ၾကားသိရသမွ်
Rain (For Ialinks)
Unicode
အပြင်စားသောက်ဆိုင်သို့ ခေါ်သွားသော်လည်း စားစရာများကို သူတို့အတွက်ပဲမှာပြီး စားနေ၍ ဝမ်းနည်းကြေကွဲစွာ ထိုင်ကြည့်နေခဲ့ရသော အိမ်ဖော်မလေးဧ။်အဖြစ်
လူတိုင်းက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ကြရာ တိုင်းတစ်ပါးသို့ သွားရောက်ပြီး ဝင်ငွေရှာရန် စွန့်စားတတ်ကြသည့်အခါ အလုပ်ရှင်ကောင်းနှင့်တွေ့သောသူများအဖို့ ကံကောင်းပေမယ့် အချို့သောသူများကျ အလုပ်ရှင်ဆိုးနဲ့ တွေ့တတ်ကြသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိသားစုစားဝတ်နေရေးမှာ ခက်ခဲလွန်းတာကြောင့် အကုန်လုံးနဲ့ခွဲကာ နိုင်ငံခြားအရပ်ဒေသသို့ သွားရောက်ပြီး အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် မိန်းကလေးသည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ သူဌေးအိမ်တစ်အိမ်တွင် အိမ်ဖော်မလေးအဖြစ် ဝင်လုပ်ခဲ့ရာ အထင်သေးပြီး မတူသလိုမတန်သလိုဆက်ဆံခံရသည့်အပြင် သူဌေးမိသားစုမှအလုပ်များကိုလည်း မနားမနေခိုင်းခဲ့သည်။
မိန်းကလေးသည် ထိုအဖြစ်တွေကြောင့် အိမ်ကိုအပြေးပြန်ခဲ့ချင်သော်လည်း မိသားစုစားဝတ်နေရေးက ရှိသေးတာကြောင့် သည်းခံပြီးလုပ်ခဲ့ရာ တစ်နေ့တွင် သူဌေးမိသားစုသည် အပြင်ထွက်ပြီး ကုန်တိုက်တစ်ခုရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အစားသွားစားရန် အိမ်ဖော်မလေးကိုပါ ခေါ်ခဲ့၍ ဝမ်းသာနေခဲ့သည်။
သို့သော်လည်း စားသောက်ဆိုင်သို့ရောက်သောအခါ အိမ်ဖော်မလေးသည် သူဌေးမိသားစုလိုအပ်တာတွေကို ပြင်ဆင်ပေးရင်း သူမအတွက်ကျ စားစရာတစ်ခုမှ မမှာပေးပဲ သူတို့ကိုယ်တိုင်ကျ စားကောင်းသောက်ကောင်းတွေမှာစားနေတာကို ဝမ်းနည်းဖွယ် ထိုင်ငေးကြည့်နေခဲ့ရသည်။
ထိုဆိုင်ထဲရှိလူများမှ အိမ်ဖော်မလေးဧ။်အဖြစ်ကို မြင်တွေ့ပြီး စိတ်မကောင်းဖြစ်ခဲ့ကြရာ မိန်းကလေးအား ကူညီပေးကြရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Rain (For Ialinks)