ၾကားသိရသမွ်

နာရေးအိမ်ခဲဖြင့်ပေါက်ဆူပူသူများအသေးစိတ်သိရပြီ

ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့ နေအိမ်များတွင် ခဲဖြင့်ပေါက်ဆူပူသူများမှာ ထန်းတပင်မှ ကြံ့ဖွံ့များနှင့် ရဲသတင်းပေးများဖြစ်ဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ရှိ ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့၏

နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ဆူပူရန် ထန်းတပင်မြို့နယ်က ကျေးရွာများမှ ကြံ့ဖွံများနှင့် ရဲသတင်းပေးများကို

တစ်ရွာလျှင်(၃)ဦးနှုန်းဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း HTY Information က ဖော်ပြထားသည်။

ယနေ့ နေလယ်ပိုင်းက ဦးဂျင်မီ၊ ဦးဇေယျာသော်တို့၏ နေအိမ်များကို အရပ်ဝတ်လူတစ်စုက လာရောက်

ဆူပူသောင်းကြမ်းမှုဖြစ်ပွားခဲ့ရာ လုပ်ဆောင်ခဲ့သူများမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ရိုးကြီး/ရိုးလေး၊ ဒိတ်ကုန်း၊

ပေါက်တန်း၊ ရေးတွင်းကုန်းကျေးရွာအပါအဝင်၊ ဝါးတရာကျေးရွာများဘက်မှ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ အုပ်ချုပ်ရေးမှူး၏ နောက်လိုက် “မြင့်သူ”ဆိုသူက နံနက်

(၇)တွင် လာရောက်ခေါ်ဆောင်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဆူပူသောင်းကြမ်းနေသူများထဲတွင် တူချောင်း၊ ထိန်ကုန်း၊ ကုန်းတလိကျေးရွာများမှ ရဲသတင်းပေးများလည်းပါဝင်နေသည်ဟု သိရသည်။

အဆိုပါ ဆူပူသောင်းကြမ်းခဲ့ကြသူများကို စစ်ကောင်စီတပ်များက

ဖမ်းဆီးခြင်းမျိုးမရှိသည့်အပြင် စစ်ဆေးခြင်းလည်း ယခုထိမကြားသိရသေးဟု သိရသည်။

#TachileikNewsAgency

zawgyi,

ဦးဂ်င္မီႏွင့္ ဦးေဇယ်ာေသာ္တို႔ ေနအိမ္မ်ားတြင္ ခဲျဖင့္ေပါက္ဆူပူသူမ်ားမွာ ထန္းတပင္မွ ႀကံ့ဖြံ႕မ်ားႏွင့္ ရဲသတင္းေပးမ်ားျဖစ္ဟုဆို

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္တို႔ရွိ ဦးဂ်င္မီႏွင့္ ဦးေဇယ်ာေသာ္တို႔၏

ေနအိမ္မ်ားကို ခဲျဖင့္ပစ္ေပါက္ဆူပူရန္ ထန္းတပင္ၿမိဳ႕နယ္က ေက်း႐ြာမ်ားမွ ႀကံ့ဖြံမ်ားႏွင့္ ရဲသတင္းေပးမ်ားကို

တစ္႐ြာလွ်င္(၃)ဦးႏႈန္းျဖင့္ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း HTY Information က ေဖာ္ျပထားသည္။

ယေန႔ ေနလယ္ပိုင္းက ဦးဂ်င္မီ၊ ဦးေဇယ်ာေသာ္တို႔၏ ေနအိမ္မ်ားကို အရပ္ဝတ္လူတစ္စုက လာေရာက္

ဆူပူေသာင္းၾကမ္းမႈျဖစ္ပြားခဲ့ရာ လုပ္ေဆာင္ခဲ့သူမ်ားမွာ ထန္းတပင္ၿမိဳ႕နယ္အတြင္းရွိ ႐ိုးႀကီး/႐ိုးေလး၊ ဒိတ္ကုန္း၊

ေပါက္တန္း၊ ေရးတြင္းကုန္းေက်း႐ြာအပါအဝင္၊ ဝါးတရာေက်း႐ြာမ်ားဘက္မွ ျဖစ္ေၾကာင္း သိရသည္။

၎တို႔ကို လႈိင္သာယာၿမိဳ႕နယ္၊ အျပင္ပဒံေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး၏ ေနာက္လိုက္ “ျမင့္သူ”ဆိုသူက နံနက္

(၇)တြင္ လာေရာက္ေခၚေဆာင္ေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဆူပူေသာင္းၾကမ္းေနသူမ်ားထဲတြင္ တူေခ်ာင္း၊ ထိန္ကုန္း၊ ကုန္းတလိေက်း႐ြာမ်ားမွ ရဲသတင္းေပးမ်ားလည္းပါဝင္ေနသည္ဟု သိရသည္။

အဆိုပါ ဆူပူေသာင္းၾကမ္းခဲ့ၾကသူမ်ားကို စစ္ေကာင္စီတပ္မ်ားက

ဖမ္းဆီးျခင္းမ်ိဳးမရွိသည့္အျပင္ စစ္ေဆးျခင္းလည္း ယခုထိမၾကားသိရေသးဟု သိရသည္။

#TachileikNewsAgency