ချစ်သူစုံတွဲတွေမှာ နှစ်ဖက်လုံးရင့်ကျက်တဲ့ စုံတွဲဆိုတာ တော်တော်ရှားပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် စုံတွဲတွေမှာပေါ့။ တစ်ခါတလေ တခြားသူရဲ့အမြင်မှာ တစ်ယောက်ကိုတစ်ယောက် တကယ်များမချစ်လို့လားဆိုပြီး သံသယတောင်ဝင်သွားနိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်က တစ်ယောက်နဲ့တစ်ယောက် အရမ်းတော့ ချစ်ကြပေမယ့် နှစ်ဖက်လုံးက မရင့်ကျက်တဲ့အခါမှာ ဒီလိုလေးတွေ ဖြစ်သွားတတ်ပါတယ်။
(၁) ရန်ဖြစ်ရင် အလျှော့မပေးချင်ဘူး
နှစ်ဖက်လုံးမရင့်ကျက်တဲ့ စုံတွဲတွေဆိုတာ ရန်ဖြစ်တဲ့အခါမှာ လုံးဝအလျှော့မပေးချင်ကြပါဘူး။ စကားလုံး သေးသေးလေး တစ်လုံးဖြစ်ဖြစ်၊ အမူအယာနည်းနည်းလေးဖြစ်ဖြစ် လုံးဝကို အတင်စီး မခံချင်ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အနိုင်ရဖို့အရေး စကားနာထိုးပြီး တစ်ယောက်ကို တစ်ယောက်နာကျင်စေကြပါတယ်။ ဒါကတစ်ယောက်ကို တစ်ယောက် မချစ်လို့ မဟုတ်ပဲ မရင့်ကျက်ကြသေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို မပြင်ဘူးဆိုရင် ဘယ်လောက်ချစ်ချစ် လမ်းခွဲရတတ်တာကြောင့် ပြုပြင်ဖို့လိုအပ်ပါတယ်နော်။
(၂) စမတောင်းပန်ချင်ဘူး
ဒီလိုစုံတွဲတွေ စိတ်ကောက်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မာနပြိုင်တတ်ကြပါသေးတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမှားဘူးလို့ ခံယူထားသူတွေ ဖြစ်တာကြောင့် ဘယ်ဘက်ကမှ စပြီးမတောင်းပန်ချင်ကြပါဘူး။ နင်မရှိလည်း အေးဆေးဆိုတဲ့ ပုံစံမျိုးလည်း ဖမ်းထားတတ်ကြပါသေးတယ်။ ဒါပေမယ့်လည်း ကြာကြာမနေနိုင်ပါဘူး။ တောင်းပန်တာတောင် အကြောကြီးနဲ့ တောင်းပန်တတ်ကြတဲ့ သူမျိုးတွေပါ။
(၃) Social Media ပေါ်မှာ ပလူပျံတယ်
သူတို့အကြောင်းတွေကို ကမ္ဘာတစ်ခုလုံးကို သိစေချင်တဲ့အလား ချစ်ရင်ပဲဖြစ်ဖြစ်၊ ရန်ဖြစ်ရင်ပဲဖြစ်ဖြစ် ဘယ်တော့မှ နှစ်ယောက်တည်းနဲ့ မပြီးတတ်ကြပါဘူး။ သူတို့ရဲ့ပြသနာ အဝဝကို လူအများသိအောင် မျှဝေပေးလေ့ရှိပါတယ်။ မကျေနပ်တာ တစ်ခုခုရှိရင်လည်း ဒဲ့မပြောပဲ Facebook ပေါ်ကနေပြီးတော့လည်း တစ်ယောက်နဲ့တစ်ယောက် စောင်းသလိုလို၊ ရွဲ့သလိုလိုနဲ့ မထိတထိပြောဆိုရေးသားတတ်ကြပါသေးတယ်။
(၄) ခဏခဏပြတ်တယ်
သူတို့ရဲ့ လက်စွဲစကားကတော့ နင်နဲ့ငါပြတ်ပြီ ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ နည်းနည်းလေး ကတောက်ကဆဖြစ်လိုက်တာနဲ့ ပြတ်ပြီဆိုပြီး လမ်းခွဲတတ်ကြပါတယ်။ နေနိုင်လားဆိုတော့ မနေနိုင်ပါဘူး။ သူတို့ကိုယ်တိုင် စပြီး မတောင်းပန်ချင်တော့ နီးစပ်ရာ သူငယ်ချင်းတွေကို အပူကပ်ပြီး ပြေလည်အောင် လုပ်ပေးဖို့ အကူအညီတောင်းတတ်ကြတဲ့ သူမျိုးတွေပါ။ ဒီလိုစုံတွဲတွေ ရန်ဖြစ်ပြီဆိုရင် ဘယ်သူမှမနေရပါဘူး။ သူတို့ပြေလည်တဲ့အထိ ကူညီကြရပြန်ပါတယ်။ သူတို့ကတော့ ရုပ်တည်ကြီးတွေနဲ့ တကယ်တမ်းနေနိုင်တာလည်း မဟုတ်ပြန်ပါဘူး။
(၅) သည်းမခံနိုင်ဘူး
သိပ်မရင့်ကျက်တဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီးသည်းမခံနိုင်ကြပါဘူး။ စောင့်ရတာကြာလို့၊ ချိန်းထားတာနောက်ကျလို့၊ တစ်ယောက်မကြိုက်တာကို တစ်ယောက်ကကြိုက်နေလို့ စတဲ့ ဘာမဟုတ်တဲ့ကိစ္စတွေမှာတောင် ပြသနာအကြီးကြီးတက်သွားတတ်တဲ့ သူမျိုးတွေပါ။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူရင်လည်း ညှိဖို့ မကြိုးစားပဲ ပြသနာရှာတတ်ကြတဲ့သူမျိုးတွေပါ။
Credit-Em Em
Unicode
အရမ်းချစ်ကြပေမယ့် နှစ်ဖက်လုံးမရင့်ကျက်တဲ့ စုံတွဲတွေမှာရှိတဲ့ အချက်( ၅ ) ချက်