ၾကားသိရသမွ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း Freedom Award ဆု လက်ခံရယူ

အမေရိကန် ဝါရှင်တန်ဒီစီတွင် အင်္ဂါနေ့က ပြုလုပ်တဲ့ International Republican Institute (IRI) က ဂုဏ်ပြုချီးမြှင့်သည့် ယခုနှစ်အတွက် လွတ်လပ်ခွင့်ဆု (John McCain Freedom Award 2021) ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆုလက်ခံရယူခဲ့ကြောင်း သိရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် အာဏာသိမ်းခြင်းကို လက်မခံဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

John McCain Freedom Award 2021 ဆုကို မြန်မာနိုင်ငံမှ ကုသမဂ္ဂဆိုင်ရာ သံအမတ်ဦးကျော်မိုးထွန်းနဲ့အတူ လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားတွေအတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီကိုယ်စားလှယ် Tatsiana Khomich နဲ့ ကျူးဘားနဲ့ဂျာမနီ အနုပညာဆုရရှိထားတဲ့ Willy Chilino တို့ရရှိခဲ့တာ ဖြစ်ပါတယ်။

IRI ဟာ ၁၉၉၅ ခုနှစ်မစပြီး Freedom Award ကို ဒီမိုကရေစီ တိုးတက်မှုအတွက် ကတိကဝတ်ပြုတဲ့ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီ လွတ်လပ်မှုနဲ့လူသားလွတ်မြောက်မှု ၊ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့သူတွေကို ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်။

အဆိုပါဆုကို ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၉ ခုနှစ်မှာ ရရှိခဲ့တယ်လို့လည်း သိရပါ တယ်။

ဓာတ်ပုံ – Pho Khwar

———————————-

အေမရိကန္ ဝါရွင္တန္ဒီစီတြင္ အဂၤါေန႔က ျပဳလုပ္တဲ့ International Republican Institute (IRI) က ဂုဏ္ျပဳခ်ီးျမႇင့္သည့္ ယခုႏွစ္အတြက္ လြတ္လပ္ခြင့္ဆု (John McCain Freedom Award 2021) ကို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္ၿပီး ဆုလက္ခံရယူခဲ့ေၾကာင္း သိရပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသည္ ေဖေဖာ္ဝါရီ ၁ ရက္က ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းျခင္းကို လက္မခံဘဲ ဒီမိုကေရစီအေရး လႈပ္ရွားသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ဆုခ်ီးျမႇင့္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

John McCain Freedom Award 2021 ဆုကို ျမန္မာႏိုင္ငံမွ ကုသမဂၢဆိုင္ရာ သံအမတ္ဦးေက်ာ္မိုးထြန္းနဲ႔အတူ လစ္သူေယးနီးယား ဝန္ႀကီးခ်ဴပ္ Ingrida Symonyte ၊ ဘယ္လာ႐ုစ္ ႏိုင္ငံေရး အက်ဥ္းသားေတြအတြက္ ေပါင္းစည္းညႇိႏိုင္းေရး ေကာင္စီကိုယ္စားလွယ္ Tatsiana Khomich နဲ႔ က်ဴးဘားနဲ႔ဂ်ာမနီ အႏုပညာဆုရရွိထားတဲ့ Willy Chilino တို႔ရရွိခဲ့တာ ျဖစ္ပါတယ္။

IRI ဟာ ၁၉၉၅ ခုႏွစ္မစၿပီး Freedom Award ကို ဒီမိုကေရစီ တိုးတက္မႈအတြက္ ကတိကဝတ္ျပဳတဲ့ပုဂၢိဳလ္ေတြ၊ ဒီမိုကေရစီ လြတ္လပ္မႈနဲ႔လူသားလြတ္ေျမာက္မႈ ၊ ကမာၻတစ္ဝန္းရွိ သန္းေပါင္းမ်ားစြာေသာ လူေတြအတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးခဲ့သူေတြကို ဂုဏ္ျပဳတာပဲ ျဖစ္ပါတယ္။

အဆိုပါဆုကို ေဒၚေအာင္ဆန္းစုၾကည္က ၁၉၉၉ ခုႏွစ္မွာ ရရွိခဲ့တယ္လို႔လည္း သိရပါ တယ္။

ဓာတ္ပုံ – Pho Khwar