မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ရေပူအပိုင်ချစ်ကြည်ရေးတံတား အမှတ်(၂)အနီးနေထိုင်သူ တရားလို ဒေါ် ……. အသက်၄၆နှစ်သည်၂၀.၁၁.၂၀၂၀ရက် နေ့ညနေအချိန်တွင် တူမဖြစ်သူမ … … . ၁၅နှစ်မှာနေအိမ်မှ ပျောက်ဆုံးသွားပါသဖြင့် လိုက်လံရှာဖွေရာ ဘယ်လိုနည်းနဲ့မှရှာဖွေမတွေ့ရှိရတော့ဘဲ
၁၆.၁.၂၀၂၁ရက်နေ့တွင် တူမဖြစ်သူမှ စားသောက်စရာပိုက်ဆံပြက်နေကြောင်း ငွေကျပ်တစ်သိန်းပေးရန် ဆက်သွယ်လာသဖြင့် ငွေကျပ်တစ်သိန်းပေးမည်ဟုဆိုကာ ဖားချောင်းကျေးရွာအနီးချိန်ဆိုလိုက်တယ်
ထိုသို့ချိန်ဆိုတွေ့ဆုံရာတွင် မ …. ၁၅နှစ်က အောင်ထွေးဆိုသူနဲ့ ခိုးရာလိုက်သွားကြောင်း သင်္ကန်းညီနောင်ရွာသစ် DKBA(၉၀၁)ဝန်းဟောင်းအနီး နေအိမ်တစ်အိမ်တွင် အတူတူနေထိုင်ခဲ့ရကြောင်း မိမိအားစတင်ခိုးယူပေါင်းသင်းစဉ် အောင်ထွေးအပြင်သွားသည့်အခါ မိမိအားအခန်းထဲတွင်ထားခဲ့ကြောင်း
ယခုကိုယ်ဝန်၂လခန့်ရှိနေကြောင်း အောင်ထွေမှာလွန်ခဲ့သည့်၁၀ရက်ခန့်မှစ၍ အခန်းသို့ပြန်မလာတော့သည့်အတွက် စားဝတ်နေရေးအဆင်မပြေဖြစ်ကာ အဒေါ်အရင်းဖြစ်သူထံ ယခုလိုငွေကျပ်တစ်သိန်း ဖုန်းဆက်ခေါ်တောင်းရခြင်းဖြစ်ကြောင်း
အောင်ထွေးဆိုသူမှာ လူပျိူ ကြီးဖြစ်ကြောင်းမ ….. ၁၅နှစ်က ဆက်လက်ပြောဆိုတယ် တူမဖြစ်သူအား အဒေါ်အရင်းမှ ၁၆.၁.၂၀၂၁ရက်နေ့ ည၇နာရီအချိန်ဌားနေသည့်တန်းလျားမှ မိမိနေထိုင်ရာ ရေပူအိမ်သို့ပြန်လည်ခေါ်ဆောင်လာခဲ့တယ် ယနေ့
၁၇.၁.၂၀၂၁ရက်နေ့နံနက် ၆ နာရီအချိန်စာရေးသူကျွန်တော်မှ မြဝတီရဲစခန်းနှင့် သင်္ကန်းညီနောင် ရဲစခန်းတို့နဲ့ချိုတ်ဆက်ကာ
တရားခံအောင်ထွေးကို မ … … . . ၁၅နှစ်နဲ့မြှားပြီး ဖမ်းဆီးပေးနိုင်ခဲ့တယ် တရားခံအောင်ထွေးလူပျိူကြီးအား မြဝတီရဲစခန်းရောက်သောအခါ အသေးစိတ်စစ်ဆေးမေးမြန်းကြည့်သောအခါ ကောကရိတ်မြို့နယ် ဂျိူင်းကျေးရွာတွင် မယားကြီးနဲ့သားသမီးများရှိခဲ့ဖူးကြောင်း သိရှိရတယ် သို့ဖြစ်ပါ၍ အသက်မပြည့်သေးသူမ ….. ၁၅နှစ်အား သွေးဆောင်ခေါ်ကာ ခိုးယူပေါင်းသင်းသူ တရားခံအောင်ထွေးအား မြဝတီရဲစခန်းမှ ပ ၁၄/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း ရေးသားတင်ဆက်လိုက်ပါသည် ။
.ဘီဝမ်း