အမျိုးသားတစ်ဦးနှင့် ၎င်း၏သူငယ်ချင်းတစ်ဦးတို့ဟာ အကြွေစေ့ ၉,၉၉၉ ပြားပါသည့် ပုံးတစ်ပုံးကိုယူဆောင်လာပြီးနောက် တရုတ်ဘဏ်နှစ်ခုကို ကြီးကြီးမားမား ခေါင်းခဲသွားအောင် ပြုလုပ်ခဲ့ကြပါတယ်။ နိုဝင်ဘာ 15 ရက်နေ့က ရိုက်ကူးထားသည့်ယခုဗိုင်းရပ်စ်ဗီဒီယိုဖိုင်တစ်ခုတွင် Jiang ဟုအမည်ရသည့်အမျိုးသားတစ်ဦးဟာ ၎င်း၏ 9,999 ပြားပါတဲ့ဒင်္ဂါးပုံးတစ်ပုံး (ခန့်မှန်းခြေအားဖြင့် $1,566) ကို တရုတ်နိုင်ငံ Henan ပြည်နယ်ရှိ ဘဏ်တွေထဲမှတစ်ခုသို့ ရေတွက်ကာ ငွေသားဖြင့်လဲလှယ်ရန် ယူဆောင်သွားခဲ့ပါတယ်။ Newsflare ၏အဆိုအရ Jiang ဟာ ၎င်း၏ငယ်သူငယ်ချင်းငါးယောက်ထံမှ မင်္ဂလာဆောင်လက်ဆောင်အဖြစ် ၎င်းအကြွေစေ့များစွာကို လက်ခံရရှိခဲ့တာပါ။


.ဗီဒီယိုထဲမှာ အမျိုးသားနှစ်ဦးဟာ အလေးချိန် ၆၀ ကီလိုဂရမ် (ပေါင် ၁၃၀) ကျော်ရှိတဲ့ အကြွေစေ့ပုံးကို ကားနောက်ခန်းကနေ ဘဏ်တစ်ခုဆီ ယူဆောင်သွားတာကိုတွေ့မြင်ရပါတယ်။ အကြွေစေ့များကို ဒုတိယဘဏ်သို့လည်း ယူဆောင်သွားခဲ့ကြောင်းလည်း သိရပါတယ်။

ဘဏ်နှစ်ခုစလုံးဟာ ၁ ယွမ်ငွေ အကြွေစေ့ ၁၀,၀၀၀ နီးပါးကို စုစုပေါင်း ခုနစ်နာရီကြာအောင် ရေတွက်ခဲ့ကြရပါတယ်။

ကံကောင်းစေသောနံပါတ် ၉ ဟာ တရုတ်ဂဏန်းပညာတွင် ထာဝရတည်မြဲခြင်းကိုကိုယ်စားပြုတာကြောင့် နံပါတ် ၉ ဟာ မွေးနေ့နှင့် မင်္ဂလာဆောင်များတွင် ရေပန်းစားပါတယ်။

ဂဏန်းတစ်လုံးတည်းနဲ့ အမြင့်ဆုံးဂဏန်းက ထာဝရဟု အဓိပ္ပါယ်ရသော တရုတ်အက္ခရာ “jiu” နှင့် တူညီသော အသံထွက်ရှိပါတယ်။

နံပါတ် ၉ ဟာ တရုတ်ဧကရာဇ်မင်းများနှင့်လည်း အစဉ်အလာအရ ချိတ်ဆက်ထားပြီး အချို့မှာ ပိုးထည်ဝတ်ရုံများကို နဂါးကိုးကောင်ဖြင့် ချယ်လှယ်ထားပါတယ်။
ထို့ပြင် ကောင်းကင်ဘုံ၏ ဘုရားသခင် (သို့) ကျောက်စိမ်းဧကရာဇ် သာလျှင် အခန်းပေါင်း 10,000 နှင့် ထိုက်တန်သောကြောင့် Forbidden Palace (တားမြစ်နန်းတော်)တွင် အခန်းပေါင်း 9,999 နှင့်တစ်ဝက်ရှိခြင်းဖြစ်ကြောင်း လူကြိုက်များတဲ့တရုတ်ဒဏ္ဍာရီတစ်ခုကလည်း ဖော်ပြထားပါတယ်။
Mia (KB Chimmy One)
Reference : nextshark



