ၾကားသိရသမွ်

ရခိုင္ျပည္နယ္တြင္ ပိုးေတြ႕လူနာအားလုံး ၈၄ % မွာ ေရာဂါလကၡဏာမျပဘဲ စစ္ေဆးလိုက္မွ ေတြ႕ရွိရျခင္းျဖစ္ေန

ရခိုင္ျပည္နယ္တြင္ ပိုးေတြ႕လူနာအားလုံး ၈၄ % မွာ ေရာဂါလကၡဏာမျပဘဲ စစ္ေဆးလိုက္မွ ေတြ႕ရွိရျခင္းျဖစ္ေန

“ရခိုင္ျပည္နယ္မွာ ပိုးေတြ႕လူနာအားလုံးရဲ႕ ၈၄ % က ေရာဂါလကၡဏာမျပဘဲ ရွိေနတာကိုအံ့အားသင့္ဖြယ္ ေတြ႕ရွိေနရပါတယ္။ဒါဆိုရင္ ေရာဂါပိုးရွိသူ ၁၀၀ မွာ ၈၄ ေယာက္က ဘာမွလကၡဏာမျပပဲ ပိုးရွိေနႏိုင္တယ္ဆိုတဲ့သေဘာပါပဲ။” ဟု ေဒါက္တာခင္ခင္ႀကီးရဲ႕ Facebook မွာေဖာ္ျပထားပါတယ္။

 

ျမန္မာႏိုင္ငံတြင္ ယေန႔ (၃၁-၈-၂၀၂၀ ရက္ေန႔) နံနက္ပိုင္းအထိ Covid-19 ပိုးေတြ႕အတည္ျပဳလူနာ (၇၈၇) ဦးရွိေနၿပီး ပိုးေတြ႕လူနာမ်ား၏ ၇၂ % မွာ ေရာဂါလကၡဏာမျပဘဲ စစ္ေဆးလိုက္မွ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္းသိရပါတယ္။

“တခ်ိဳ႕ေတြက ဒီတခါ ရခိုင္မွာျဖစ္တဲ့ ကိုဗစ္ဟာ ေရာဂါကူးစက္တာသာ ျမန္တာပါ၊ ေရာဂါမျပင္းထန္ဘူး။ ဒါ့ေၾကာင့္စိုးရိမ္စရာမလိုဘူး။ သာမန္ရာသီတုပ္ေကြးလိုမ်ိဳးလို႔ ထင္တတ္ၾကပါတယ္။

ဒါဟာလုံးဝမွားယြင္းပါတယ္။ ဘာလို႔ေျပာရသလဲဆိုရင္ ၃၀- ၃- ၂၀၂၀ ရက္ေန႔အထိ ေရာဂါပိုးေတြ႕လူနာေတြအနက္ (၃) ဦးဟာ ေရာ ဂါျပင္းထန္တာကို ေတြ႕ရွိလာရၿပီျဖစ္လို႔ပါပဲ။

သူတို႔ေတြဟာ အသက္ ၆၀ ေက်ာ္ေတြျဖစ္ၿပီး ေနာက္ခံေရာဂါေတြျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳ ၊ႏွလုံးေရာဂါေတြ ရွိေနခဲ့တာလည္း ေရာဂါရဲ႕ ဆိုးက်ိဳးကို ပိုမိုခံစားရတာျဖစ္ပါတယ္။” ဟုလည္း ေဒါက္တာခင္ခင္ႀကီးရဲ႕ Facebook မွာေဖာ္ျပထားပါတယ္။

ယခုဆိုလွ်င္ ရခိုင္ျပည္နယ္၏ ၿမိဳ႕နယ္ (၁၅) ၿမိဳ႕နယ္အထိ ေရာဂါကူးစက္မႈျဖစ္ေနတာကို ေတြ႕ရပါတယ္။“လက္ရွိအခ်ိန္မွာ ေရာဂါေဗဒရႈေထာင့္အရ ေရာဂါျဖစ္ပြားသူ တက္ေနအုံးမွာပါပဲ။ သို႔ေသာ္ ဘယ္ေလာက္ထိ တက္မလဲ၊ ဘယ္အခ်ိန္မွာ တန႔္ၿပီး ဘယ္အခ်ိန္မွာ က်သြားမလဲ ဆိုတာကေတာ့ ျပည္သူလူထုနဲ႔ အစိုးရ ခ်ိန္ သားကိုက္ ေဆာင္႐ြက္မႈအေပၚ အမ်ားႀကီးမူတည္ေနတာမို႔ အားလုံးပူးေပါင္းကူညီေဆာင္႐ြက္ၾကပါ။

အားလုံးရဲ႕ အားစိုက္ထုတ္မႈဟာ အရွိန္အဟုန္နဲ႔ အားေကာင္းလာတဲ့အခါ ေရာဂါျဖစ္ပြားကူးစက္မႈကို အျမန္ဆုံးထိန္း ခ်ဳပ္ႏိုင္ပါလိမ့္မယ္။” ဟုလည္း ေဒါက္တာခင္ခင္ႀကီးက ေရးသားထားပါတယ္။

