28.July.2022 မှ 3.Aug.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ဒီကာလအတွင်း ကူညီမယ့်သူတွေပေါလာတတ်ပါ တယ်။ဒါကြောင့်သူ များတွေဆီက အကူအညီတောင်းမယ်ဆိုရင်တော့ ဒီအပတ်မှာဆောင်ရွက်ပါ။
ကြာသပတေး၊ အင်္ဂါနံပါသော အမည် နေ့နံများ သတိထားပါ။ အိမ်၊ ခြံမြေ ဝင်ကိန်းရှိသည်။ အိမ်ခန်း၊ ဆိုင်ခန်း ရောင်ဝယ်၊ ငှား ကိစ္စများ ဆောင်ရွက်ရမည်။
သင့်အနေနဲ့ အိုင်ဒီယာအသစ်တွေ၊ဖန်တီးမှုအသစ်တွေကိုထုတ်သုံးမှပဲ အဆင်ပြေပါလိမ့် မယ်။
လမ်း ဟောင်းအတိုင်းလိုက်နေရင်သူများတွေက ရှေ့ရောက်သွားပါလိမ့်မယ်။လျှပ်စစ်ပစ္စည်း၊ ရေလုပ်ငန်း၊ ရွှေ၊ငွေ၊ရတနာပစ္စည်းများ၊
ယာဉ်အမျိုးမျိုး ယွန်းထည်ပစ္စည်း၊ ဝါး၊ ဝက်၊ စသော ပစ္စည်းများ အရောင်းအဝယ်၊ အဆင်ပြေမည်။
သင်၏ ကုသိုလ် ကံကြမ္မာသည် ယခင်ကကဲ့သို့ မကောင်းလှသေးချေ။ ရင်းနှီးမြှပ်နှံလို ပါက အထူးဂရုစိုက်ပြီးမှ ဆောင်ရွက် ပါ။
ငွေဝင်ရာလမ်းကြောင်း ခိုင်မာမှုရှိနေရင်တောင် အသုံးနဲ့အဖြုန်းနားလည် နိုင်ဖို့လို ပါတယ်။ ကျန်းမာရေး အားကောင်းနေမယ့်ကာလပါပဲ။
ကျန်းမာရေးလိုက်စားမှုတွေစတင်လို့အလွန်ကောင်းပါတယ်။ အချစ်ရေး မှာတော့ စိတ်ချမ်းသာရတတ်ပါတယ်။
ချစ်သူဆီက အကူအညီကောင်းတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ စိတ်ချမ်းသာစရာ များလာမယ့်ကာလပါပဲ။
ပညာရေးကတော့ ပညာအသစ်တစ်ခုသင်တန်းအသစ်တစ်ခုစတင် သင်ယူလို့ ကောင်းပါတယ်။
အကျိုးပေးဂဏန်း 3/6/8 အထူးဟော ကံသင့်ပါတယ်။ ယတြာ စမူဆာ ၃ ခုဘုရားကပ်လှူလိုက်ပါ။
#တနင်္လာ
ဒီကာလအတွင်း လှောင်ထားတဲ့ ကုန်တွေစျေးကောင်းရလာတတ်ပါ တယ်။ ခေတ်မီကိရိယာများ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်စသည့် ပစ္စည်းများ ဝင်မည်။
သွားနာ၊ သွားကိုက် ဝေဒနာခံစားရမည်။မိမိနေအိမ်တွင် ဘုရားပွဲ၊ အုန်းပွဲ(အိမ်တွင်း) အုန်းသီးတစ်ခုခုမှ အုန်းရိုးထွက်လာသည်ကို
မြင်ရ လျှင် ကောင်းသောနိမိတ်ဖြစ်မည်။စီးပွားရေးမှာရလဒ်ကောင်းတွေရလာတတ်ပါတယ်။ဆိုင်များဖောက်သည်သစ်တွေရလာ မယ့်ကာလပါပဲ။
နေအိမ်ရှိ၊ ထီး၊ ဖိနပ်၊ နာရီအဟောင်းများ စွန့်ပစ်ပါ။ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်းကိစ္စများ နှောင့်နှေး နေမည်။ ဓါတ်ရိုက် ဓါတ်ဆင်နည်း အသုံးပြုပါ။
အုန်းသီး၊ အုတ်၊ ဦးထုပ်၊ အိုး၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ခြင်း လုပ်ငန်းများ မှလွဲ၍အခြား လုပ်ငန်းတွေလဲ အဆင်ပြေမည်။
တစ်ခုကောင်းတာ ကတော့ အဓိဌာန်ဝင်ခြင်း တွေ၊ စေတီတွေလှည့်ပြီး ပုတီး စိပ်တာမျိုးတွေကတော့ ဒီနေ့ရက်တွေမှာလုပ်ဆောင်မယ်ဆိုရင် အကျိုးထူး တတ်ပါတယ်။
စားဝတ်နေရေးပြေ လည်ဖို့ ငွေနောက်ပဲလိုက်ရမလား ။ပညာရမဲ့အလုပ်တွေပဲလုပ်ရမလားစသည်ဖြင့် တွေဝေဒွိဟ ဖြစ်ရတာတွေများ တတ်ပါတယ်။
