ၾကားသိရသမွ်
ဒီလိုစိတ်စေတနာကောင်းလွန်းပြီး နာသုံးနာနဲ့ပြည့်ဝတဲ့ ဆရာတစ်ယောက်ကို လုပ်ရက် လေတယ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
(ခင်ဗျားတို့မို့လုပ်ရက်လေတယ်) ဆရာ ကျွန်တော့်သားလေး စာသင်ချင်လို့ကျွန်မသမီးလေး စာသင်ချင်လို့ပိုက်ဆံကတော့လောလောဆယ်မရှိသေးဘူးဆရာ၊ အ့တာ ဆရာ့ဘော်ဒါမှာလာထားလို့ရမလားလို့၊ ကျောင်းသားမိဘတွေက မျက်နှာငယ်လေးနဲ့ပြောရင် ကလေးကဘယ်မှာလဲ၊ ခုကျွန့်တော့်ဘော်ဒါကိုလာပို့လှည့်လို့ပြောတဲ့လူမျိုး၊
နိုင်ငံတစ်ဝှမ်းရေတွေကြီးဒုက္ခတွေရောက်ခဲ့ကြတဲ့ခုနှစ်အချိန်မှာလည်း၊ သူတတ်စွမ်းသမျှချိတ်ဆက်ကူညီပေးခဲ့သူ၊ ဧရာဝတီမြစ်ဘေးကရွာတစ်ချို့ကမ်းပါးပြိုပြီးတစ်ရွာလုံးမြစ်ထဲရောက်လုဆဲဆဲ၊ မြေပြင်ပေါ်အချိန်မီကယ်တင်ပေးခဲ့သူ၊ တခြားမြို့နယ်တွေမှာမီ.းဘေးကြုံရတုန်းကလည်းကိုယ်တိုင်သွားရောက်ကူညီခဲ့ဖူးသူ၊
Covid ရောဂါဖြစ်တော့စိုက်သိပ္ပံမှာQဝင်နေကြသူများအတွက်အစားအသောက် တစ်ချို့သွားရောက်လှူဒါန်းခဲ့သူ၊ သူ့ရဲ့ဒေသလေးမှာ၊ ကျန်းမာရေးအခမဲ့အသင်းလေးတည်ထောင်ပီးပို့ဆောင်ကူညီပေးခဲ့သူ၊ စာကြည့်တိုက်တွေလုပ်ကြပြန်တော့လည်း၊ လက်လှမ်းမီသမျှ လုပ်ကိုင်ဆောင်ရွက်ပီး၊ အသစ်စ.က်စ.က်စာကြည့်တိုက်ကြီး
ပေါ်ပေါက်လာအောင်ဆောင်ရွက်ရာမှာလည်းပါဝင်ခဲ့သူ၊ စာပေဟောပြောပွဲတွေကိုလည်း ဦးဆောင်ရာမှာသူပဲဆောင်ရွက်ပေးခဲ့သူ၊ နှစ်ပေါင်းများစွာသူသင်ကြားပြသပေးခဲ့ဖူးတဲ့တပည့် ကျောင်းဆရာ၊ ဆရာဝန်၊ အင်ဂျင်နီယာကျောင်းသား၊ စိုက်ပျိုးရေးဆင်းအစရှိသဖြင့်နယ်ပယ်အသီးသီးကိုရောက်ရှိအောင် သင်ကြားပြသပေးခဲ့သူ၊
နှစ်စဉ်နှစ်တိုင်း၊ ထူးချွန်ပီးချို့တဲ့သောကျောင်းသားလေးတွေအတွက်အမှတ်မှီရာစိတ်ပါဝင်စားရာကျောင်းအသီးသီးကိုတက်ရောက်စေဖို့အလှူရှင်များနဲ့ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သူအဆောင်မှာဆိုလည်းတပည့်တွေနဲ့ကြ.မ်းတစ်ပြေးတည်း အိ.ပ်စက်ခဲ့သူ၊ စာသင်ရင်အားမာန်အပြည့်နဲ့တပည့်တိုင်းကိုရှိသမျှပညာအကု.န်သင်ပေးသူ၊
နိုင်ငံအရေးမှာလည်းမတရားနေတဲ့အရာတွေကိုမခံမရပ်နိုင်၍ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ခဲ့သူ၊ အာဏာရူးကြောင့်နိုင်ငံတစ်ဝှမ်းအသ က်ပေးခဲ့ကြတဲ့သူရဲကောင်းတွေသတင်းကြားရချိန်တိုင်း ေ သွးမတော်သားမစပ်ပေမယ့်၊ ယောက်ျားတန်မဲ့ကျုပ်ရှေ့မှာမျက်ရည်တွေတွေကြီးကျနေတတ်သူကြီး၊ ရေးရင်ကုန်နိုင်မှာမဟုတ်သော
ဆရာတစ်ယောက်ပါ၊ သူကူညီပေးခဲ့တဲ့ကျောင်းသားလေးတွေဆီကတစ်လတစ်ခါ ဖုန်းလေးများဆက်လေမလားဆိုပီးမျှော်နေခဲ့သူပါ။ တစ်ချို့ကျောင်းသားတွေနေနိုင်လွန်းတယ်မဆက်ကြဘူး။ အိမ်ပ.စ်၊ ဇနီးမယားပ စ်၊ သားသမီးပ စ်၊ စီးပွားရေးပ.စ်ပြီး၊ အကူအညီလိုနေတဲ့နေရာတော်တော်များများကိုရောက်အောင်သွားပီးကူညီခဲ့သူကြီး၊
ဘာမှပြန်မမျှော်လင့်ခဲ့သူဒီအရေးတော်ပုံကြီးပီးရင်ပျော်ပျော်ရွှင်ရွှင်နဲ့ စာပြန်သင်ချင်ပီကျော်ကြီးရာလို့ကျုပ်ကိုတဖွဖွပြောခဲ့သူကြီးရေးရင်ကုန်နိုင်မယ်မထင်တဲ့သူ့အကြောင်းတွေဒီလိုလူမျိုးကိုမှအဖ.မ်းခံရအောင် လက်ထော.က်ချသတင်းပေးသောသူမျိုးဟာ၊ တော်တော်ရ က်စ.က်လွန်းရာကျပါတယ်။ သူဘာပြ.စ်မုှများကျူ.းလွ.န်ခဲ့လို့လဲဗျာ၊
ခင်ဗျားတို့မို့လုပ်ရက်တယ်၊ သူအကူအညီပေးခဲ့တဲ့သူတွေ၊ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေခုချိန် ဘယ်များရောက်ကုန်ကြပီလဲဗျာ၊ ယခုကျွန်တော်အသုံးပြုလိုက်သောဓာတ်ပုံများကိုအကြောင်းတစ်စုံတစ်ရာရှိခဲ့သော် လာရောက်ပြောဆိုနိုင်ပါသည်ခင်ဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်