ၾကားသိရသမွ်

သစ္စာမရှိတဲ့ချစ်သူကို ရောင်ပြန်နေတဲ့သူမမျက်လုံးတွေကတဆင့် လက်ပူးလက်ကျပ်ဖမ်းမိသွားခဲ့တဲ့ အမျိုးသား

မကြာသေးခင်က Sam Nunn အမည်ရှိတဲ့အမျိုးသားဟာ TikTok မှ ချစ်သူကောင်မလေးက သူ့အပေါ် ဘယ်လိုလိမ်လည်လှည့်စားနေခဲ့တဲ့ ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။၎င်းဗီဒီယိုဟာ online မှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်က သူတို့အတူရှိနေချိန်တုန်းမှာ ဖြစ်ပွါးခဲ့ပုံပါဘဲ။Nunn ဟာ TikTok မှာ ချစ်သူကောင်မလေးရဲ့မျက်လုံးရောင်ပြန်ဟပ်မှုမှတဆင့် တစ်ခုခုကို တွေ့မြင်ခဲ့ရပြီးနောက် သူ့အပေါ်သစ္စာမရှိကြောင်းကို သက်သေပြခဲ့ပါတယ်။ချစ်သူကောင်မလေးလဲလျောင်းနေချိန်မှာ Nunn က သူမရဲ့ထူးဆန်းတဲ့ မျက်လုံးတွေကို zoom ချဲ့ကြည့်ခဲ့ပါတယ်။

.

.

ထို့နောက် သူမရဲ့မျက်လုံးကို Nunn က ပိုမိုနီးကပ်စွာ ချဲ့ကြည့်လိုက်တဲ့အခါ သူမဖုန်းမျက်နှာပြင်ရဲ့ရောင်ပြန်ဟပ်မှုကို သေချာကြည့်လိုက်ရင် သူမဟာ အမှန်တကယ် ချိန်းတွေ့တဲ့ app တစ်ခုက ယောက်ျားလေးတွေရဲ့ Profileကို ကြည့်နေတာကို မြင်တွေ့နိုင်ပါတယ်။၎င်းက သူမလိမ်လည်မှုရဲ့ လုံလောက်တဲ့သက်သေအထောက်အထားတစ်ခုဘဲ ဖြစ်ပါတယ်။TikTok အသုံးပြုသူတွေက လူသိများသွားတဲ့ဗီဒီယိုကို ချက်ချင်းမှတ်ချက်ပေးခဲ့ကြပါတယ်။လူအများစုက Nunn ကို စာနာစွာပြောဆိုခဲ့ကြပြီး သူမကို ချက်ချင်းစွန့်ပစ်ဖို့ အားပေးခဲ့ကြပါတယ်။

.

အကယ်လို့ သူမက မင်းအနားမှာ အိပ်ပြီး စဉ်းစားစရာမလိုဘဲနဲ့ ဒီ app ကို ပွတ်ဆွဲနေနိုင်ရင်တော့ သူမ အရင်ကလည်း လုပ်ခဲ့ဖူးမှာ အသေအချာဘဲ၊ မင်းက ကောင်းတာနဲ့ဘဲ ပိုထိုက်တန်တာပါကွာ ” လို့ တစ်စုံတစ်ယောက်က ရေးသားခဲ့ပြီး “မင်း သူမကို မောင်းထုတ်တဲ့ဗီဒီယို ရိုက်ကူးနိုင်မလား” လို့ အခြားတစ်ယောက်က တောင်းဆိုခဲ့ပါသေးတယ်။အချို့ကလည်း ဒီဗီဒီယိုက ဟုတ်ရဲ့လားလို့မေးတော့ Nunn က ဟုတ်တယ် လို့သာဖြေခဲ့ပါတယ်။သို့ပေမဲ့ Nunn ရဲ့ TikTok bio မှာတော့ “ it was a joke ” လို့ ရေးထားပြီး အငြင်းပွါးစရာကောင်းတဲ့၎င်းဗီဒီယိုနဲ့ပတ်သက်ပြီးလည်း သေချာမသိရသေးပါဘူး။

Mia (Mckzone Daily)