အချစ်ရေး ကတော့ အကောင်းဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေ ပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါတယ်။
အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က အိမ်မကပ်တာမျိုး တွ ေရှိနေတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကောင်းတယ်။
အကျိုးပေးဂဏန်း 4/5/7 အထူးဟော စီးပွားကောင်းမည်။ယတြာ လက်ဖက်ရည်ဘုရားကပ်လှူလိုက်ပါ။
#အင်္ဂါ
ဒီကာလအတွင်းလုပ်ချင်တဲ့ကိစ္စတွေကို အချိန်ဇယားနဲ့လုပ်မရတတ်ပါ။ လူမှုရေးကိစ္စတွေကြောင့်နှောင့်နှေး ကြန့်ကြာရ တတ်ပါတယ်။
အန္တရာယ်နှင့် ယှဉ်ပြီး အမြတ်မြန်မြန်ပေါ်မည့် မှန်းဆလုပ်ကိုင် ရသော လုပ်ငန်းများကို ဝေးဝေးကရှောင်သင့် ပါတယ်။
ဥစ္စာဓန ယိုစိမ့်မှုများ ရှိနေသည်။ ဂရုစိုက်စေလိုပါသည်။ သင့်အား ဒုက္ခရောက် စေမည့် သို့မဟုတ် သူတစ်ပါးအား
ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ခိုင်းစေမည့်သူများ၏ သြဇာလောင်းရိပ်မှ လွတ်မြောက်ရန် ကြိုးစားပါ။ ရည်မှန်းချက်များ
လွဲချော်သွားတက် သောကြောင့် သင်၏အကြံအစည် စီမံကိန်းမျာကို အမြန်ဆုံးစတင် ဆောင်ရွက်စေလိုပါသည်။
ဖခင်ရဲ့ အလုပ် များ၊အထက်လူကြီးတွေရဲ့အလုပ်တွေကို ဝိုင်းကူပေးနေရ တတ်ပါတယ်။မိတ်ဆွေကောင်းထက်မိမိကိုမကောင်းတာတွေလုပ်ဖို့
တွန်းအားပေးနေသူတွေနဲ့ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပါတယ်။
မထင်မှတ်ဘဲရောဂါဝေဒနာ ကြီးသွားတတ်ပါတယ်။အချစ်ရေး ကံအား ကောင်းနေပါတယ်။ ချစ်သူစုံတွဲများ ပျော်ရွှင်ကြည်နူး ရမည့်ကာလဖြစ်ပါသည်။
အချစ်သစ်ရလွယ် တာမျိုးလဲဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အပြင်ပယောဂကြောင့်အိမ်ထောင်ဘက်နဲ့စကားများရ တတ် ပါတယ်။
လင်မယားချင်းနားလည်မှုရှိဖို့ အလွန်လိုအပ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ အနည်းင
ယ်ပေါ့နေ တဲ့ သဘောရှိပါတယ်။ စာအပေါ်စိတ်နှစ်လို့မရတာလေးတွေရှိနေတတ်ပါတယ်။
အကျိုးပေးဂဏန်း 1/2/4 အထူးဟော စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတတ်ပါတယ်။ ယတြာ အကြော်စုံဘုရားကပ်ပါ။
#ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်းကုသိုလ်ကံသည် အကောင်းအဆိုးမျှတနေမည်။ စီးပွားရေးကိစ္စရပ်များ နှေးကွေးနေ၏။
ရံဖန်ရံခါ အဟန့်အတား ရှိနေသော်ငြားလည်း သင်သည်လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။
ဥစ္စာဓနကံ တိုးတတ်လာပြီဖြစ် သော်လည်း အလွန်အကျွံမသုံးစွဲ မိရန်ဂရုစိုက်ပါ။ဝန်ထမ်းများတစ်နေ့လုပ်ရမယ့်အလုပ်ကို တစ်နေ့မလုပ်တာကြောင့် အလုပ်အကြွေးတွေများလာတတ်ပါတယ်။
ငွေချေးခြင်း၊အကြွေးတောင်းခြင်း၊ စုမဲစုခြင်း စတဲ့ ငွေကြေးဆိုင်ရာကိစ္စများရှောင် ရှားသင့်တဲ့ကာလပါပဲ။
အလုပ်နေရာပြောင်းရွေ့ရတာမျိုးတွေ၊နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ရတာမျိုးတွေလဲကြုံရတတ်တဲ့ ကာလပါပဲ။