#ရခိုင္ျပည္နယ္ #ပိုးေတြ႕လူနာ #ေရာဂါလကၡဏာ #မျပဘဲ #စစ္ေဆးမွေတြ႕ရွိ

Ref ; Health Digest Journal

Unicode

ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာအားလုံး ၈၄ % မှာ ရောဂါလက္ခဏာမပြဘဲ စစ်ဆေးလိုက်မှ တွေ့ရှိရခြင်းဖြစ်နေ

“ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာအားလုံးရဲ့ ၈၄ % က ရောဂါလက္ခဏာမပြဘဲ ရှိနေတာကိုအံ့အားသင့်ဖွယ် တွေ့ရှိနေရပါတယ်။ဒါဆိုရင် ရောဂါပိုးရှိသူ ၁၀၀ မှာ ၈၄ ယောက်က ဘာမှလက္ခဏာမပြပဲ ပိုးရှိနေနိုင်တယ်ဆိုတဲ့သဘောပါပဲ။” ဟု ဒေါက်တာခင်ခင်ကြီးရဲ့ Facebook မှာဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံတွင် ယနေ့ (၃၁-၈-၂၀၂၀ ရက်နေ့) နံနက်ပိုင်းအထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၇၈၇) ဦးရှိနေပြီး ပိုးတွေ့လူနာများ၏ ၇၂ % မှာ ရောဂါလက္ခဏာမပြဘဲ စစ်ဆေးလိုက်မှ တွေ့ရှိရခြင်းဖြစ်ကြောင်းသိရပါတယ်။

“တချို့တွေက ဒီတခါ ရခိုင်မှာဖြစ်တဲ့ ကိုဗစ်ဟာ ရောဂါကူးစက်တာသာ မြန်တာပါ၊ ရောဂါမပြင်းထန်ဘူး။ ဒါ့ကြောင့်စိုးရိမ်စရာမလိုဘူး။ သာမန်ရာသီတုပ်ကွေးလိုမျိုးလို့ ထင်တတ်ကြပါတယ်။

ဒါဟာလုံးဝမှားယွင်းပါတယ်။ ဘာလို့ပြောရသလဲဆိုရင် ၃၀- ၃- ၂၀၂၀ ရက်နေ့အထိ ရောဂါပိုးတွေ့လူနာတွေအနက် (၃) ဦးဟာ ရော ဂါပြင်းထန်တာကို တွေ့ရှိလာရပြီဖြစ်လို့ပါပဲ။

သူတို့တွေဟာ အသက် ၆၀ ကျော်တွေဖြစ်ပြီး နောက်ခံရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို ၊နှလုံးရောဂါတွေ ရှိနေခဲ့တာလည်း ရောဂါရဲ့ ဆိုးကျိုးကို ပိုမိုခံစားရတာဖြစ်ပါတယ်။” ဟုလည်း ဒေါက်တာခင်ခင်ကြီးရဲ့ Facebook မှာဖော်ပြထားပါတယ်။

ယခုဆိုလျှင် ရခိုင်ပြည်နယ်၏ မြို့နယ် (၁၅) မြို့နယ်အထိ ရောဂါကူးစက်မှုဖြစ်နေတာကို တွေ့ရပါတယ်။“လက်ရှိအချိန်မှာ ရောဂါဗေဒရှုထောင့်အရ ရောဂါဖြစ်ပွားသူ တက်နေအုံးမှာပါပဲ။ သို့သော် ဘယ်လောက်ထိ တက်မလဲ၊ ဘယ်အချိန်မှာ တန့်ပြီး ဘယ်အချိန်မှာ ကျသွားမလဲ ဆိုတာကတော့ ပြည်သူလူထုနဲ့ အစိုးရ ချိန် သားကိုက် ဆောင်ရွက်မှုအပေါ် အများကြီးမူတည်နေတာမို့ အားလုံးပူးပေါင်းကူညီဆောင်ရွက်ကြပါ။

အားလုံးရဲ့ အားစိုက်ထုတ်မှုဟာ အရှိန်အဟုန်နဲ့ အားကောင်းလာတဲ့အခါ ရောဂါဖြစ်ပွားကူးစက်မှုကို အမြန်ဆုံးထိန်း ချုပ်နိုင်ပါလိမ့်မယ်။” ဟုလည်း ဒေါက်တာခင်ခင်ကြီးက ရေးသားထားပါတယ်။

#ရခိုင်ပြည်နယ် #ပိုးတွေ့လူနာ #ရောဂါလက္ခဏာ #မပြဘဲ #စစ်ဆေးမှတွေ့ရှိ

Ref ; Health Digest Journal