ၾကားသိရသမွ်

၂၀၂၀ ခုႏွစ္ စက္တက္ဘာလအတြင္း ျဖစ္ေပၚမည့္ အာကာသ ျဖစ္စဥ္မ်ား

၂၀၂၀ ခုႏွစ္ စက္တက္ဘာလအတြင္း ျဖစ္ေပၚမည့္ အာကာသ ျဖစ္စဥ္မ်ား

စက္တင္ဘာလထဲမွာေတာ့ မိုးရာသီကုန္ဆုံးၿပီး ေဆာင္းရာသီသို႔ စတင္ ခ်င္းနင္းဝင္ေရာက္ပါေတာ့မည္။ စက္တင္ဘာ (၂) ရက္ေန႔ဟာ ဝါေခါင္လျပည့္ေန႔ ျဖစ္ပါတယ္။

လမင္းဟာ ေနရဲ႕ ဆန႔္က်င္ဘက္ (တနည္း) စန္းယွဥ္ရာအရပ္ျဖစ္တဲ့ ကုမ္ရာသီ (Aquirius) အတြင္းမွာ မိုးသားတိမ္တိုက္မ်ားအၾကား တစ္ညလုံး ထြန္းလင္းေတာက္ပေနမွာ ျဖစ္ပါတယ္။

စက္တင္ဘာလ (၆) ရက္ေန႔ညမွာေတာ့ လမင္းနဲ႔ အဂၤါၿဂိဳဟ္ (မားစ္) တို႔ဟာ လြန္စြာမွ နီးကပ္ၾကမည္ျဖစ္ၿပီး ေတာင္အေမရိကႏွင့္ အေနာက္အာဖရိကေဒသတို႔မွာ အဂၤါၿဂိဳဟ္ကို လဖုံးကြယ္သြားျခင္းကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ထိုအခ်ိန္မွာ လႏွင့္ အဂၤါၿဂိဳဟ္တို႔ ရွိေနမယ့္တာရာကေတာ့ မိန္ရာသီ (Pisces) ပဲ ျဖစ္ပါတယ္။ လမင္း (လျခမ္း) ဟာ စက္တင္ဘာ ၁၄ ရက္မွာ ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္)၊၁၉ ရက္ေန႔မွာ ဗုဒၶဟူးၿဂိဳဟ္ (မာက်ဴရီ)၊ ၂၅ ရက္ေန႔မွာ ၾကာသပေတးၿဂိဳဟ္ (ဂ်ဴပီတာ) နဲ႔ ၂၆ ရက္ေန႔မွာ စေနၿဂိဳဟ္ (ေစတန္) တို႔နဲ႔ ဆက္လက္ ေတြ႕ဆုံ နီးကပ္မွာ ျဖစ္ပါတယ္။

စက္တင္ဘာလ (၂၂) ရက္ေန႔ဟာ ေဆာင္းရာသီသို႔ ကူးေျပာင္းမယ့္ အခ်ိန္ျဖစ္ပါတယ္။ အတိအက်ေျပာရလွ်င္ စက္တင္ဘာ ၂၂ ရက္ေန႔ည ၇:၄၅ မွာ ျဖစ္ပါတယ္။

ေဆာင္းကူး ေန႔-ည ညီခ်ိန္ (တနည္း) September Equinox လို႔ ေခၚပါတယ္။ ေနေရာင္ျခည္ဟာ အီေကြတာေပၚ တည့္မတ္စြာက်ေရာက္မွာျဖစ္လို႔ ေန႔ ႏွင့္ ည အခ်ိန္ တူညီစြာ ရွိေနမွာ ျဖစ္ပါတယ္။

က်ေနာ္တို႔လို အီေကြတာေျမာက္ဘက္ျခမ္းေနသူေတြအတြက္ ေဆာင္းရာသီ ပထမဆုံးရက္လို႔ ဆိုႏိုင္ပါတယ္။စက္တင္ဘာ (၂၂) ေနာက္ပိုင္း မိုးတိမ္ကင္းစင္လာမွာျဖစ္လို႔ ေကာင္းကင္မွာ ၾကယ္တာရာေတြ အစုံအလင္ ၾကည့္ရေတာ့မွာပါ။

ေန မထြက္ခင္ အေရွ႕အရပ္မွာ ေဆာင္းရာသီ အမွတ္အသားျဖစ္တဲ့ Winter Triangle နဲ႔ မၾကာမီမွာ Winter circle တို႔ကို ေတြ႕လာရေတာ့မွာပါ။ေမာင္ရွင္ဆိုင္းထမ္း၊ ေမထုံၾကယ္စုနဲ႔ သေဘၤာခ်က္ ၾကယ္ေတြေပါ့။ ေနာက္ၿပီး ထူးထူးျခားျခား 88P/ Howell ဆိုတဲ့ ၾကယ္တံခြန္တစ္ခုလည္း လင္းလက္လာမွာျဖစ္လို႔ သာမန္မ်က္စိ (သို႔) တယ္လီစကုတ္မ်ားျဖင့္ အေမွာင္ေကာင္းေကာင္းမွာ ရွာေဖြၾကည့္လို႔ ရႏိုင္ပါဦးမယ္။ နီးလွ်င္ အေသးစိပ္ ထပ္တင္ေပးပါမယ္။