အိမ်တွင်းရေးအပူများတဲ့အတွက် အိမ်မှာမနေချင် သလို မျိုးဖြစ်နေတတ်ပါတယ်။
အချစ်ရေးမှာတော့ သင်၏ စိတ်ကြိုက် တွေ့ရှိပါက ချစ်ရေးဆိုရန် အချိန်ရောက်ရှိ နေပါပြီ။ အချိန်ဆွဲနေရင်သူများနောက်ပါသွားတတ်ပါတယ်။
စီးပွားရေး ဆိုင်ရာအစည်းအဝေးများကတော့ ရလဒ် ကောင်း ထွက်လာဖို့ခက်ခဲတဲ့ကာလပါပဲ။
အလုပ်ပိုတွေရှိနေရင်ခဏမေ့ထားပြီးတော့ ပင်မအရေးကြီးတာတွေ ကို ဦးစားပေး လုပ်ကြည့်လိုက်ပါ။
ကျန်းမာရေးအဘက်ဘက်က အားနည်းနေနိုင်တာကိုတွေ့ရတယ်။ အိမ်ထောင်ရေး အနည်းငယ် ပူပန်ရ တတ်ပါတယ်။
သောက်စားတတ် တဲ့အိမ်ထောင်ဘက်ရထားသူဆိုပိုဆိုးပါတယ်။ပညာရေး ကတော့ ဆိတ်ငြိ မ်အေးချမ်းတဲ့နေရာတွေမှာ စာလုပ်စေချင်ပါတယ်။
အကျိုးပေးဂဏန်း 2/6/7 အထူးဟော စိတ်ညစ်စရာများနေမည် ယတြာ သကြားဖြူးထားတဲ့မုန့်တစ်မျိုးမျိုးဘုရားကပ်ပါ။
#ကြာသပတေး
ဒီကာလအတွင်းသင်၏လုပ်ငန်း (သို့မဟုတ်) အလုပ်အကိုင်တွင် ပြဿနာအသေးအမွှားလေးတွေပဲ ဖြစ်ပေါ်နေပါမည်။
ထို့အပြင်လူမှုရေးပြဿနာတွေကိုလဲမိမိက ကြားဝင်ဖြေရှင်းရမည်။ ကိုယ်ရေးကိုယ်တာပြဿနာ များလည်း ရှိနေပါသည်။
လုပ်ငန်းရှင်များစီးပွားရေးကောင်းပေမယ့်ဈေးကွက်သည် အေးနေပါသည်။မိမိ စျေးကွက်ကိုလှုပ်နိုးနိုင်သူတွေအကျိုး အမြတ် ကြီးပါလိမ့်မယ်။
ရင်းနှီးမှုမှ အမြတ်အစွန်းများသည်လည်း အားရစရာကောင်းနေတတ်ပါတယ်။ ထိုအခြေအနေတွင် ရင်းနှီးမြှပ် နှံမှုတွေကို မိမိစိတ်ကူးအတိုင်းလုပ်ပါ။
စိတ်ထဲလိုချင်တာတွေကိုကောင်းစွာအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။စက်ပစ္စည်း လျှပ်စစ်ပစ္စည်းများဝယ်ယူလို့ကောင်းတဲ့ကာလပါပဲ။
အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်လို့ကောင်းတဲ့ကာလပါပဲ။ လုပ်ဖော်ကိုင်ဖက်များ အထက်အရာရှိများနှင့် ပိုမို၍ဆက်သွယ်မှုများပါစေ။
ချစ်သူစုံတွဲများ အတူတူပျော်ရွှင်ချိန်များပေးပါ။ အလုပ်ကြောင့် ချစ်သူကိုဥပေက္ခာပြုထားသလိုဖြစ်နေတတ်ပါတယ်။
ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ ဆေးစတင်မှီဝဲခြင်းတွေ၊ ဆေးစစ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်တွေဖြစ်ပါတယ်။
အိမ်ထောင်ရေးအဆင်ပြေသာ ယာမဲ့နေ့ရက်တွေပဲဖြစ်ပါတယ်။ပညာရေးကတော့ စာမေးပွဲကံအင်တာဗျူးကံအားကောင်းနေတာမျိုးတွေ့ရပါတယ်။
စာမေးပွဲ မှာရလဒ်ကောင်းမဲ့နေ့ရက်တွေပါပဲ။ အကျိုးပေးဂဏန်း 1/3/7 အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။
#သောကြာ
ဒီကာလအတွင်းစန်းအားကောင်းနေသဖြင့် လူချစ်လူခင်များခြင်းတွေ၊ကူညီမဲ့သူပေါများခြင်းတွေ ကြုံတွေ့ရတတ် ပါတယ်။
အလှူမင်္ဂလာများမိသားစုအတွင်းကြုံရတတ်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများဝယ်မယ်ဆိုရင်လဲဒီကာလမှာဝယ် ယူလို့အလွန်ကောင်းပါတယ်။
မိသားစုအတွင်း ဆိုးတဲ့သူတစ်ဦးကြောင့် အားလုံးစိတ်ဆင်းရဲရတတ်ပါတယ်။
