့္ပန္သမွ်ကိုလည္း ျငင္းပစ္ေလ့ ရွိပါတယ္။
(၄) တစ္ေယာက္တည္းေနရတာကို သေဘာက်လို႔
တစ္ခ်ိဳ႕ေတြကေတာ့ တကယ္ပဲ တစ္ေယာက္တည္း ေနရတာကို သေဘာက်တဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ကို ကိုယ့္အခ်ိန္ေတြ ခြဲေဝေပးရတာကို မႀကိဳက္သလို ကိုယ္က တစ္ေယာက္ေယာက္ကို စဥ္းစားေပးၿပီး ကိုယ့္အတြက္ ကိုယ္ မျဖည့္ဆည္းေပးႏိုင္တာမ်ိဳးကို မႏွစ္သက္လို႔ ရည္းစားမထားဘဲ တစ္ေယာက္တည္း ေနဖို႔ကိုပဲ အားထုတ္တတ္ၾကပါတယ္။
(၅) မူေနလို႔
တကယ္ပဲ အေ႐ြးလြန္ေနလို႔ ခ်စ္သူ မရေသးတဲ့သူေတြ ရွိေနပါတယ္။ သူတို႔ေတြက သူတို႔ရဲ႕ ခ်စ္သူအျဖစ္ သတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းေတြနဲ႔ ကိုက္ညီတာမ်ိဳးကို လိုခ်င္ေနတတ္ၾကပါတယ္။ ဒီအတြက္ ေ႐ြးရင္း ေ႐ြးရင္းနဲ႔ သူတို႔အနားကို ေရာက္လာသမွ်ကို စဥ္းစားရင္းနဲ႔ပဲ တစ္ကိုယ္တည္းကာလက အခ်ိန္ၾကာေနတာ ျဖစ္ပါတယ္။
Aunty May