အချစ်စစ်ရဲ့လက္ခဏာ (၁၂) ချက်
သာယာစိုပြည်တဲ့ အချစ်ရေးကြောင့် စိတ်ဖိစီးမှုလျော့နည်းစေပြီး လူရောစိတ်ပါရွှင်လန်းစေတယ်လို့ သိပ္ပံနည်းပညာအရ လေ့လာတွေ့ရှိထားကြပါတယ်။ ပွေ့ဖက် နမ်းရှိုက်မှုများဟာ သင့်ကို စိတ်တည်ငြိမ်မှု ၊ လုံခြုံမှု ၊ ရောင့်ရဲမှုများကို ခံစားမိစေမှာပါ။
အယောက်စီတိုင်းကို စစ်မှန်သောချစ်ခြင်းမေတ္တာဖြင့် အချစ်ခံရစေလိုသည်မှာ ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်လို့ အချစ်အချစ်မှန်ရဲ့ အင်္ဂါရပ်(၁၂)ချက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁) အေးအတူ ပူအမျှ
အချစ်ဆိုတာ ပြုခြင်း ဖြစ်ခြင်းကိုရည်ညွှန်းပါတယ်။ ပါးစပ်ကပြောနေရုံ နာမ်သက်သက်မဟုတ်ပါဘူး။ဆိုလိုသည်ကတော့ သင်မောပန်းစွာ အလုပ်မှပြန်လာချိန်မှာ သင့်လက်တွဲဖော်က သင့်ကိုအမောပြေစေမည့်အစား တစ်စုံတစ်ခုအတွက် နားပူနာဆာလုပ်နေမည်ဆိုပါက သင်တို့ကြားမှာ ညှိနှိုင်းဖြေရှင်းမှု လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
သင့်လက်တွဲဖော်ဟာ သင်ခက်ခဲနေချိန်များကို အတူမဝေမျှပေးနိုင်ပါက သင့်ကိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်လာစေမှာပါ။လက်တွဲဖော်ဆိုသည် မိမိအိမ်ထောင်ဖက်၏ လိုအပ်ချက်များကို လိုက်လျောညီထွေရှိပေးရန် လိုအပ်လှပါတယ်။
(၂) အချစ်ကို အလုပ်နဲ့သက်သေပြပါ
အချစ်စစ်ဟာ အခက်အခဲများကို ကျော်ဖြတ်ခြင်းလည်း ပါဝင်ပါတယ်။Relationship တစ်ခုဟာ စိတ်ချင်းဆက်သွယ်မှုများ လျော့ကျလာသည့်အခါ အထီးကျန်ခြင်းများ ခံစားရလာနိုင်ပါတယ်။
နားလည်မှုလွဲချော်ခြင်းနှင့် အထီးကျန်မှု ပြသာနာများကို ဖြေရှင်းရန် စိတ်ကျန်းမာရေးအကြံပေးခြင်းများ ၊ တစ်ဦးကိုတစ်ဦး အချိန်ပေးခြင်းများဖြင့် ဖြေရှင်းသင့်ပါတယ်။
ရည်ရွယ်ထားသည့် အနာဂတ်ဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် အရောက်သွားနိုင်ရပါမယ်။
(၃) စည်းစောင့်ထိန်းမှု
အဆင်ပြေတဲ့ အချစ်ရေးတစ်ခုအတွက် တစ်ဦးနှင့်တစ်ဦးကြား ဝင်ရောက်မစွက်ဖက်သင့်သော အရာအချို့အတွက် စည်းစောင့်တတ်ရန် သဘောတူညီချက်များ ထားရပါတယ်။
ပုံမှန်ထက်ပိုသော ချုပ်ချယ်မှုများရှိလာပါက ပြသာနာတက်ခြင်းမျိုး မဖြစ်စေပဲ မိမိဆန္ဒကို လေးစားမှုထားရန် တိုင်ပင်ဆွေးနွေးရဲရပါမယ်။