မိမိလိုချင်နေ တဲ့အရာတွေကိုလဲ မိမိချစ်ခင်ရသူတွေကလက်ဆောင်ပေးတာမျိုးတွေကြုံရတတ်ပါတယ်။
ရန်အနှောက်အယှက်နှင့်အမှုအခင်း ရှိနေသူများဒီအပတ်အတွင်းကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။
ဝန်ထမ်းသစ်ခန့်အပ်ခြင်းများဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ ဖခင်ထံကနေအကူအညီကောင်းတွေလဲရလာတတ်ပါတယ်။
လိုချင်နေတဲ့ငွေကြေးအကူအညီတွေကိုလဲ ရလွယ်ပါတယ်။ အာရုံ ကြောနှင့်ဆိုင်သော ဝေဒနာများ၊ သွေးသားနှင့်ဆိုင်သော ဝေဒနာများ ခံစားရတတ်သည်။
အမဲသား၊ ဝက်သားရှောင်ပါ။ မိမိ ဆန္ဒနှင့် အလုပ်ထွက်/ပြောင်းခြင်း မကောင်းသေးပါ။ ခေါင်းလျှော်တာကအစဒီကာလမှာသတိထားပြီး ရှောင်သင့်သည်။
ခရီးဝေး သွားကိန်း မကောင်းသေးပါ။ မဖြစ်မနေ သွားမည်ဆိုပါက တနင်္လာနှင့် သောကြာနေ့ရှောင်ပြီးသွားပါ။အချစ်ရေးကံကောင်းနေ တတ်ပါတယ်။
အဆင်မပြေတဲ့ ချစ်သူတွေပြန်ပြေလည်မယ့်နေ့ရက်တွေပါပဲ။ ပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေကို အကောင်းဆုံးဖြစ်အောင်ပြုပြင်နိုင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 1/2/4 အထူးဟော စိတ်ချမ်းသာစရာများပါလိမ့်မယ်ယတြာ လက်ကိုင်ပဝါတစ်ထည် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးလိုက်ပါ။
#စနေ
ဒီကာလအတွင်းအပျော်အပါး အရှုပ်အထွေးကိစ္စရှောင်ပါ။ ဘာသာရေးအဓိဌာန်တစ်ခု မပျက်မကွက် ဆောင်ရွက်ပါ။
ကျန်းမာရေးအားနည်းနေမည်။သွေးတိုး၊ နှလုံး၊ အာရုံကြောနှင့်ဆိုင်သော ဝေဒနာ၊ ဆီးချိုဝေဒနာ ခံစားရတတ်သည်။
ပြည်တွင်း၊ ပြည်ပခရီးဝေးသွားပါက အင်္ဂါနှင့် သောကြာနေ့ရှောင်သွားပါ။ အင်္ဂါနံ၊ သောကြာနံပါသော အမည်ပိုင်ရှင် များနှင့် စကားများရမည်။
ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ရေသန့်ဘူး၊ လျှပ်စစ် ပစ္စည်းများ၊ ယပ်တောင်၊
ယွန်းထည်ပစ္စည်းများ၊ ဝါး၊ ဝက်၊ အလှကုန်ပစ္စည်းများ အရောင်းအဝယ် အဆင်ပြေမည်။ငွေကြေးလက်မလွန်ပါစေနဲ့။
လက်လွန် သွားရင်ဆုံးတတ်ပါတယ်။ငွေအပေးအယူကိစ္စများ ပြီးစလွယ်မလုပ်ပါနဲ့။စာချုပ်နဲ့သေချာဆောင်ရွက်မှစိတ်ချရပါလိမ့်မယ်။
လက်ကားစီးပွားရေးများ ရောင်းမထွက်တဲ့ပစ္စည်းတွေကိုလှောင်မိတတ်ပါတယ်။ ဒါကြောင့် ငွေအချိန်အတော်ကြာမြုပ်သွား တတ်ပါတယ်။
အချစ်ရေးမှာတော့ ဝေးနေတဲ့ချစ်သူတွေအဆင်ပြေပေမယ့် နီးနေတဲ့ ချစ်သူတွေ၊အလုပ်တူလို့နေတိုင်းမြင်နေရ တဲ့ချစ်သူစုံတွဲတွေကတော့
အဆင်မပြေဖြစ်လွယ်ပါတယ်။အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာနည်းပါလိမ့်မယ်။
မိသားစု အေးချမ်းသာယာမှုတွေရှိနေတတ်ပါတယ်။ မိသားစုစီးပွားရေးများကောင်းနေတတ်ပါတယ်။
ပညာရေးအားအနည်းဆုံးပါပဲ။ မိမိ ကိုယ်တိုင်ဉာဏ်ဝီရိယထည့်နိုင်မှအဆင်ပြေလိမ့်မယ်။
အကျိုးပေးဂဏန်း ၃/၉/၂အထူးဟော ကံအင်အားနည်းနေမည်။ ယတြာ လုပ်ကိုင်ဆောင်ရွက်သမျှ ဘုရားရှင်ကိုဦးထိပ်ပန်ပြီးမှဆောင်ရွက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695 , 09 44 5555 695