အနာဂတ္ ပညာေရးအတြက္ ႀကိဳးစားေနသည့္

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode

၂၀၂၀ ခုနှစ် စက်တက်ဘာလအတွင်း ဖြစ်ပေါ်မည့် အာကာသ ဖြစ်စဉ်များ

စက်တင်ဘာလထဲမှာတော့ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီသို့ စတင် ချင်းနင်းဝင်ရောက်ပါတော့မည်။ စက်တင်ဘာ (၂) ရက်နေ့ဟာ ဝါခေါင်လပြည့်နေ့ ဖြစ်ပါတယ်။

လမင်းဟာ နေရဲ့ ဆန့်ကျင်ဘက် (တနည်း) စန်းယှဉ်ရာအရပ်ဖြစ်တဲ့ ကုမ်ရာသီ (Aquirius) အတွင်းမှာ မိုးသားတိမ်တိုက်များအကြား တစ်ညလုံး ထွန်းလင်းတောက်ပနေမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့ညမှာတော့ လမင်းနဲ့ အင်္ဂါဂြိုဟ် (မားစ်) တို့ဟာ လွန်စွာမှ နီးကပ်ကြမည်ဖြစ်ပြီး တောင်အမေရိကနှင့် အနောက်အာဖရိကဒေသတို့မှာ အင်္ဂါဂြိုဟ်ကို လဖုံးကွယ်သွားခြင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုအချိန်မှာ လနှင့် အင်္ဂါဂြိုဟ်တို့ ရှိနေမယ့်တာရာကတော့ မိန်ရာသီ (Pisces) ပဲ ဖြစ်ပါတယ်။ လမင်း (လခြမ်း) ဟာ စက်တင်ဘာ ၁၄ ရက်မှာ သောကြာဂြိုဟ် (ဗီးနပ်စ်)၊၁၉ ရက်နေ့မှာ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)၊ ၂၅ ရက်နေ့မှာ ကြာသပတေးဂြိုဟ် (ဂျူပီတာ) နဲ့ ၂၆ ရက်နေ့မှာ စနေဂြိုဟ် (စေတန်) တို့နဲ့ ဆက်လက် တွေ့ဆုံ နီးကပ်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ (၂၂) ရက်နေ့ဟာ ဆောင်းရာသီသို့ ကူးပြောင်းမယ့် အချိန်ဖြစ်ပါတယ်။ အတိအကျပြောရလျှင် စက်တင်ဘာ ၂၂ ရက်နေ့ည ၇:၄၅ မှာ ဖြစ်ပါတယ်။

ဆောင်းကူး နေ့-ည ညီချိန် (တနည်း) September Equinox လို့ ခေါ်ပါတယ်။ နေရောင်ခြည်ဟာ အီကွေတာပေါ် တည့်မတ်စွာကျရောက်မှာဖြစ်လို့ နေ့ နှင့် ည အချိန် တူညီစွာ ရှိနေမှာ ဖြစ်ပါတယ်။

ကျနော်တို့လို အီကွေတာမြောက်ဘက်ခြမ်းနေသူတွေအတွက် ဆောင်းရာသီ ပထမဆုံးရက်လို့ ဆိုနိုင်ပါတယ်။စက်တင်ဘာ (၂၂) နောက်ပိုင်း မိုးတိမ်ကင်းစင်လာမှာဖြစ်လို့ ကောင်းကင်မှာ ကြယ်တာရာတွေ အစုံအလင် ကြည့်ရတော့မှာပါ။

နေ မထွက်ခင် အရှေ့အရပ်မှာ ဆောင်းရာသီ အမှတ်အသားဖြစ်တဲ့ Winter Triangle နဲ့ မကြာမီမှာ Winter circle တို့ကို တွေ့လာရတော့မှာပါ။မောင်ရှင်ဆိုင်းထမ်း၊ မေထုံကြယ်စုနဲ့ သင်္ဘောချက် ကြယ်တွေပေါ့။ နောက်ပြီး ထူးထူးခြားခြား 88P/ Howell ဆိုတဲ့ ကြယ်တံခွန်တစ်ခုလည်း လင်းလက်လာမှာဖြစ်လို့ သာမန်မျက်စိ (သို့) တယ်လီစကုတ်များဖြင့် အမှောင်ကောင်းကောင်းမှာ ရှာဖွေကြည့်လို့ ရနိုင်ပါဦးမယ်။ နီးလျှင် အသေးစိပ် ထပ်တင်ပေးပါမယ်။

အနာဂတ် ပညာရေးအတွက် ကြိုးစားနေသည့်

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)