” Always , Never ” အစရှိသော ကန့်သတ်မှုများဟာ အချစ်ရေးမှာ အလုပ်မဖြစ်ပါဘူး။
(၄) အချစ်စစ်ရဲ့ အခြေခံသဘောတရား
စုံတွဲတိုင်းအတွက် အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုမှုများ မတူကွဲပြားနိုင်ကြပါတယ်။ သို့သော် အပြန်အလှန် အားပေးခြင်း ၊ ကိုယ်ချင်းစာခြင်း ၊ ခွင့်လွှတ်နားလည်ပေးခြင်း စတဲ့ အချစ်ရဲ့အခြေခံသဘောတရားများတော့ တူညီကြရပါမယ်။
(၅) ပန်းတိုင်သို့အတူလှမ်းခြင်း
ထပ်တူကျမှုဟာ ခက်ခဲသောအရာဖြစ်သော်လည်း ရည်မှန်းချက်ပန်းတိုင်ကို အတူလှမ်းခြင်းဖြင့် ကြိုးစားနိုင်ပါတယ်။လက်တွေ့ကျတဲ့ ပန်းတိုင်တစ်ခုတော့ရှိရပါမယ်။ရည်မှန်းချက် အောင်မြင်မှုရဲ့ အသီးအပွင့်တွေကိုလည်း အတူခံစားဖို့မမေ့ပါနဲ့။
(၆) တာဝန်ယူမှု တာဝန်ခံမှု
တာဝန်သိတတ်ခြင်းမရှိတဲ့ လက်တွဲဖော်ကြောင့် များစွာ စိတ်မသက်မသာဖြစ်စေပါတယ်။အချစ်ကြောင့် စိတ်ညစ်ရတာမျိုးဟာ တကယ်တော့မရှိသင့်ပါဘူး။ အချစ်ဟာ လုံခြုံမှုနှင့်စိတ်ချမ်းသာမှုကိုသာ ပေးစွမ်းသင့်ပါတယ်။
အရှက်တရား ၊ အကြောက်တရား နဲ့ စိတ်ဓာတ်ကျမှုများကြောင့် တာဝန်ယူမှု တာဝန်ခံမှုများ ပျက်ကွက်တတ်ကြပါတယ်။
အပြန်အလှန်တာဝန်ယူမှု တာဝန်ခံမှုများရှိလျှင် မည်သူကမျှ နစ်နာရခြင်းမျိုး မရှိဘဲ ဘက်ညီမျှ နေပါလိမ့်မယ်။ ထို့အတွက် အထူးတလည် စည်းမျဥ်းများမရှိဘဲ စုံတွဲတိုင်းအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ညှိုနှိုင်းရှေ့ဆက်ကြရမည်သာ ဖြစ်ပါတယ်။
(၇) ဖြစ်တည်မှုကို လက်ခံပေးနိုင်ခြင်း
သင့်ဖြစ်တည်မှုများကို ပြောင်းလဲပစ်မည့်အစား ပိုမိုတိုးတက်ကောင်းမွန်သော အထောက်အပံ့ပေးနိုင်ရပါမယ်။ လက်ခံပေးနိုင်ခြင်းနှင့် အထောက်အပံ့များဟာ သင်တို့ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့်တိုးတက်စေမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ စက်ရုပ်မဟုတ်တဲ့ လူသားများဖြစ်တာကြောင့် အရာရာမပြည့်စုံနိုင်ဘဲ ကိုယ်ပိုင် ခံစားချက်များ ၊ ဒေါသများ ရှိနိုင်ပါတယ်။ရှုပ်ပွသောဆံပင်ဖြင့် အိပ်ယာမှ နိုးထလာခွင့်လဲ ရှိပါတယ်။
(၈) အချစ်ဟာ ကစားစရာမဟုတ်ပါ