=============
zawgyi,
28.July.2022 မွ 3.Aug.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
#တနဂၤေႏြ
ဒီကာလအတြင္း ကူညီမယ့္သူေတြေပါလာတတ္ပါ တယ္။ဒါေၾကာင့္သူ မ်ားေတြဆီက အကူအညီေတာင္းမယ္ဆိုရင္ေတာ့ ဒီအပတ္မွာေဆာင္႐ြက္ပါ။
ၾကာသပေတး၊ အဂၤါနံပါေသာ အမည္ ေန႔နံမ်ား သတိထားပါ။ အိမ္၊ ၿခံေျမ ဝင္ကိန္းရွိသည္။ အိမ္ခန္း၊ ဆိုင္ခန္း ေရာင္ဝယ္၊ ငွား ကိစၥမ်ား ေဆာင္႐ြက္ရမည္။
သင့္အေနနဲ႔ အိုင္ဒီယာအသစ္ေတြ၊ဖန္တီးမႈအသစ္ေတြကိုထုတ္သုံးမွပဲ အဆင္ေျပပါလိမ့္ မယ္။
လမ္း ေဟာင္းအတိုင္းလိုက္ေနရင္သူမ်ားေတြက ေရွ႕ေရာက္သြားပါလိမ့္မယ္။လွ်ပ္စစ္ပစၥည္း၊ ေရလုပ္ငန္း၊ ေ႐ႊ၊ေငြ၊ရတနာပစၥည္းမ်ား၊
ယာဥ္အမ်ိဳးမ်ိဳး ယြန္းထည္ပစၥည္း၊ ဝါး၊ ဝက္၊ စေသာ ပစၥည္းမ်ား အေရာင္းအဝယ္၊ အဆင္ေျပမည္။
သင္၏ ကုသိုလ္ ကံၾကမၼာသည္ ယခင္ကကဲ့သို႔ မေကာင္းလွေသးေခ်။ ရင္းႏွီးျမႇပ္ႏွံလို ပါက အထူးဂ႐ုစိုက္ၿပီးမွ ေဆာင္႐ြက္ ပါ။
ေငြဝင္ရာလမ္းေၾကာင္း ခိုင္မာမႈရွိေနရင္ေတာင္ အသုံးနဲ႔အျဖဳန္းနားလည္ ႏိုင္ဖို႔လို ပါတယ္။ က်န္းမာေရး အားေကာင္းေနမယ့္ကာလပါပဲ။
က်န္းမာေရးလိုက္စားမႈေတြစတင္လို႔အလြန္ေကာင္းပါတယ္။ အခ်စ္ေရး မွာေတာ့ စိတ္ခ်မ္းသာရတတ္ပါတယ္။
ခ်စ္သူဆီက အကူအညီေကာင္းေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာလဲ စိတ္ခ်မ္းသာစရာ မ်ားလာမယ့္ကာလပါပဲ။
ပညာေရးကေတာ့ ပညာအသစ္တစ္ခုသင္တန္းအသစ္တစ္ခုစတင္ သင္ယူလို႔ ေကာင္းပါတယ္။
အက်ိဳးေပးဂဏန္း 3/6/8 အထူးေဟာ ကံသင့္ပါတယ္။ ယၾတာ စမူဆာ ၃ ခုဘုရားကပ္လႉလိုက္ပါ။
#တနလၤာ
ဒီကာလအတြင္း ေလွာင္ထားတဲ့ ကုန္ေတြေစ်းေကာင္းရလာတတ္ပါ တယ္။ ေခတ္မီကိရိယာမ်ား ကြန္ပ်ဴတာ၊ ဖုန္း၊ အင္တာနက္စသည့္ ပစၥည္းမ်ား ဝင္မည္။
သြားနာ၊ သြားကိုက္ ေဝဒနာခံစားရမည္။မိမိေနအိမ္တြင္ ဘုရားပြဲ၊ အုန္းပြဲ(အိမ္တြင္း) အုန္းသီးတစ္ခုခုမွ အုန္း႐ိုးထြက္လာသည္ကို
ျမင္ရ လွ်င္ ေကာင္းေသာနိမိတ္ျဖစ္မည္။စီးပြားေရးမွာရလဒ္ေကာင္းေတြရလာတတ္ပါတယ္။ဆိုင္မ်ားေဖာက္သည္သစ္ေတြရလာ မယ့္ကာလပါပဲ။
ေနအိမ္ရွိ၊ ထီး၊ ဖိနပ္၊ နာရီအေဟာင္းမ်ား စြန႔္ပစ္ပါ။ အိမ္၊ ၿခံေျမ ေရာင္းဝယ္ျခင္းကိစၥမ်ား ေႏွာင့္ေႏွး ေနမည္။ ဓါတ္႐ိုက္ ဓါတ္ဆင္နည္း အသုံးျပဳပါ။
အုန္းသီး၊ အုတ္၊ ဦးထုပ္၊ အိုး၊ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ျခင္း လုပ္ငန္းမ်ား မွလြဲ၍အျခား လုပ္ငန္းေတြလဲ အဆင္ေျပမည္။
တစ္ခုေကာင္းတာ ကေတာ့ အဓိဌာန္ဝင္ျခင္း ေတြ၊ ေစတီေတြလွည့္ၿပီး ပုတီး စိပ္တာမ်ိဳးေတြကေတာ့ ဒီေန႔ရက္ေတြမွာလုပ္ေဆာင္မယ္ဆိုရင္ အက်ိဳးထူး တတ္ပါတယ္။
စားဝတ္ေနေရးေျပ လည္ဖို႔ ေငြေနာက္ပဲလိုက္ရမလား ။ပညာရမဲ့အလုပ္ေတြပဲလုပ္ရမလားစသည္ျဖင့္ ေတြေဝဒြိဟ ျဖစ္ရတာေတြမ်ား တတ္ပါတယ္။
