ၾကားသိရသမွ်

မင်းတပ်-မတူပီကားလမ်း နေရာအချို့၌ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ အချိန်စော ဖူးပွင့်နေ

မင်းတပ်-မတူပီကားလမ်း နေရာအချို့၌ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ အချိန်စော ဖူးပွင့်နေ

မင်းတပ် ၊ နိုဝင်ဘာ -၁၂

ချင်းတောင်တန်းပေါ်တွင် တစ်နှစ်တစ်ကြိမ်သာ ပွင့်သည့် တောင်ဇလပ် ပန်းများနှင့် ချယ်ရီပန်းများ မင်းတပ်-မတူပီကားလမ်းနေရာအချို့တွင် အချိန်စောပြီးစတင်ဖူးပွင့်နေတာကို မြင်တွေ့နေရသည်။

ချင်းပြည်နယ်တွင် တောင်ဇလပ်ပန်းကို အမျိုးသားပန်းအဖြစ် အမြတ်တနိုး တန်ဖိုးထားကြပြီးတောင်ဇလပ် ပန်း အနီ၊ အဖြူ နှင့် အဝါ ဟူ၍ သုံးမျိုးရှိသည်။

”တောင်ဇလပ်ပန်းနှင့် ချင်းဆိုတာက ခွဲခြားလို့ မရပါဘူး။ ချင်းတောင်တန်းကြီးတွေရဲ့ သဘာဝအလှတရားတွေထဲမှာ တောင်ဇလပ်ပန်းကလည်း မပါမဖြစ်ပြောရမယ်။ မြောက်ပိုင်းဘက်ခြမ်းမှာ ကနေဒီတောင်ကြော တစ်ဝိုက်မှာဆိုရင် တောင်ဇလပ်အနီတွေ ပွင့်တာများတယ်။ တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ဘက်မှာတော့ တောင်ဇလပ်အနီ၊ အဝါနဲ့ အဖြူတွေပါ ပွင့်ကြတယ်”ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

”ဒီနှစ်က ပွင့်ချိန်မတိုင်ခင် တောင်ဇလပ်တွေ စောပွင့်တဲ့ သဘောဖြစ်နေတယ်။ ခါတိုင်းဆို ဒီဇင်ဘာလလယ်လောက်ကနေ မတ်လအထိပဲ တောင်ဇလပ်ကပွင့်တာက ထုံးစံလေ၊ အခု အဲဒီနေရာတွေက တိုက်ပွဲတွေ ဖြစ်နေတော့ တောင်ဇလပ်ပန်းရဲ့အလှကိုတောင်ခံစားရတော့မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ တောင်ဇလပ်ပန်း၊ အောက်ချင်းဌက်တို့နှင့် ပတ်သက်ပြီးနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသားရေးတာဝန်အဖြစ် ထိန်းသိမ်းကြရန် မိန့်ခွန်းတချို့တွင် ထည့်သွင်းပြောကြားထားသည်။

မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှလည်း တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ၊ တောင်ဇလပ်ဝါ အပင်မျိုးစိတ်များကို မျိုးတုန်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် သဘာဝအပင်စာရင်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။

Photo- Hkl

မင္းတပ္-မတူပီကားလမ္း ေနရာအခ်ိဳ႕၌ ေတာင္ဇလပ္ပန္းႏွင့္ ခ်ယ္ရီပန္းမ်ား အခ်ိန္ေစာ ဖူးပြင့္ေန

မင္းတပ္ ၊ နိုဝင္ဘာ -၁၂

ခ်င္းေတာင္တန္းေပၚတြင္ တစ္ႏွစ္တစ္ႀကိမ္သာ ပြင့္သည့္ ေတာင္ဇလပ္ ပန္းမ်ားႏွင့္ ခ်ယ္ရီပန္းမ်ား မင္းတပ္-မတူပီကားလမ္းေနရာအခ်ိဳ႕တြင္ အခ်ိန္ေစာၿပီးစတင္ဖူးပြင့္ေနတာကို ျမင္ေတြ႕ေနရသည္။

ခ်င္းျပည္နယ္တြင္ ေတာင္ဇလပ္ပန္းကို အမ်ိဳးသားပန္းအျဖစ္ အျမတ္တနိုး တန္ဖိုးထားၾကၿပီးေတာင္ဇလပ္ ပန္း အနီ၊ အျဖဴ ႏွင့္ အဝါ ဟူ၍ သုံးမ်ိဳးရွိသည္။

”ေတာင္ဇလပ္ပန္းႏွင့္ ခ်င္းဆိုတာက ခြဲျခားလို႔ မရပါဘူး။ ခ်င္းေတာင္တန္းႀကီးေတြရဲ့ သဘာဝအလွတရားေတြထဲမွာ ေတာင္ဇလပ္ပန္းကလည္း မပါမျဖစ္ေျပာရမယ္။ ေျမာက္ပိုင္းဘက္ျခမ္းမွာ ကေနဒီေတာင္ေၾကာ တစ္ဝိုက္မွာဆိုရင္ ေတာင္ဇလပ္အနီေတြ ပြင့္တာမ်ားတယ္။ ေတာင္ပိုင္း မင္းတပ္၊ ကန္ပက္လက္ဘက္မွာေတာ့ ေတာင္ဇလပ္အနီ၊ အဝါနဲ႔ အျဖဴေတြပါ ပြင့္ၾကတယ္”ဟု မင္းတပ္ေဒသခံတစ္ဦးကေျပာသည္။

”ဒီႏွစ္က ပြင့္ခ်ိန္မတိုင္ခင္ ေတာင္ဇလပ္ေတြ ေစာပြင့္တဲ့ သေဘာျဖစ္ေနတယ္။ ခါတိုင္းဆို ဒီဇင္ဘာလလယ္ေလာက္ကေန မတ္လအထိပဲ ေတာင္ဇလပ္ကပြင့္တာက ထုံးစံေလ၊ အခု အဲဒီေနရာေတြက တိုက္ပြဲေတြ ျဖစ္ေနေတာ့ ေတာင္ဇလပ္ပန္းရဲ့အလွကိုေတာင္ခံစားရေတာ့မွာ မဟုတ္ဘူး” ဟု ၎ကဆိုသည္။

ခ်င္းျပည္နယ္အတြင္းရွိ ေတာင္ဇလပ္ပန္း၊ ေအာက္ခ်င္းဌက္တို႔ႏွင့္ ပတ္သက္ၿပီးနိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္က အမ်ိဳးသားေရးတာဝန္အျဖစ္ ထိန္းသိမ္းၾကရန္ မိန႔္ခြန္းတခ်ိဳ႕တြင္ ထည့္သြင္းေျပာၾကားထားသည္။

ျမန္မာနိုင္ငံ၏ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနမွလည္း ေတာင္ဇလပ္ျဖဴ၊ ေတာင္ဇလပ္နီ၊ ေတာင္ဇလပ္ဝါ အပင္မ်ိဳးစိတ္မ်ားကို မ်ိဳးတုန္းမည့္အႏၲရာယ္ရွိသျဖင့္ ကာကြယ္ရမည့္ သဘာဝအပင္စာရင္းအျဖစ္ သတ္မွတ္ျပ႒ာန္းထားသည္။

Photo- Hkl