ၾကားသိရသမွ်

“အိမ်ထဲမှာ အရမ်းပူလာလို့ မြေကြီးကိုတူးကြည့်တဲ့အခါ တွေ့လိုက်ရတဲ့ တာချီလိတ်က ထိတ်လန့်စရာ ဖြစ်ရပ်”(ရုပ်သံ)

တာချီလိတ်၊ဇူလိုင် (၂၇)။ ။ တာချီလိတ်မြို့နယ် ၊ဆန်ဆိုင်း (က) ရက်ကွက် ၊မြို့ပတ်လမ်းပေါ်ရှိ ပီဇာဆိုင်အခန်းတခုအတွင်းရှိ အောက်ခင်းကြွေပြားများနှင့် နံရံများ ရုတ်တရတ် အပူချိန် ပြင်းလာသဖြင့် စစ်ဆေးရန်အတွက် မြေကြီးတွင်းတူးကြည်ရာ

တွင်းထဲမှ အငွေ့များ ထွက်လာသဖြင့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုလေ့လာရေးဌာနမှ တာဝန်ရှိသူမှလာရောက်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ည တညလုံး အဆိုပါ အခန်းအား လျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း ယခုမနက်ပိုင်းအထိ ဆက်လက် ပူနေသေးကြောင်း သိရှိရသည်။

“ငလျင်တွေ လှုပ်တာကြောင့် မြေကြီးအောက်မှာ ရှိတဲ့ ကျောက်ပြားတွေ ပွတ်တိုက်မှုကြောင့် ပူလာတာလည်း ဖြစ်နိုင်တယ်။ အခု ပူတဲ့ မြေကြီးရဲ့ အောက်အနက် ၇ ပေ ၈ပေအထိ နက်အောက်တူးပြီး မြေကြီးကို ဓာတ်ခွဲခန်းသို့ပို့ပြီး စမ်းသပ်ရမယ်။”ဟု ကျိုင်းတုံမှ ဘူမိဗေဒ နှင့် ဓာတ်သတ္တုလေ့လာရေး ဌာနမှ လာရောက်လေ့လာသူ ဦးအောင်ကျော်စိုးမှ ပြောသည်။

တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း (က)ရပ်ကွက် အနောက်မြို့ပတ်လမ်းပေါ်ရှိ HH pizza ဆိုင်အတွင်းရှိ ကြွေပြားများမှာ ဇူလိုင် (၂၆)ရက်နေ့၊နံနက်ပိုင်း အချိန် (၁၀)နာရီဝန်းကျင်ခန့်မှစတင်ကာ အလွန်အမင်း ပူလာကြောင်း သတင်းပေးပို့လာသဖြင့်

အခြေအနေသိရှိနိုင်ရန်အတွက် မြေကြွင်းတူးရာမှ ယခုလို အငွေ့ထွက်လာခြင်းဖြစ်သည်။အဆိုပါအခန်းတွင်းရှိ ယင်းနေရာ၌တွင်သာ ပူပြင်းနေသော်လည်း ဘေးဖက် တိုက်ခန်းတွဲမှာ အပူချိန် မရှိကြောင်း တွေ့ရှိရသည်။

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

ရုပ်သံကြည့်ရန် (၃)

ရုပ်သံကြည့်ရန် (၄)

အပူချိန်ပြင်းသဖြင့် အခန်း​၏ ကြမ်းခင်းမြေအောက်ဖက်သို့ တူးကြည့်ရာ အငွေ့ထွက်နေသဖြင့် မြေကြီးအားဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးမည်။

#ရှမ်းအရှေ့သတင်းမဏ္ဍိုင်