အခ်စ္ေရး ကေတာ့ အေကာင္းဘက္ကို မ်ားပါတယ္။ ခ်စ္လြန္းအားႀကီးၿပီး သဝန္တိုတဲ့ကိစၥေတြ ေပၚလာရင္ေတာ့ ျပႆနာျဖစ္ရ တတ္ပါတယ္။
အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္က အိမ္မကပ္တာမ်ိဳး တြ ေရွိေနတတ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့အထူးေကာင္းတယ္။
အက်ိဳးေပးဂဏန္း 4/5/7 အထူးေဟာ စီးပြားေကာင္းမည္။ယၾတာ လက္ဖက္ရည္ဘုရားကပ္လႉလိုက္ပါ။
#အဂၤါ
ဒီကာလအတြင္းလုပ္ခ်င္တဲ့ကိစၥေတြကို အခ်ိန္ဇယားနဲ႔လုပ္မရတတ္ပါ။ လူမႈေရးကိစၥေတြေၾကာင့္ေႏွာင့္ေႏွး ၾကန႔္ၾကာရ တတ္ပါတယ္။
အႏၲရာယ္ႏွင့္ ယွဥ္ၿပီး အျမတ္ျမန္ျမန္ေပၚမည့္ မွန္းဆလုပ္ကိုင္ ရေသာ လုပ္ငန္းမ်ားကို ေဝးေဝးကေရွာင္သင့္ ပါတယ္။
ဥစၥာဓန ယိုစိမ့္မႈမ်ား ရွိေနသည္။ ဂ႐ုစိုက္ေစလိုပါသည္။ သင့္အား ဒုကၡေရာက္ ေစမည့္ သို႔မဟုတ္ သူတစ္ပါးအား
ဒုကၡေရာက္ေစမည့္ ကိစၥရပ္မ်ားကို ခိုင္းေစမည့္သူမ်ား၏ ၾသဇာေလာင္းရိပ္မွ လြတ္ေျမာက္ရန္ ႀကိဳးစားပါ။ ရည္မွန္းခ်က္မ်ား
လြဲေခ်ာ္သြားတက္ ေသာေၾကာင့္ သင္၏အႀကံအစည္ စီမံကိန္းမ်ာကို အျမန္ဆုံးစတင္ ေဆာင္႐ြက္ေစလိုပါသည္။
ဖခင္ရဲ႕ အလုပ္ မ်ား၊အထက္လူႀကီးေတြရဲ႕အလုပ္ေတြကို ဝိုင္းကူေပးေနရ တတ္ပါတယ္။မိတ္ေဆြေကာင္းထက္မိမိကိုမေကာင္းတာေတြလုပ္ဖို႔
တြန္းအားေပးေနသူေတြနဲ႔ႀကဳံရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္အားနည္းပါတယ္။
မထင္မွတ္ဘဲေရာဂါေဝဒနာ ႀကီးသြားတတ္ပါတယ္။အခ်စ္ေရး ကံအား ေကာင္းေနပါတယ္။ ခ်စ္သူစုံတြဲမ်ား ေပ်ာ္႐ႊင္ၾကည္ႏူး ရမည့္ကာလျဖစ္ပါသည္။
အခ်စ္သစ္ရလြယ္ တာမ်ိဳးလဲျဖစ္တတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အျပင္ပေယာဂေၾကာင့္အိမ္ေထာင္ဘက္နဲ႔စကားမ်ားရ တတ္ ပါတယ္။
လင္မယားခ်င္းနားလည္မႈရွိဖို႔ အလြန္လိုအပ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ အနည္းင
ယ္ေပါ့ေန တဲ့ သေဘာရွိပါတယ္။ စာအေပၚစိတ္ႏွစ္လို႔မရတာေလးေတြရွိေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 1/2/4 အထူးေဟာ စိတ္နဲ႔လူနဲ႔မကပ္သလိုျဖစ္ေနတတ္ပါတယ္။ ယၾတာ အေၾကာ္စုံဘုရားကပ္ပါ။
#ဗုဒၶဟူး/ရာဟု
ဒီကာလအတြင္းကုသိုလ္ကံသည္ အေကာင္းအဆိုးမွ်တေနမည္။ စီးပြားေရးကိစၥရပ္မ်ား ေႏွးေကြးေန၏။
ရံဖန္ရံခါ အဟန႔္အတား ရွိေနေသာ္ျငားလည္း သင္သည္လုပ္ငန္းၿပီးစီးေအာင္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မည္။
ဥစၥာဓနကံ တိုးတတ္လာၿပီျဖစ္ ေသာ္လည္း အလြန္အကြၽံမသုံးစြဲ မိရန္ဂ႐ုစိုက္ပါ။ဝန္ထမ္းမ်ားတစ္ေန႔လုပ္ရမယ့္အလုပ္ကို တစ္ေန႔မလုပ္တာေၾကာင့္ အလုပ္အေႂကြးေတြမ်ားလာတတ္ပါတယ္။
ေငြေခ်းျခင္း၊အေႂကြးေတာင္းျခင္း၊ စုမဲစုျခင္း စတဲ့ ေငြေၾကးဆိုင္ရာကိစၥမ်ားေရွာင္ ရွားသင့္တဲ့ကာလပါပဲ။
အလုပ္ေနရာေျပာင္းေ႐ြ႕ရတာမ်ိဳးေတြ၊နယ္မွာ ယာယီ တာဝန္ထမ္းေဆာင္ရတာမ်ိဳးေတြလဲႀကဳံရတတ္တဲ့ ကာလပါပဲ။
အိမ္တြင္းေရးအပူမ်ားတဲ့အတြက္ အိမ္မွာမေနခ်င္ သလို မ်ိဳးျဖစ္ေနတတ္ပါတယ္။
