zawgyi
Relationship တစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္ လိုတာထက္ပိုၿပီး သဝန္တိုေနရင္ မလိုလားအပ္ျပႆနာေတြ ခဏခဏျဖစ္ေနမွာပါ။
တစ္ေန႔တစ္ေန႔ ဒီျပႆနာေတြကို ေျဖရွင္းေနရတာနဲ႔ပဲ အခ်ိန္ေတြကုန္ေနပါလိမ့္မယ္။
သဝန္တိုမႈေတြလြန္ကဲေနတဲ့ Relationship တစ္ခုမွာ ဒီလိုျပႆနာေတြ ႀကဳံေတြ႕ရတတ္ပါတယ္။
Relationship တစ္ခုမွာ သဝန္တိုမႈေတြလြန္ကဲေနရင္ ခဏခဏျပႆနာတက္ၿပီး ရန္ျဖစ္ေနရပါလိမ့္မယ္။
တစ္ခါလာလည္း ဒီသဝန္တိုမႈေတြေၾကာင့္ ျဖစ္လာတဲ့ျပႆနာေတြကိုပဲ ေျဖရွင္းေနရပါလိမ့္မယ္။
ၾကည္ႏူးရတဲ့အခ်ိန္ထက္ ရန္ျဖစ္စကားမ်ားရတာေတြ၊ ျပႆနာေျဖရွင္းရတာေတြပဲ ပိုမ်ားေနပါလိမ့္မယ္။
ကိုယ့္ရည္းစားကို လူတိုင္းကေတာ့ သဝန္တိုတာပါပဲ။ ဒါေပမယ့္ လိုအပ္တာထက္ပိုၿပီး သဝန္တိုေနရင္ေတာ့ ၾကာလာတဲ့အခါမွာ
ဒီ Relationship ႀကီးက စိုးရိမ္ပူပန္မႈေတြနဲ႔ ျပႆနာေျဖရွင္းရတာေတြနဲ႔ ရန္ျဖစ္စကားမ်ားေနရတာေတြနဲ႔တင္
ၿငီးေငြ႕စရာေကာင္းလာပါလိမ့္မယ္။
သဝန္တိုတဲ့သူေရာ၊ သဝန္တိုခံရတဲ့သူေရာ ႏွစ္ေယာက္လုံးအတြက္ ေပ်ာ္႐ႊင္မႈေတြနည္းလာပါလိမ့္မယ္။
အၿမဲတမ္း သဝန္တိုေနရတဲ့သူကလည္း ၾကာလာတဲ့အခါမွာ ခ်စ္ရတာပင္ပန္းတယ္ဆိုတဲ့စိတ္မ်ိဳး ဝင္လာပါလိမ့္မယ္။
သဝန္တိုတာကိုခံရတဲ့သူကလည္း တရားလြန္ႀကီးက်ေတာ့ သူ႔ကိုခ်စ္လို႔သဝန္တိုတယ္လို႔ မျမင္ေတာ့ပဲ ခ်ဳပ္ခ်ယ္တယ္၊
အယုံအၾကည္မရွိဘူး၊ ျပႆနာပဲရွာေနတယ္လို႔ျမင္လာၿပီး ႏွစ္ေယာက္လုံးအတြက္ မြန္းၾကပ္စရာေကာင္းတဲ့ Relationship တစ္ခု ျဖစ္လာႏိုင္ပါတယ္။
သဝန္တိုတာေတြမ်ားလာတဲ့အခါ ကိုယ္တိုင္လည္း ရည္းစားအေပၚမွာ အယုံအၾကည္မဲ့လာပါလိမ့္မယ္။
ကိုယ့္အေတြးနဲ႔ကိုယ္ စိုးရိမ္စိတ္ေတြ၊ ပူပန္ေနရတာေတြမ်ားၿပီး ဝမ္းနည္းေနရပါလိမ့္မယ္။
သဝန္တိုမႈက လြန္ကဲလာရင္ သံသယစိတ္ေတြ မ်ားလာပါလိမ့္မယ္။
crd#
unicode
Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် လိုတာထက်ပိုပြီး သဝန်တိုနေရင် မလိုလားအပ်ပြဿနာတွေ ခဏခဏဖြစ်နေမှာပါ။
တစ်နေ့တစ်နေ့ ဒီပြဿနာတွေကို ဖြေရှင်းနေရတာနဲ့ပဲ အချိန်တွေကုန်နေပါလိမ့်မယ်။
သဝန်တိုမှုတွေလွန်ကဲနေတဲ့ Relationship တစ်ခုမှာ ဒီလိုပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
Relationship တစ်ခုမှာ သဝန်တိုမှုတွေလွန်ကဲနေရင် ခဏခဏပြဿနာတက်ပြီး ရန်ဖြစ်နေရပါလိမ့်မယ်။ တစ်ခါလာလည်း
ဒီသဝန်တိုမှုတွေကြောင့် ဖြစ်လာတဲ့ပြဿနာတွေကိုပဲ ဖြေရှင်းနေရပါလိမ့်မယ်။
ကြည်နူးရတဲ့အချိန်ထက် ရန်ဖြစ်စကားများရတာတွေ၊ ပြဿနာဖြေရှင်းရတာတွေပဲ ပိုများနေပါလိမ့်မယ်။
ကိုယ့်ရည်းစားကို လူတိုင်းကတော့ သဝန်တိုတာပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်တိုနေရင်တော့ ကြာလာတဲ့အခါမှာ
ဒီ Relationship ကြီးက စိုးရိမ်ပူပန်မှုတွေနဲ့ ပြဿနာဖြေရှင်းရတာတွေနဲ့ ရန်ဖြစ်စကားများနေရတာတွေနဲ့တင် ငြီးငွေ့စရာကောင်းလာပါလိမ့်မယ်။
သဝန်တိုတဲ့သူရော၊ သဝန်တိုခံရတဲ့သူရော နှစ်ယောက်လုံးအတွက် ပျော်ရွှင်မှုတွေနည်းလာပါလိမ့်မယ်။
အမြဲတမ်း သဝန်တိုနေရတဲ့သူကလည်း ကြာလာတဲ့အခါမှာ ချစ်ရတာပင်ပန်းတယ်ဆိုတဲ့စိတ်မျိုး ဝင်လာပါလိမ့်မယ်။
သဝန်တိုတာကိုခံရတဲ့သူကလည်း တရားလွန်ကြီးကျတော့ သူ့ကိုချစ်လို့သဝန်တိုတယ်လို့ မမြင်တော့ပဲ ချုပ်ချယ်တယ်၊
အယုံအကြည်မရှိဘူး၊ ပြဿနာပဲရှာနေတယ်လို့မြင်လာပြီး နှစ်ယောက်လုံးအတွက် မွန်းကြပ်စရာကောင်းတဲ့ Relationship တစ်ခု ဖြစ်လာနိုင်ပါတယ်။
သဝန်တိုတာတွေများလာတဲ့အခါ ကိုယ်တိုင်လည်း ရည်းစားအပေါ်မှာ အယုံအကြည်မဲ့လာပါလိမ့်မယ်။
ကိုယ့်အတွေးနဲ့ကိုယ် စိုးရိမ်စိတ်တွေ၊ ပူပန်နေရတာတွေများပြီး ဝမ်းနည်းနေရပါလိမ့်မယ်။ သဝန်တိုမှုက လွန်ကဲလာရင် သံသယစိတ်တွေ များလာပါလိမ့်မယ်။
crd#