အချစ်ကို စမ်းသပ်ခြင်း၊ စိတ်လှည့်စားခြင်း အရွဲ့တိုက်ခြင်း အစရှိသော လုပ်ရပ်များဟာ သင်လိုချင်တဲ့ တုံ့ပြန်မှုအတွက် အာမခံချက်မရှိပါဘူး။ ဥပမာအားဖြင့် စိတ်မလုံမလဲဖြစ်အောင် ပြုလုပ်ခြင်း ၊ စမ်းသပ်ခြင်း ၊ အစီအစဉ်ချခြင်း ၊ နှိုင်းယှဉ်ခြင်း ၊ သုံးပွင့်ဆိုင်ဇာတ်လမ်းများ ဖန်တီးခြင်း စသည့်နည်းလမ်းတို့ဖြင့် မကစားရပါဘူး။သဝန်တိုအောင် အရွဲ့တိုက်ခြင်းဟာ မှတ်ဉာဏ်ထဲမှ ဖျောက်ဖျက်ပစ်ရန် ခက်ခဲလှပါတယ်။
(၉) အတူတကွလုပ်ဆောင်ခြင်း
မိမိသက်ဆိုင်ရာ သူငယ်ချင်းများနှင့် သက်သက်စီခွဲနေခြင်း ၊ တစ်ယောက်က ရုပ်ရှင်ကြည့်နေချိန် တစ်ယောက် ပန်းချီဆွဲနေခြင်း အစရှိသော သီးသန့်လုပ်ဆောင်မှုများဟာ မသင့်တော်ပါဘူး။ ကိုယ်ပိုင်သီးသန့်ချိန်များ လိုအပ်သည်မှာမှန်သော်လည်း အတူတကွ လုပ်ဆောင်ခြင်းမျိုးများလည်း လိုအပ်ပါတယ်။ (၆၄)ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက ဝါသနာများကိုအတူတကွ မျှဝေခြင်းဖြင့် အောင်မြင်သော အချစ်ရေးတည်ဆောက်နိုင်ကြောင်း ဆိုကြပါတယ်။
၁၀) အားနည်းချက်ရှိတတ်သူများ
မိမိကိုယ်ကို စိတ်ဓာတ်သန်မာသော အမျိုးသား၊အမျိုးသမီးအဖြစ်တည်ဆောက်ခြင်းဟာ လျစ်လျူရှုခံရခြင်းရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာ နေ့စဉ်နဲ့အမျှ အလုပ်မှာ (သို့) အပေါင်းအသင်းများကြားမှာ သန်မာရဲရင့်ပြကြရလေ့ရှိသော်လည်း မိမိတို့၏ ချစ်သူများရှေ့တွင်တော့ ပွင့်လင်းစွာ စိတ်အားငယ်နိုင်ခွင့် နူးညံ့ခွင့်ရှိကြပါတယ်။
(၁၁) အချစ်စွမ်းအား\
တစ်စုံတစ်ယောက်ရဲ့ တွန်းအားပေးမှု ကြောင့်မဟုတ်ပဲ အချစ်ရဲ့စွမ်းအားဖြင့် ပိုမိုကောင်းမွန်သော လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ကျန်းမာသော လူနေမှုစတိုင်များ ၊ အကျင့်စရိုက်ပြုပြင်ခြင်းများ စသည်တို့ဟာ အချစ်စစ်ရဲ့လက္ခဏာများ ဖြစ်ကြပါတယ်။
(၁၂) အသစ်အဆန်းများကို ကြိုးစားကြည့်ခြင်း
ဥပမာ သင်ဟာ ကခုန်ခြင်းကို မနှစ်သက်သော်လည်း ချစ်သူနှင့်အတူရှိသည့်အခါ စမ်းသပ်ကြည့်မိလာပါလိမ့်မယ်။သင့်ချစ်သူနဲ့ အတူ ဓလေ့ရိုးရာအသစ်များ ၊ အတွေ့အကြုံသစ်များကိုဝေမျှခံစားလိုမှုများ ဟာ အချစ်စစ်ရဲ့သင်္ကေတများပဲ ဖြစ်ပါတော့တယ်။
သင်ကြုံဖူးတဲ့ အခြားသော အချစ်ရဲ့သင်္ကေတများ ရှိရင်လည်း သင့်အမြင်ကို comment များ ရေးခဲ့နိုင်ပါတယ်။
Source Brightside
Translated by One Daily Media
Written by One Daily Media