အခ်စ္ေရးမွာေတာ့ သင္၏ စိတ္ႀကိဳက္ ေတြ႕ရွိပါက ခ်စ္ေရးဆိုရန္ အခ်ိန္ေရာက္ရွိ ေနပါၿပီ။ အခ်ိန္ဆြဲေနရင္သူမ်ားေနာက္ပါသြားတတ္ပါတယ္။
စီးပြားေရး ဆိုင္ရာအစည္းအေဝးမ်ားကေတာ့ ရလဒ္ ေကာင္း ထြက္လာဖို႔ခက္ခဲတဲ့ကာလပါပဲ။
အလုပ္ပိုေတြရွိေနရင္ခဏေမ့ထားၿပီးေတာ့ ပင္မအေရးႀကီးတာေတြ ကို ဦးစားေပး လုပ္ၾကည့္လိုက္ပါ။
က်န္းမာေရးအဘက္ဘက္က အားနည္းေနႏိုင္တာကိုေတြ႕ရတယ္။ အိမ္ေထာင္ေရး အနည္းငယ္ ပူပန္ရ တတ္ပါတယ္။
ေသာက္စားတတ္ တဲ့အိမ္ေထာင္ဘက္ရထားသူဆိုပိုဆိုးပါတယ္။ပညာေရး ကေတာ့ ဆိတ္ၿငိ မ္ေအးခ်မ္းတဲ့ေနရာေတြမွာ စာလုပ္ေစခ်င္ပါတယ္။
အက်ိဳးေပးဂဏန္း 2/6/7 အထူးေဟာ စိတ္ညစ္စရာမ်ားေနမည္ ယၾတာ သၾကားျဖဴးထားတဲ့မုန႔္တစ္မ်ိဳးမ်ိဳးဘုရားကပ္ပါ။
#ၾကာသပေတး
ဒီကာလအတြင္းသင္၏လုပ္ငန္း (သို႔မဟုတ္) အလုပ္အကိုင္တြင္ ျပႆနာအေသးအမႊားေလးေတြပဲ ျဖစ္ေပၚေနပါမည္။
ထို႔အျပင္လူမႈေရးျပႆနာေတြကိုလဲမိမိက ၾကားဝင္ေျဖရွင္းရမည္။ ကိုယ္ေရးကိုယ္တာျပႆနာ မ်ားလည္း ရွိေနပါသည္။
လုပ္ငန္းရွင္မ်ားစီးပြားေရးေကာင္းေပမယ့္ေဈးကြက္သည္ ေအးေနပါသည္။မိမိ ေစ်းကြက္ကိုလႈပ္ႏိုးႏိုင္သူေတြအက်ိဳး အျမတ္ ႀကီးပါလိမ့္မယ္။
ရင္းႏွီးမႈမွ အျမတ္အစြန္းမ်ားသည္လည္း အားရစရာေကာင္းေနတတ္ပါတယ္။ ထိုအေျခအေနတြင္ ရင္းႏွီးျမႇပ္ ႏွံမႈေတြကို မိမိစိတ္ကူးအတိုင္းလုပ္ပါ။
စိတ္ထဲလိုခ်င္တာေတြကိုေကာင္းစြာအေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။စက္ပစၥည္း လွ်ပ္စစ္ပစၥည္းမ်ားဝယ္ယူလို႔ေကာင္းတဲ့ကာလပါပဲ။
အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္လို႔ေကာင္းတဲ့ကာလပါပဲ။ လုပ္ေဖာ္ကိုင္ဖက္မ်ား အထက္အရာရွိမ်ားႏွင့္ ပိုမို၍ဆက္သြယ္မႈမ်ားပါေစ။
ခ်စ္သူစုံတြဲမ်ား အတူတူေပ်ာ္႐ႊင္ခ်ိန္မ်ားေပးပါ။ အလုပ္ေၾကာင့္ ခ်စ္သူကိုဥေပကၡာျပဳထားသလိုျဖစ္ေနတတ္ပါတယ္။
က်န္းမာေရးေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ ေဆးစတင္မွီဝဲျခင္းေတြ၊ ေဆးစစ္ျခင္းေတြေဆာင္႐ြက္လို႔ေကာင္းတဲ့ေန႔ရက္ေတြျဖစ္ပါတယ္။
အိမ္ေထာင္ေရးအဆင္ေျပသာ ယာမဲ့ေန႔ရက္ေတြပဲျဖစ္ပါတယ္။ပညာေရးကေတာ့ စာေမးပြဲကံအင္တာဗ်ဴးကံအားေကာင္းေနတာမ်ိဳးေတြ႕ရပါတယ္။
စာေမးပြဲ မွာရလဒ္ေကာင္းမဲ့ေန႔ရက္ေတြပါပဲ။ အက်ိဳးေပးဂဏန္း 1/3/7 အထူးေဟာ ကံျမင့္မားေနပါတယ္။ ယၾတာ ႏို႔ဆီတစ္ဗူး ရဟန္းတစ္ပါးကိုေလာင္းလႉလိုက္ပါ။
#ေသာၾကာ
ဒီကာလအတြင္းစန္းအားေကာင္းေနသျဖင့္ လူခ်စ္လူခင္မ်ားျခင္းေတြ၊ကူညီမဲ့သူေပါမ်ားျခင္းေတြ ႀကဳံေတြ႕ရတတ္ ပါတယ္။
အလႉမဂၤလာမ်ားမိသားစုအတြင္းႀကဳံရတတ္ပါတယ္။ ေ႐ႊေငြလက္ဝတ္ရတနာမ်ားဝယ္မယ္ဆိုရင္လဲဒီကာလမွာဝယ္ ယူလို႔အလြန္ေကာင္းပါတယ္။
မိသားစုအတြင္း ဆိုးတဲ့သူတစ္ဦးေၾကာင့္ အားလုံးစိတ္ဆင္းရဲရတတ္ပါတယ္။
မိမိလိုခ်င္ေန တဲ့အရာေတြကိုလဲ မိမိခ်စ္ခင္ရသူေတြကလက္ေဆာင္ေပးတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။
