ၾကားသိရသမွ်

သမီးလေးရဲ့ရောဂါကုသမှုစရိတ်အတွက် ဂုဏ်သိက္ခာကိုမငဲ့တော့ဘဲ သတို့သမီးဝတ်စုံကိုဝတ်ဆင်ကာ လမ်းပေါ်မှာ ပိုက်ဆံတောင်းနေခဲ့တဲ့ ဖခင်

မကြာသေးမီက တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ သူ့ရဲ့သမီးငယ်ကို ကင်ဆာရောဂါကုသပေးရန်အတွက် သူ့ရဲ့ဂုဏ်သိက္ခာကို စွန့်စားတဲ့လုပ်ရပ်ကြောင့် အွန်လိုင်းအသိုင်းအဝန်းမှ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ် ။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံ၊ Sichuan ပြည်နယ် Tu Cong မြို့မှာ နေထိုင်တဲ့ အသက် ၄၅ နှစ်ရှိ Guo An Toan ဖြစ်ပါတယ် ။ အဆိုပါလက်သမားဖခင်ဟာ အဖြူရောင် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး အနီရောင်နှုတ်ခမ်းနီကို ဆိုးကာ မြို့တော်ရဲ့ ပြည်သူ့ရင်ပြင်မှာ နေ့တိုင်း လာရောက်ပြီး မတ်တပ်ရပ်နေကြောင်း သိရှိရပါတယ် ။ ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ သူ့သမီးငယ်လေးကို ကုသဖို့ ပိုက်ဆံတောင်းခံဖို့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ချင်တာကြောင့်ပါ ။

လွန်ခဲ့တဲ့ ၅ နှစ်က၊ သူ့ရဲ့ (၄) နှစ်အရွယ် သမီးငယ်ဟာ သွေးကင်ဆာ ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ် ။ သမီးဖြစ်သူကို ချစ်မြတ်နိုးတဲ့ Guo က သူ့ရဲ့စုဆောင်းငွေအားလုံးကို သုံးစွဲခဲ့ပြီး ချန်ဒူးရှိ ဆေးရုံမှာ သမီးဖြစ်သူကို ကုသရန်အတွက် နောက်ထပ် ယွမ် 10,000 (ဒေါင် 35 သန်းနှင့် ညီမျှသည်) ကို ချေးယူခဲ့ပါတယ် ။

ဓာတုကုထုံး ၈ ကြိမ် ပြုလုပ်ပြီးနောက် မိန်းကလေးရဲ့ အခြေအနေက တဖြည်းဖြည်း သက်သာလာပြီး စောင့်ကြည့်ရန် ဆရာဝန်ဆီ ပို့ဆောင်ခဲ့ပါတယ် ။

ဒါပေမယ့် မထင်မှတ်ဘဲ ဒီရောဂါဆိုးရဲ့ ပိုးက ဒီလမှာ ပြန်ပေါ်လာခဲ့ပါတယ် ။ ခက်ခဲနေပြီဖြစ်တဲ့ ဒီမိသားစုက အခုဆို ပိုလို့တောင် ခက်ခဲပါတယ် ။

အကြွေးမဆပ်ရသေးတဲ့ အကြွေးများစွာကို ထမ်းထားရင်း သူစိမ်းများရဲ့ ကြင်နာမှုကို အားကိုးရရုံမှတစ်ပါး ရွေးချယ်စရာမရှိဖြစ်နေခဲ့ပါတယ် ။ ဒါကြောင့်လည်း Guo က အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ကာ လမ်းသွားလမ်းလာများကို သတိပြုမိစေရန် အမိုက်ဆုံးပုံစံဖြင့် ၀တ်ဆင်ရန် ဆုံးဖြတ်ခဲ့တာပါ ။

ဒီလိုနဲ့ တနေ့တခြား ဖခင်က ပြည်သူ့ရင်ပြင်မှာ “ ကျေးဇူးပြုပြီး သမီးကို ကူညီပါ၊ မင်းရဲ့ အကြွေးတွေကို တစ်သက်လုံး ဆပ်ပါ့မယ်လို့ ကတိပြုပါတယ်။” ဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး မတ်တပ်ရပ်နေခဲ့ပါတယ် ။ ဒီနည်းလမ်းက ထူးဆန်းနေပေမယ့် တကယ်ထိရောက်မှုရှိပါတယ် ။

အသက် 45 နှစ်အရွယ် ဖခင်ဖြစ်သူက ဖြတ်သွားဖြတ်လာများရဲ့ စေတနာကြောင့် ယွမ်ငွေ 16,000 (ဒေါင် သန်း 50 နှင့် ညီမျှသည်) ပမာဏကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ် ။ သူ့သမီးကို ကယ်တင်နိုင်သရွေ့ လူတိုင်းရဲ့ ထူးဆန်းတဲ့အသွင်အပြင်ကို သူစိတ်မ၀င်စားဘူးလို့ အဆိုပါဖခင်က ရှင်းပြပါတယ် ။

JRose (KB Chimmy One)

Reference : yan