ၾကားသိရသမွ်

အကြိမ်ပေါင်း၂သန်းမှာတစ်ကြိမ်သာဖြစ်နိုင်တဲ့ ထူးခြားစွာမွေးဖွားလာတဲ့ ခုနှစ်မတူအမွှာပူး ကလေးမွေးဖွား

အကြိမ်ပေါင်း၂သန်းမှာတစ်ကြိမ်သာဖြစ်နိုင်တဲ့ ထူးခြားစွာမွေးဖွားလာတဲ့ ခုနှစ်မတူအမွှာပူး ကလေးမွေးဖွား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာနှစ်သစ်ကူးနေ့ က ၁၅ မိနစ်ခြားပြီးမွေးတဲ့ အမြွှာ ကလေး နှစ်ဦး ဟာမွေးတဲ့နှစ်မတူသလို မွေးနေ့လည်းမတူ ဖြစ်သွားခဲ့ပြီး ဒါဟာအကြိမ် ပေါင်း ၂ သန်းမှာတစ်ကြိမ်လောက်ပဲဖြစ်နိုင်တဲ့ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်တယ်လို့သိရပါတယ်။

ဖာတီမာ မာဒရီဂယ် နဲ့ ရောဘက်ထရူဂျီလို တို့ရဲ့သားလေး အန်ဖိုနီယို ထရူဂျီလို ဟာနှစ်သစ်ကူး အကြိုနေ့ကကယ်လီဖိုးနီးယား ပြည်နယ်ဆေးဖက်ဆိုင်ရာစင်တာတစ်ခု မှာ ည ၁၁ နာရီ ၄၅ မိနစ်ကမွေးဖွားခဲ့ပါတယ်။

ဒါပေမယ့် ညသန်းခေါင်းကျော်သွားချိန်မှာတော့ သူ့ရဲ့အမြွှာညီမလေးအေလင်းယိုလန်ဒါ ထရူဂျီလို မွေးဖွားခဲ့ ပြီးသူ့မွေးနေ့ဟာနှစ်သစ်ကူးနေ့ဖြစ်သွားခဲ့ပါတယ်။အေလင်း ဟာ ၅ ပေါင် ၁၄ အောင်စ အလေးချိန်ရှိပြီး ၂၀၂၂ အတွင်း မွန်တာရီ ကောင်တီ ဒေသရှိ နာတီဗီဒက် ဆေးဖက်ဆိုင်ရာစင်တာမှာ ပထမဆုံးမွေးဖွားတဲ့ ကလေးဖြစ်ပါတယ်။

သူတို့ ကအမြွှာတွေ ဖြစ်ပြီး မွေးနေ့ တွေ မတူဖြစ်သွားတာကြောင့် ကျွန်မကြောင်သွားခဲ့တယ် လို့ မစ္စစ် ဖာတီမာ ကပြောကြားပါတယ်။ညသန်းခေါင်ကျော်မှာ သမီးလေးမွေးလာတော့ ကျွန်မ အံ့သြပြီး ဝမ်းသာသွားခဲ့တယ်လို့ သူကဆက်လက်ပြောကြားပါတယ်။

အေလင်း ရဲ့ အစ်ကို ဖြစ်သူ ဟာကိုယ်အလေးချိန် ၆ ပေါင် ၁ အောင်စရှိတယ်လို့သိရပါတယ်။သူတို့နှစ်ယောက်မှာအခြားမွေးချင်း သုံးဦး ရှိပြီး မိန်းကလေးနှစ်ဦးနဲ့ယောင်္ကျားလေးတစ်ဦးဖြစ်တယ်လို့သိရပါတယ်။မိသားစုဝင်တွေ အားလုံး ဆုံချင်နေပြီလို့ မစ္စစ်ဖာတီမာကပြောကြားပါတယ်။

အမေရိကန် နိုင်ငံတစ်ဝန်း နှစ်စဉ် အမြွှာကလေး ၁၂၀၀၀၀ မွေးဖွားပြီး စုစုပေါင်းမွေးဖွားတဲ့ ကလေးတွေ ရဲ့ ၃ ရာခိုင်နှုန်းကို ပဲကိုယ်စားပြုနေတာဖြစ်ပါတယ်။ဒါပေမယ့် အမြွှာတွေဖြစ်ပြီး မွေးနေ့နဲ့မွေးတဲ့ နှစ်မတူတဲ့ ဖြစ်စဉ် ဟာကြုံတောင့်ကြုံခဲ ဖြစ်ရပ်ဖြစ်ပြီး အကြိမ် ၂ သန်းမှာ တစ် ကြိမ်လောက်ပဲဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

Facebook Comments Box