ရန္အေႏွာက္အယွက္ႏွင့္အမႈအခင္း ရွိေနသူမ်ားဒီအပတ္အတြင္းေကာင္းစြာေျဖရွင္းႏိုင္ပါလိမ့္မယ္။
ဝန္ထမ္းသစ္ခန႔္အပ္ျခင္းမ်ားဒီကာလမွာေဆာင္႐ြက္ႏိုင္ပါတယ္။ ဖခင္ထံကေနအကူအညီေကာင္းေတြလဲရလာတတ္ပါတယ္။
လိုခ်င္ေနတဲ့ေငြေၾကးအကူအညီေတြကိုလဲ ရလြယ္ပါတယ္။ အာ႐ုံ ေၾကာႏွင့္ဆိုင္ေသာ ေဝဒနာမ်ား၊ ေသြးသားႏွင့္ဆိုင္ေသာ ေဝဒနာမ်ား ခံစားရတတ္သည္။
အမဲသား၊ ဝက္သားေရွာင္ပါ။ မိမိ ဆႏၵႏွင့္ အလုပ္ထြက္/ေျပာင္းျခင္း မေကာင္းေသးပါ။ ေခါင္းေလွ်ာ္တာကအစဒီကာလမွာသတိထားၿပီး ေရွာင္သင့္သည္။
ခရီးေဝး သြားကိန္း မေကာင္းေသးပါ။ မျဖစ္မေန သြားမည္ဆိုပါက တနလၤာႏွင့္ ေသာၾကာေန႔ေရွာင္ၿပီးသြားပါ။အခ်စ္ေရးကံေကာင္းေန တတ္ပါတယ္။
အဆင္မေျပတဲ့ ခ်စ္သူေတြျပန္ေျပလည္မယ့္ေန႔ရက္ေတြပါပဲ။ ပညာေရးနဲ႔ပတ္သက္ၿပီးအားနည္းခ်က္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ျပဳျပင္ႏိုင္ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း 1/2/4 အထူးေဟာ စိတ္ခ်မ္းသာစရာမ်ားပါလိမ့္မယ္ယၾတာ လက္ကိုင္ပဝါတစ္ထည္ မိတ္ေဆြတစ္ဦးကိုလက္ေဆာင္ေပးလိုက္ပါ။
#စေန
ဒီကာလအတြင္းအေပ်ာ္အပါး အရႈပ္အေထြးကိစၥေရွာင္ပါ။ ဘာသာေရးအဓိဌာန္တစ္ခု မပ်က္မကြက္ ေဆာင္႐ြက္ပါ။
က်န္းမာေရးအားနည္းေနမည္။ေသြးတိုး၊ ႏွလုံး၊ အာ႐ုံေၾကာႏွင့္ဆိုင္ေသာ ေဝဒနာ၊ ဆီးခ်ိဳေဝဒနာ ခံစားရတတ္သည္။
ျပည္တြင္း၊ ျပည္ပခရီးေဝးသြားပါက အဂၤါႏွင့္ ေသာၾကာေန႔ေရွာင္သြားပါ။ အဂၤါနံ၊ ေသာၾကာနံပါေသာ အမည္ပိုင္ရွင္ မ်ားႏွင့္ စကားမ်ားရမည္။
ေရလုပ္ငန္း၊ ငါးလုပ္ငန္း၊ အေဖ်ာ္ယမကာလုပ္ငန္း၊ ေရသန႔္ဘူး၊ လွ်ပ္စစ္ ပစၥည္းမ်ား၊ ယပ္ေတာင္၊
ယြန္းထည္ပစၥည္းမ်ား၊ ဝါး၊ ဝက္၊ အလွကုန္ပစၥည္းမ်ား အေရာင္းအဝယ္ အဆင္ေျပမည္။ေငြေၾကးလက္မလြန္ပါေစနဲ႔။
လက္လြန္ သြားရင္ဆုံးတတ္ပါတယ္။ေငြအေပးအယူကိစၥမ်ား ၿပီးစလြယ္မလုပ္ပါနဲ႔။စာခ်ဳပ္နဲ႔ေသခ်ာေဆာင္႐ြက္မွစိတ္ခ်ရပါလိမ့္မယ္။
လက္ကားစီးပြားေရးမ်ား ေရာင္းမထြက္တဲ့ပစၥည္းေတြကိုေလွာင္မိတတ္ပါတယ္။ ဒါေၾကာင့္ ေငြအခ်ိန္အေတာ္ၾကာျမဳပ္သြား တတ္ပါတယ္။
အခ်စ္ေရးမွာေတာ့ ေဝးေနတဲ့ခ်စ္သူေတြအဆင္ေျပေပမယ့္ နီးေနတဲ့ ခ်စ္သူေတြ၊အလုပ္တူလို႔ေနတိုင္းျမင္ေနရ တဲ့ခ်စ္သူစုံတြဲေတြကေတာ့
အဆင္မေျပျဖစ္လြယ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ စိတ္ညစ္စရာနည္းပါလိမ့္မယ္။
မိသားစု ေအးခ်မ္းသာယာမႈေတြရွိေနတတ္ပါတယ္။ မိသားစုစီးပြားေရးမ်ားေကာင္းေနတတ္ပါတယ္။
ပညာေရးအားအနည္းဆုံးပါပဲ။ မိမိ ကိုယ္တိုင္ဉာဏ္ဝီရိယထည့္ႏိုင္မွအဆင္ေျပလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၃/၉/၂အထူးေဟာ ကံအင္အားနည္းေနမည္။ ယၾတာ လုပ္ကိုင္ေဆာင္႐ြက္သမွ် ဘုရားရွင္ကိုဦးထိပ္ပန္ၿပီးမွေဆာင္႐ြက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)
09 77 5555 695 , 09 44 5555 695